ကမ္ဘာ့အကြီးဆုံး cheese fondue အစားအစာကို ပြင်သစ်ချိစ်ကုမ္ပဏီတစ်ခု ချက်ပြုတ်

209

Pika (NP News) - ဖေဖော်ဝါရီ ၂၇
ပြင်သစ်ချိစ်ကုမ္ပဏီတစ်ခုသည် အလေးချိန်ပေါင်(၄၈၀၀)ရှိသော cheese fondue အစားအစာကို ချက်ပြုတ်ခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြင်သစ်ချိစ်ကုမ္ပဏီသည် ယခင်က ဆွစ်ဇာလန် ကုမ္ပဏီက တင်ထားသော ကမ္ဘာ့အကြီးဆုံး cheese fondue အစားအစာ စံချိန်ကို ချိုးဖျက်ခဲ့ပြီးနောက် ယခုလို ဂင်းနစ်စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Juraflore ဆိုသည့် ပြင်သစ်ချိစ်ကုမ္ပဏီသည် Les Rousses ရွာရှိ Fort des Rousses သမိုင်းဝင်အထိမ်းအမှတ် နေရာတွင် အလေးချိန်ပေါင်(၄၈၀၀)ရှိသော cheese fondue အစားအစာကို ချက်ပြုတ်ခဲ့ပြီးနောက် ကမ္ဘာ့အကြီး ဆုံး cheese fondue အစားအစာအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကြိုးပမ်းမှုအတွင်း အသုံးပြုခဲ့သည့် ဧရာမကြေးနီအိုးကြီးအထဲတွင် အချိန်(၉)လ၊ (၁၅)လ နှင့် (၂၁)လအထိ အသီးသီးထားရှိထားသည့် ချိစ်အခုရေ(၄၀)ထည့်ထားသည်ကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဓါတ်ပုံများ တွင် တွေ့မြင်ခဲ့ရသည်။ ထို့နောက် စားဖိုမှူးများသည် Chardonnay နှင့် Savagnin ဝိုင်ဖြူများ၊ ကြက်သွန်ဖြူ (၄ ဒသမ ၄) ပေါင်၊ ငရုတ်ကောင်းဖြူ(၃ ဒသမ ၃) ပေါင် နှင့် ပြောင်းဖူးမှုန့်(၁၂၁) ပေါင်တို့ကို အဆိုပါအိုးကြီးအတွင်းသို့ ပေါင်းထည့်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် Juraflore ကုမ္ပဏီ၏ စားဖိုမှူးများသည် ပါဝင်ပစ္စည်းများကို ရောနှောကာ ကောင်းမွန်သော ရလဒ်များ ရရှိ စေရန်အတွက် အဆင့်မြင့်စက်ပစ္စည်းများကို အသုံးပြုခဲ့ကြောင်းလည်း သိရသည်။ အပြီးသတ်ချက်ပြုတ်ပြီးသည့် အချိန်တွင် အဆိုပါ cheese fondue အစားအစာသည် အလေးချိန်ပေါင်(၄၈၀၀)ရှိခဲ့ပြီး ၎င်းတို့ရည်မှန်းထားသော ပန်းတိုင် (၄၄၉၅)ပေါင်ကို ကျော်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Juraflore ကုမ္ပဏီသည် ယခင်က ဆွစ်ဇာလန်ကုမ္ပဏီ La Chaux-de-Fondsက (၂၀၀၉)ခုနှစ်တွင် တင်ခဲ့သောစံချိန် အလေးချိန်(၃၁၇၅)ပေါင် cheese fondue အစားအစာကို ကျော်တက်ခဲ့ကာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ကမာၻ႔အႀကီးဆုံး cheese fondue အစားအစာကို ျပင္သစ္ခ်ိစ္ကုမၸဏီတစ္ခု ခ်က္ျပဳတ္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇
ျပင္သစ္ခ်ိစ္ကုမၸဏီတစ္ခုသည္ အေလးခ်ိန္ေပါင္(၄၈၀၀)ရွိေသာ cheese fondue အစားအစာကို ခ်က္ျပဳတ္ခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါျပင္သစ္ခ်ိစ္ကုမၸဏီသည္ ယခင္က ဆြစ္ဇာလန္ ကုမၸဏီက တင္ထားေသာ ကမာၻ႔အႀကီးဆုံး cheese fondue အစားအစာ စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ၿပီးေနာက္ ယခုလို ဂင္းနစ္စံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Juraflore ဆိုသည့္ ျပင္သစ္ခ်ိစ္ကုမၸဏီသည္ Les Rousses ႐ြာရွိ Fort des Rousses သမိုင္းဝင္အထိမ္းအမွတ္ ေနရာတြင္ အေလးခ်ိန္ေပါင္(၄၈၀၀)ရွိေသာ cheese fondue အစားအစာကို ခ်က္ျပဳတ္ခဲ့ၿပီးေနာက္ ကမာၻ႔အႀကီး ဆုံး cheese fondue အစားအစာအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါႀကိဳးပမ္းမႈအတြင္း အသုံးျပဳခဲ့သည့္ ဧရာမေၾကးနီအိုးႀကီးအထဲတြင္ အခ်ိန္(၉)လ၊ (၁၅)လ ႏွင့္ (၂၁)လအထိ အသီးသီးထားရွိထားသည့္ ခ်ိစ္အခုေရ(၄၀)ထည့္ထားသည္ကို ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဓါတ္ပုံမ်ား တြင္ ေတြ႕ျမင္ခဲ့ရသည္။ ထို႔ေနာက္ စားဖိုမႉးမ်ားသည္ Chardonnay ႏွင့္ Savagnin ဝိုင္ျဖဴမ်ား၊ ၾကက္သြန္ျဖဴ (၄ ဒသမ ၄) ေပါင္၊ င႐ုတ္ေကာင္းျဖဴ(၃ ဒသမ ၃) ေပါင္ ႏွင့္ ေျပာင္းဖူးမႈန႔္(၁၂၁) ေပါင္တို႔ကို အဆိုပါအိုးႀကီးအတြင္းသို႔ ေပါင္းထည့္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ Juraflore ကုမၸဏီ၏ စားဖိုမႉးမ်ားသည္ ပါဝင္ပစၥည္းမ်ားကို ေရာေႏွာကာ ေကာင္းမြန္ေသာ ရလဒ္မ်ား ရရွိ ေစရန္အတြက္ အဆင့္ျမင့္စက္ပစၥည္းမ်ားကို အသုံးျပဳခဲ့ေၾကာင္းလည္း သိရသည္။ အၿပီးသတ္ခ်က္ျပဳတ္ၿပီးသည့္ အခ်ိန္တြင္ အဆိုပါ cheese fondue အစားအစာသည္ အေလးခ်ိန္ေပါင္(၄၈၀၀)ရွိခဲ့ၿပီး ၎တို႔ရည္မွန္းထားေသာ ပန္းတိုင္ (၄၄၉၅)ေပါင္ကို ေက်ာ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Juraflore ကုမၸဏီသည္ ယခင္က ဆြစ္ဇာလန္ကုမၸဏီ La Chaux-de-Fondsက (၂၀၀၉)ခုႏွစ္တြင္ တင္ခဲ့ေသာစံခ်ိန္ အေလးခ်ိန္(၃၁၇၅)ေပါင္ cheese fondue အစားအစာကို ေက်ာ္တက္ခဲ့ကာ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။