ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု တိုးတက်လာစေရေးအတွက် ဗီဇာနှင့်ငွေလွှဲစနစ်များကို လွယ်ကူစေရန် ဆောင်ရွက်ပေးသင့်

644

စော (NP News) - ဖေဖော်ဝါရီ ၂၇
ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု တိုးတက်လာရေးအတွက် အစိုးရအနေဖြင့် ဗီဇာနှင့် ငွေလွှဲစနစ်များကို လွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News သို့ ပြောသည်။
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဝန်ဆောင်မှုနှစ်မျိုးရှိသည့်အနက် ပုဂ္ဂလိက ဝန်ဆောင်မှုပိုင်းဖြစ်သော ဟိုတယ် များ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီများက လာရောက်လည်ပတ်သူများအတွက် လိုအပ်သည့်အပိုင်းကို မြှင့်တင်ရန် လိုအပ်ကြောင်းလည်း သိရသည်။
“ဝန်ဆောင်ပိုင်းလို့ပြောတဲ့နေရာမှာ ပုဂ္ဂလိက ဝန်ဆောင်မှုနဲ့ အစိုးရဝန်ဆောင်မှုနှစ်ခုရှိတာပေါ့။ အဲဒီဟာလည်း ကျွန်တော်တို့ဘက်က ပြုပြင်ဖို့လိုတာပေါ့။ အစိုးရဘက်က ဝန်ဆောင်မှုဆိုတာ ဥပမာ-ဗီဇာနဲ့ပတ်သက်ပြီးတော့ ဗီဇာပေးတာတွေ၊ ဗီဇာ Process တွေ လွယ်ကူချောမွေ့တာတွေ အဲဒါလေးနဲ့ နောက်တစ်ခုက အစိုးရဘက်ကနေ ဆောင်ရွက်ပေးရမဲ့ အခြားသောငွေကြေးစနစ်တွေ၊ ဗဟိုဘဏ်ရဲ့ငွေလွှဲစနစ်တွေ အဲဒါတွေက အဆင်ပြေမှသာ နိုင်ငံခြားသားတွေကလည်း လာရောက်နိုင်မှာ” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ဗီဇာနှင့်ပတ်သက်၍ တင်းကျပ်ထိန်းချုပ်မှုများရှိနေပါက ပြည်ပခရီသွားဧည့်သည်များ က လွယ်လွယ်ကူကူ လာရောက်လည်ပတ်နိုင်မည်မဟုတ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံရေးနှင့် လုံခြုံရေးတို့ဖြင့် ပတ်သက်ဆက်နွယ်နေ၍ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုသည် အရေးကြီးကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ အရေးကြီးကိစ္စမရှိပါက ခရီးသွားလာမှုမပြုလုပ်ကြရန် အနောက်တိုင်းနိုင်ငံအချို့မှ သံရုံးနှင့် နိုင်ငံရေးဝန်ကြီးဌာနများမှတဆင့် တားမြစ်မှုများဆောင်ရွက်နေကြသည့်အတွက် လက်ရှိတွင် အထက်ပါနိုင်ငံများမှ ခရီးသွားများ စိတ်ဝင်စားမှုနည်းပါးနေကြောင်း သိရသည်။
“ရုရှားနိုင်ငံကျတော့ ကျွန်တော်တို့အစိုးရချင်းလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေတာတွေလည်း အများကြီး ကဏ္ဍပေါင်းစုံပေါ့နော်။ ရင်းနှီးမြှုပ်နှံမှုတွေကော၊ ကုန်သွယ်ရေးပိုင်းတွေကော ဝန်ဆောင်မှုပိုင်းတွေရော အကုန်လုံး ပူးပေါင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် အစိုးရချင်းလည်း အဆင်ပြေနေတယ်။ ဒါကြောင့်မို့လို့ နိုင်ငံသားတွေ လည်း အချင်းချင်းအပြန်အလှန်ဗီဇာ Free ပေးတယ်ဆိုတဲ့အစီအစဉ်တွေ ဆွဲနေတယ်။ တရုတ်နိုင်ငံကျတော့လည်း မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒေသအတွင်းမှာလည်း ဆောင်ရွက်နေတာတွေရှိတယ်။ အိမ်နီးချင်း လည်းဖြစ်တဲ့အတွက် ဒီနိုင်ငံတွေက ခရီးသည်တွေကလာဖို့လည်း ရှိတယ်ပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်မှုများနေသည့်အတွက် ယခုပိုမိုဝင်ရောက်နိုင်ရေး အတွက် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။
“တရုတ် နဲ့ ထိုင်းနိုင်ငံက နှစ်ခုက အများဆုံးဝင်ရောက်ဖို့ရှိပါတယ်။ လောလောဆယ်ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီကိစ္စတွေ မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်တွေကြောင့် နည်းနည်း ထိုင်းနိုင်ငံကနေ ဝင်ရောက် မှုတော့ ကျဆင်းသွားနိုင်တယ်။ တရုတ်နိုင်ငံလည်း ကျဆင်းသွားနိုင်တယ်။ ဒါပေမဲ့ ဒါကို သေသေချာချာလေး ပြန်ပြီးတော့ သတင်းမီဒီယာပိုင်းကနေ ပြန်တိုက်ခိုက်ပြီးတော့ ကျပ်မတ်ဆောင်ရွက်မှုတွေလုပ်မယ်ဆိုရင်တော့ ဒီဟာက ခရီးသွားလုပ်ငန်းက နှစ်နိုင်ငံကနေ တက်လာဖို့ကအများဆုံးပါပဲ” ဟု ၎င်းက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား (၁ ဒသမ ၁) သန်းခန့် လာရောက်လည်ပတ်ခဲ့ပြီး (၂၀၂၃)ခုနှစ်နှင့် နှိုင်းယှဉ်ပါက လျော့ကျသွားကြောင်း သိရသည်။
Zawgyi Version:
ျပည္ပခရီးသြားမ်ား လာေရာက္လည္ပတ္မႈ တိုးတက္လာေစေရးအတြက္ ဗီဇာႏွင့္ေငြလႊဲစနစ္မ်ားကို လြယ္ကူေစရန္ ေဆာင္႐ြက္ေပးသင့္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၇
ျပည္ပခရီးသြားမ်ား လာေရာက္လည္ပတ္မႈ တိုးတက္လာေရးအတြက္ အစိုးရအေနျဖင့္ ဗီဇာႏွင့္ ေငြလႊဲစနစ္မ်ားကို လြယ္ကူအဆင္ေျပေစရန္ ေဆာင္႐ြက္ေပးသင့္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News သို႔ ေျပာသည္။
ခရီးသြားလုပ္ငန္းႏွင့္ပတ္သက္၍ ဝန္ေဆာင္မႈႏွစ္မ်ိဳးရွိသည့္အနက္ ပုဂၢလိက ဝန္ေဆာင္မႈပိုင္းျဖစ္ေသာ ဟိုတယ္ မ်ား၊ စားေသာက္ဆိုင္မ်ား၊ ခရီးသြားကုမၸဏီမ်ားက လာေရာက္လည္ပတ္သူမ်ားအတြက္ လိုအပ္သည့္အပိုင္းကို ျမႇင့္တင္ရန္ လိုအပ္ေၾကာင္းလည္း သိရသည္။
“ဝန္ေဆာင္ပိုင္းလို႔ေျပာတဲ့ေနရာမွာ ပုဂၢလိက ဝန္ေဆာင္မႈနဲ႔ အစိုးရဝန္ေဆာင္မႈႏွစ္ခုရွိတာေပါ့။ အဲဒီဟာလည္း ကြၽန္ေတာ္တို႔ဘက္က ျပဳျပင္ဖို႔လိုတာေပါ့။ အစိုးရဘက္က ဝန္ေဆာင္မႈဆိုတာ ဥပမာ-ဗီဇာနဲ႔ပတ္သက္ၿပီးေတာ့ ဗီဇာေပးတာေတြ၊ ဗီဇာ Process ေတြ လြယ္ကူေခ်ာေမြ႕တာေတြ အဲဒါေလးနဲ႔ ေနာက္တစ္ခုက အစိုးရဘက္ကေန ေဆာင္႐ြက္ေပးရမဲ့ အျခားေသာေငြေၾကးစနစ္ေတြ၊ ဗဟိုဘဏ္ရဲ႕ေငြလႊဲစနစ္ေတြ အဲဒါေတြက အဆင္ေျပမွသာ ႏိုင္ငံျခားသားေတြကလည္း လာေရာက္ႏိုင္မွာ” ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ဗီဇာႏွင့္ပတ္သက္၍ တင္းက်ပ္ထိန္းခ်ဳပ္မႈမ်ားရွိေနပါက ျပည္ပခရီသြားဧည့္သည္မ်ား က လြယ္လြယ္ကူကူ လာေရာက္လည္ပတ္ႏိုင္မည္မဟုတ္ေၾကာင္းႏွင့္ ခရီးသြားလုပ္ငန္းသည္ ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးတို႔ျဖင့္ ပတ္သက္ဆက္ႏြယ္ေန၍ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းမႈသည္ အေရးႀကီးေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ အေရးႀကီးကိစၥမရွိပါက ခရီးသြားလာမႈမျပဳလုပ္ၾကရန္ အေနာက္တိုင္းႏိုင္ငံအခ်ိဳ႕မွ သံ႐ုံးႏွင့္ ႏိုင္ငံေရးဝန္ႀကီးဌာနမ်ားမွတဆင့္ တားျမစ္မႈမ်ားေဆာင္႐ြက္ေနၾကသည့္အတြက္ လက္ရွိတြင္ အထက္ပါႏိုင္ငံမ်ားမွ ခရီးသြားမ်ား စိတ္ဝင္စားမႈနည္းပါးေနေၾကာင္း သိရသည္။
“႐ုရွားႏိုင္ငံက်ေတာ့ ကြၽန္ေတာ္တို႔အစိုးရခ်င္းလည္း ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္ေနတာေတြလည္း အမ်ားႀကီး က႑ေပါင္းစုံေပါ့ေနာ္။ ရင္းႏွီးျမႇဳပ္ႏွံမႈေတြေကာ၊ ကုန္သြယ္ေရးပိုင္းေတြေကာ ဝန္ေဆာင္မႈပိုင္းေတြေရာ အကုန္လုံး ပူးေပါင္းေဆာင္႐ြက္ေနတာျဖစ္တဲ့အတြက္ အစိုးရခ်င္းလည္း အဆင္ေျပေနတယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံသားေတြ လည္း အခ်င္းခ်င္းအျပန္အလွန္ဗီဇာ Free ေပးတယ္ဆိုတဲ့အစီအစဥ္ေတြ ဆြဲေနတယ္။ တ႐ုတ္ႏိုင္ငံက်ေတာ့လည္း ျမန္မာႏိုင္ငံနဲ႔ပူးေပါင္းေဆာင္႐ြက္ၿပီးေတာ့ ေဒသအတြင္းမွာလည္း ေဆာင္႐ြက္ေနတာေတြရွိတယ္။ အိမ္နီးခ်င္း လည္းျဖစ္တဲ့အတြက္ ဒီႏိုင္ငံေတြက ခရီးသည္ေတြကလာဖို႔လည္း ရွိတယ္ေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံသို႔ တ႐ုတ္ႏိုင္ငံသား အမ်ားဆုံးဝင္ေရာက္မႈမ်ားေနသည့္အတြက္ ယခုပိုမိုဝင္ေရာက္ႏိုင္ေရး အတြက္ ဖိတ္ေခၚျခင္းျဖစ္ေၾကာင္း သိရသည္။
“တ႐ုတ္ နဲ႔ ထိုင္းႏိုင္ငံက ႏွစ္ခုက အမ်ားဆုံးဝင္ေရာက္ဖို႔ရွိပါတယ္။ ေလာေလာဆယ္ကေတာ့ ထိုင္းႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ဒီကိစၥေတြ ျမန္မာႏိုင္ငံက ေငြလိမ္ဂိုဏ္ေတြေၾကာင့္ နည္းနည္း ထိုင္းႏိုင္ငံကေန ဝင္ေရာက္ မႈေတာ့ က်ဆင္းသြားႏိုင္တယ္။ တ႐ုတ္ႏိုင္ငံလည္း က်ဆင္းသြားႏိုင္တယ္။ ဒါေပမဲ့ ဒါကို ေသေသခ်ာခ်ာေလး ျပန္ၿပီးေတာ့ သတင္းမီဒီယာပိုင္းကေန ျပန္တိုက္ခိုက္ၿပီးေတာ့ က်ပ္မတ္ေဆာင္႐ြက္မႈေတြလုပ္မယ္ဆိုရင္ေတာ့ ဒီဟာက ခရီးသြားလုပ္ငန္းက ႏွစ္ႏိုင္ငံကေန တက္လာဖို႔ကအမ်ားဆုံးပါပဲ” ဟု ၎က တိုက္တြန္းထားသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြား (၁ ဒသမ ၁) သန္းခန႔္ လာေရာက္လည္ပတ္ခဲ့ၿပီး (၂၀၂၃)ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ေလ်ာ့က်သြားေၾကာင္း သိရသည္။