တရုတ်နိုင်ငံရဲ့ "Puppy mountain" ခရီးသွားတွေကြား ရေပန်းစားနေ

 954

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၇

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဒီဇိုင်နာ ဂူအိုချင်ချန် ဟာ Valentine's Day (ဖေဖော်ဝါရီ ၁၄ ရက်) က ရူခင်းပုံတစ်ခုကို "Puppy Mountain" ဆိုတဲ့ ကပ်ပရှင်နဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံကြောင့် အဲဒီ "Puppy mountain" ဟာ တရုတ်နိုင်ငံရဲ့လည်ပတ်စရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ဂူအိုဟာ ဇန်နဝါရီလ နှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘီပြည်နယ်၊ ရီချန်းကို အလည်အပတ် ခရီးထွက်ခဲ့ ပါတယ်။ ခရီးသွားဓာတ်ပုံတွေ ရိုက်ကူးပြီးတဲ့နောက် ယန်ဇီမြစ်ဘေး ခွေးခေါင်းပုံသဏ္ဍာန်ဖြစ်နေတဲ့ တောင်ကြီးကို သတိထားမိပြီး ဓာတ်ပုံကို တရုတ်ဆိုရှယ်မီဒီယာအက်ပ် Xiaohongshu မှာ တင်ခဲ့ပါတယ်။ "ခွေးကလေး တစ်ကောင် ရေသောက်သလိုမျိုး၊ ဒါမှမဟုတ် ငါးတွေကို ကြည့်နေသလိုမျိုး ထင်ရတယ်" လို့ ၎င်းက ဆိုပါတယ်။

ဂူအိုရဲ့အဲဒီပို့စ်ဟာ ၁၀ ရက်အတွင်း Like ၁၂၀,၀၀၀ ရရှိခဲ့ပြီး မီဒီယာပလက်ဖောင်း Weibo မှာ “Puppy Mountain" ဟာ #xiaogoushan ဆိုတဲ့ hashtag နဲ့ ကြည့်ရှုသူ သန်းပေါင်းများစွာကို ဆွဲဆောင်ခဲ့ပါတယ်။ အဲဒီတောင်ဟာ ရီချန်း၊ ဇီဂိုင် ကောင်တီ၊ ယန်ဇီမြစ်ဘေးမှာ တည်ရှိပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံရဲ႕ "Puppy mountain" ခရီးသြားေတြၾကား ေရပန္းစားေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၇

တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းမွာ ေနထိုင္တဲ့ ဒီဇိုင္နာ ဂူအိုခ်င္ခ်န္ ဟာ Valentine's Day (ေဖေဖာ္ဝါရီ ၁၄ ရက္) က ႐ူခင္းပုံတစ္ခုကို "Puppy Mountain" ဆိုတဲ့ ကပ္ပရွင္နဲ႔ ဆိုရွယ္မီဒီယာမွာ တင္ခဲ့ပါတယ္။ အဲဒီဓာတ္ပုံေၾကာင့္ အဲဒီ "Puppy mountain" ဟာ တ႐ုတ္ႏိုင္ငံရဲ႕လည္ပတ္စရာေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။

ဂူအိုဟာ ဇန္နဝါရီလ ေႏွာင္းပိုင္းက တ႐ုတ္ႏိုင္ငံအလယ္ပိုင္း၊ ဟူဘီျပည္နယ္၊ ရီခ်န္းကို အလည္အပတ္ ခရီးထြက္ခဲ့ ပါတယ္။ ခရီးသြားဓာတ္ပုံေတြ ႐ိုက္ကူးၿပီးတဲ့ေနာက္ ယန္ဇီျမစ္ေဘး ေခြးေခါင္းပုံသ႑ာန္ျဖစ္ေနတဲ့ ေတာင္ႀကီးကို သတိထားမိၿပီး ဓာတ္ပုံကို တ႐ုတ္ဆိုရွယ္မီဒီယာအက္ပ္ Xiaohongshu မွာ တင္ခဲ့ပါတယ္။ "ေခြးကေလး တစ္ေကာင္ ေရေသာက္သလိုမ်ိဳး၊ ဒါမွမဟုတ္ ငါးေတြကို ၾကည့္ေနသလိုမ်ိဳး ထင္ရတယ္" လို႔ ၎က ဆိုပါတယ္။

ဂူအိုရဲ႕အဲဒီပို႔စ္ဟာ ၁၀ ရက္အတြင္း Like ၁၂၀,၀၀၀ ရရွိခဲ့ၿပီး မီဒီယာပလက္ေဖာင္း Weibo မွာ “Puppy Mountain" ဟာ #xiaogoushan ဆိုတဲ့ hashtag နဲ႔ ၾကည့္ရႈသူ သန္းေပါင္းမ်ားစြာကို ဆြဲေဆာင္ခဲ့ပါတယ္။ အဲဒီေတာင္ဟာ ရီခ်န္း၊ ဇီဂိုင္ ေကာင္တီ၊ ယန္ဇီျမစ္ေဘးမွာ တည္ရွိပါတယ္။

Related news

© 2021. All rights reserved.