မြန်မာတွင် ကျားဖြန့်လုပ်ရန် စေခိုင်းခံရသူများသည် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများမှတဆင့် ရောက်လာခြင်းဖြစ်ကြောင်း ဂျပန်သံရုံးဆို

 1561

စော (NP News) - ဖေဖော်ဝါရီ ၂၈

မြန်မာတွင် ကျားဖြန့်လုပ်ရန် စေခိုင်းခံရသူများသည် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများမှတဆင့် အလုပ်လုပ်ကိုင်ရန် ရောက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောတွင် ဂျပန်နိုင်ငံ၌ အွန်လိုင်းဂိမ်း၊ လူမှုကွန်ယက်စသည်တို့မှ သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်း မရှိသော အသိမိတ်ဆွေမှတဆင့် ထိုင်း၊ ကမ္ဘောဒီးယားအစရှိသည့် ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် မိတ်ဆက်ပေးသည့်အတွက် ၎င်းနိုင်ငံများသို့ထွက်ခွာလာပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ အွန်လိုင်း ငွေလိမ်လည်ရေးစခန်းများသို့ ခေါ်ဆောင်လာခြင်းခံရကာ အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်ရန်စေခိုင်းခံရသော ဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါအွန်လိုင်းငွေလိမ်လည်ရေးစခန်းများ၌ ငွေလိမ်လည်မှုကို လုပ်ဆောင်ခြင်းသည် ပြစ်မှုမြောက်ကြောင်းနှင့် စခန်းများတွင်မူ မျက်ခြည်မပျက်စောင့်ကြည့်ခံရသော အနေအထားဖြင့် လိမ်လည်မှုများကို အတင်းအကြပ် စေခိုင်းခံရပြီး သတ်မှတ်ခွဲတမ်းမပြည့်မီပါက ညှဉ်းပန်းနှိပ်စက်ခံရသည့်အဖြစ်များလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုပြင် ဂျပန်လူမျိုးများကို သွေးဆောင်လှည့်ဖြားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ဂျပန်လူမျိုးများကို ပစ်မှတ်ထား၍ လိမ်လည်မှုများကို ကျူးလွန်လျက်ရှိပြီး ကျူးလွန်ရန်အတွက်လည်း ဂျပန်နိုင်ငံသားများသာမက ဂျပန်ဘာသာစကားတတ်ကျွမ်းသော မြန်မာလူမျိုးများကို အသုံးချရန် ရည်ရွယ်လာနိုင်ခြေလည်း ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဆိုသည်။
ထို့ကြောင့် အွန်လိုင်းဂိမ်းများနှင့်အင်တာနက်‌အစရှိသည်တို့တွင် သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်းမရှိသော အသိမိတ်ဆွေမှတဆင့် ဂျပန်ဘာသာစကားကို အသုံးပြုရမည့်အလုပ်လုပ်ကိုင်ရန် ဆွဲဆောင်ခြင်းခံရပါက စူးစမ်းဆင်ခြင်မဲ့ယုံကြည်ခြင်းမျိုးမပြုလုပ်ဘဲ မိသားစုနှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသို့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ျမန္မာတြင္ က်ားျဖန႔္လုပ္ရန္ ေစခိုင္းခံရသူမ်ားသည္ ထိုင္း၊ ကေမာၻဒီးယားႏိုင္ငံမ်ားမွတဆင့္ ေရာက္လာျခင္းျဖစ္ ေၾကာင္း ဂ်ပန္သံ႐ုံးဆို
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၈

ျမန္မာတြင္ က်ားျဖန႔္လုပ္ရန္ ေစခိုင္းခံရသူမ်ားသည္ ထိုင္း၊ ကေမာၻဒီးယားႏိုင္ငံမ်ားမွတဆင့္ အလုပ္လုပ္ကိုင္ရန္ ေရာက္လာျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ုံးက ေဖေဖာ္ဝါရီ ၂၇ ရက္တြင္ အသိေပးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လတ္တေလာတြင္ ဂ်ပန္ႏိုင္ငံ၌ အြန္လိုင္းဂိမ္း၊ လူမႈကြန္ယက္စသည္တို႔မွ သိကြၽမ္းလာခဲ့ၿပီး မ်က္ျမင္ေတြ႕ဆုံဖူးျခင္း မရွိေသာ အသိမိတ္ေဆြမွတဆင့္ ထိုင္း၊ ကေမာၻဒီးယားအစရွိသည့္ ျပည္ပ ႏိုင္ငံမ်ားတြင္ အလုပ္လုပ္ကိုင္ရန္ မိတ္ဆက္ေပးသည့္အတြက္ ၎ႏိုင္ငံမ်ားသို႔ထြက္ခြာလာၿပီး ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံ၊ ျမဝတီၿမိဳ႕ရွိ အြန္လိုင္း ေငြလိမ္လည္ေရးစခန္းမ်ားသို႔ ေခၚေဆာင္လာျခင္းခံရကာ အြန္လိုင္းလိမ္လည္မႈမ်ား လုပ္ကိုင္ရန္ေစခိုင္းခံရေသာ ျဖစ္ရပ္မ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါအြန္လိုင္းေငြလိမ္လည္ေရးစခန္းမ်ား၌ ေငြလိမ္လည္မႈကို လုပ္ေဆာင္ျခင္းသည္ ျပစ္မႈေျမာက္ေၾကာင္းႏွင့္ စခန္းမ်ားတြင္မူ မ်က္ျခည္မပ်က္ေစာင့္ၾကည့္ခံရေသာ အေနအထားျဖင့္ လိမ္လည္မႈမ်ားကို အတင္းအၾကပ္ ေစခိုင္းခံရၿပီး သတ္မွတ္ခြဲတမ္းမျပည့္မီပါက ညႇဥ္းပန္းႏွိပ္စက္ခံရသည့္အျဖစ္မ်ားလည္း ျဖစ္ေပၚလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုျပင္ ဂ်ပန္လူမ်ိဳးမ်ားကို ေသြးေဆာင္လွည့္ျဖားေနေသာ အြန္လိုင္းေငြလိမ္ဂိုဏ္းမ်ားသည္ ဂ်ပန္လူမ်ိဳးမ်ားကို ပစ္မွတ္ထား၍ လိမ္လည္မႈမ်ားကို က်ဴးလြန္လ်က္ရွိၿပီး က်ဴးလြန္ရန္အတြက္လည္း ဂ်ပန္ႏိုင္ငံသားမ်ားသာမက ဂ်ပန္ဘာသာစကားတတ္ကြၽမ္းေသာ ျမန္မာလူမ်ိဳးမ်ားကို အသုံးခ်ရန္ ရည္႐ြယ္လာႏိုင္ေျခလည္း ရွိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ဆိုသည္။
ထို႔ေၾကာင့္ အြန္လိုင္းဂိမ္းမ်ားႏွင့္အင္တာနက္‌အစရွိသည္တို႔တြင္ သိကြၽမ္းလာခဲ့ၿပီး မ်က္ျမင္ေတြ႕ဆုံဖူးျခင္းမရွိေသာ အသိမိတ္ေဆြမွတဆင့္ ဂ်ပန္ဘာသာစကားကို အသုံးျပဳရမည့္အလုပ္လုပ္ကိုင္ရန္ ဆြဲေဆာင္ျခင္းခံရပါက စူးစမ္းဆင္ျခင္မဲ့ယုံၾကည္ျခင္းမ်ိဳးမျပဳလုပ္ဘဲ မိသားစုႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ုံးသို႔ တိုင္ပင္ေဆြးေႏြးမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.