သရေခေတ္တရာမြို့ဟောင်းတစ်ခုလုံး ကြည့်ရှုနိုင်မည့် မျှော်စင် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

 513

NP News ဖေဖေါ်ဝါရီ (၂၈) ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သရေခေတ္တရာ မြို့ဟောင်း တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းကြည့် မျှော်စင်တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနမှ သိရသည်။
ယင်းရှုခင်းကြည့်မျှော်စင်ကို ပြည်မြို့ရှိ သရေခေတ္တရာမြို့ဟောင်း၏ အနောက်ဘက် ကြက်တူရွေးတောင် နေရာတွင် အမြင့် ၄၂ ပေရှိ ရှုခင်းကြည့်မျှော်စင်ဖြစ်အဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း၌ တာဝန်ယူကာ အကောင်အထည်ဖော်တည်ဆောက်နေပြီး လက်ရှိမှာ RC လုပ်ငန်းပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“တည်ဆောက်နေတဲ့ ရှုခင်းကြည့်မျှော်စင်က စုစုပေါင်း အဆင့် ၃ ဆင့်ပါဝင်ပြီး ၁၂ ပေအမြင့်ရှိ အဆင့် ၂ ဆင့်နှင့် ၁၀ ပေအမြင့်ရှိ တစ်ဆင့်တို့ပါဝင်ပါတယ်။ မျှော်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ပါတယ်။ ကျန်တဲ့ မြန်မာမှု အမွှန်းပန်းလက်ရာတွေ တပ်ဆင်ဖို့ပဲ ကျန်ပါတယ် ” ဟု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်း မျှော်စင်သည် အဆိုပါဒေသအတွင်း အမြင့်ဆုံးနေရာအဖြစ်သတ်မှတ်နိုင်ပြီး သရေခေတ္တရာမြို့ဟောင်း တစ်ခုလုံးကို မြင်ရနိုင်သည့်အပြင် မြို့ဟောင်းအတွင်းရှိ အထင်ကရ စေတီပုထိုးများကိုပါ လှမ်းမြင်ရနိုင်မှာဖြစ်ကြောင်း၊ တောင်၏အနောက်ဘက်ခြမ်းရှိ ပြည်မြို့၊ မင်းကြီးတောင်၊ ဧရာဝတီမြစ်ကမ်းအထိ မြင်ရနိုင်ကြောင်း၊ ထို့ကြောင့် ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။
လက်ရှိကာလတွင် မျှော်စင်တစ်ခုသာတည်ဆောက်နိုင်သော်လည်း နောက်ပိုင်းအစီအစဉ်များအနေဖြင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့ဖြင့် ညှိနှိုင်း၍ တောင်ခြေမှ မျှော်စင်အထိ တက်နိုင်မည့်လမ်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဖောက်သွားရန်ရှိကြောင်း၊ ကားဖြင့်လာရောက်သူများအတွက် ကားထားနိုင်မည့် ရပ်နားစခန်းများ၊ နားနေရန် ဈေးဆိုင်ခန်းများ စသည်တို့ကို ဖော်ဆောင်သွားရန်ရှိကြောင်း သိရသည်။

Zawgyi Version:
သေရေခတၱရာၿမိဳ႕ေဟာင္းတစ္ခုလုံး ၾကည့္ရႈႏိုင္မည့္ ေမွ်ာ္စင္ တည္ေဆာက္မႈ ၇၀ ရာခိုင္ႏႈန္းၿပီးစီး
NP News ေဖေဖၚဝါရီ (၂၈) ရက္
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕ရွိ သေရေခတၱရာ ၿမိဳ႕ေဟာင္း တစ္ခုလုံးကို အေပၚစီးမွ ၾကည့္ရႈႏိုင္မည့္ ရႈခင္းၾကည့္ ေမွ်ာ္စင္တည္ေဆာက္မႈ (၇၀)ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း ကမာၻ႔အေမြအႏွစ္ေဒသမ်ားဌာနခြဲ၊ သေရေခတၱရာဌာနမွ သိရသည္။
ယင္းရႈခင္းၾကည့္ေမွ်ာ္စင္ကို ျပည္ၿမိဳ႕ရွိ သေရေခတၱရာၿမိဳ႕ေဟာင္း၏ အေနာက္ဘက္ ၾကက္တူေ႐ြးေတာင္ ေနရာတြင္ အျမင့္ ၄၂ ေပရွိ ရႈခင္းၾကည့္ေမွ်ာ္စင္ျဖစ္အျဖစ္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ လက္ရွိ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း၌ တာဝန္ယူကာ အေကာင္အထည္ေဖာ္တည္ေဆာက္ေနၿပီး လက္ရွိမွာ RC လုပ္ငန္းပိုင္း ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
“တည္ေဆာက္ေနတဲ့ ရႈခင္းၾကည့္ေမွ်ာ္စင္က စုစုေပါင္း အဆင့္ ၃ ဆင့္ပါဝင္ၿပီး ၁၂ ေပအျမင့္ရွိ အဆင့္ ၂ ဆင့္ႏွင့္ ၁၀ ေပအျမင့္ရွိ တစ္ဆင့္တို႔ပါဝင္ပါတယ္။ ေမွ်ာ္စင္ကို ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလဆန္းပိုင္းတြင္ စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ၇၀ ရာခိုင္ႏႈန္းခန႔္ၿပီးစီးေနၿပီ ျဖစ္ပါတယ္။ က်န္တဲ့ ျမန္မာမႈ အမႊန္းပန္းလက္ရာေတြ တပ္ဆင္ဖို႔ပဲ က်န္ပါတယ္ ” ဟု ကမာၻ႔အေမြအႏွစ္ေဒသမ်ားဌာနခြဲ၊ သေရေခတၱရာဌာန မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
၎ ေမွ်ာ္စင္သည္ အဆိုပါေဒသအတြင္း အျမင့္ဆုံးေနရာအျဖစ္သတ္မွတ္ႏိုင္ၿပီး သေရေခတၱရာၿမိဳ႕ေဟာင္း တစ္ခုလုံးကို ျမင္ရႏိုင္သည့္အျပင္ ၿမိဳ႕ေဟာင္းအတြင္းရွိ အထင္ကရ ေစတီပုထိုးမ်ားကိုပါ လွမ္းျမင္ရႏိုင္မွာျဖစ္ေၾကာင္း၊ ေတာင္၏အေနာက္ဘက္ျခမ္းရွိ ျပည္ၿမိဳ႕၊ မင္းႀကီးေတာင္၊ ဧရာဝတီျမစ္ကမ္းအထိ ျမင္ရႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ခရီးသြားဧည့္သည္မ်ား ပိုမိုဝင္ေရာက္လာႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။
လက္ရွိကာလတြင္ ေမွ်ာ္စင္တစ္ခုသာတည္ေဆာက္ႏိုင္ေသာ္လည္း ေနာက္ပိုင္းအစီအစဥ္မ်ားအေနျဖင့္ ျပည္ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လမ္းဦးစီးဌာနတို႔ျဖင့္ ညႇိႏႈိင္း၍ ေတာင္ေျခမွ ေမွ်ာ္စင္အထိ တက္ႏိုင္မည့္လမ္းမ်ားကိုလည္း ဘ႑ာႏွစ္အလိုက္ ေဖာက္သြားရန္ရွိေၾကာင္း၊ ကားျဖင့္လာေရာက္သူမ်ားအတြက္ ကားထားႏိုင္မည့္ ရပ္နားစခန္းမ်ား၊ နားေနရန္ ေဈးဆိုင္ခန္းမ်ား စသည္တို႔ကို ေဖာ္ေဆာင္သြားရန္ရွိေၾကာင္း သိရသည္။

Picture

Nyi Aung

28/02/2025 11:39

အဲဒီမျှော်စင်ကို အောက်တန်းစားလေးတွေဗုံးခွဲဖျက်စီးမဲ့ဘေးဝေးပါစေ၊အာဏာပိုင်တွေကလဲသေချာကြည့်ရှုပေးပါစေ။

Related news

© 2021. All rights reserved.