မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်များကို ရုရှားသို့ ထပ်မံစေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီပြော

 300

Pika (NP News) - ဖေဖော်ဝါရီ ၂၈

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံတွင် ထပ်မံဖြန့်ကျက်ချထားခဲ့ ကြောင်း တောင်ကိုရီးယားနိုင်ငံ ထောက်လှမ်းရေး အေဂျင်စီ၏ပြောကြားချက်များကိုကိုးကားပြီး တောင်ကိုရီးယားမီဒီယာများက ဖေဖော်ဝါရီလ(၂၇)ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

သို့သော်လည်း ရုရှားနိုင်ငံတွင် ထပ်မံဖြန့် ကျက်ချထားခဲ့သည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် များ၏ အရေအတွက်အတိအကျကို ရှင်းရှင်းလင်း လင်း မသိရှိရသေးကြောင်း တောင်ကိုရီးယားထောက် လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။ မြောက်ကိုရီး ယားအစိုးရသည် ၎င်း၏တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံ ကာ့စ်ဒေသရှိ စစ်မြေပြင်များသို့ စေလွှတ်ထားကြောင်း အစီ ရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ မြောက် ကိုရီးယား၏ နောက်ထပ်တပ်ဖွဲ့ဝင်များသည် ရုရှားနိုင် ငံ အနောက်ဘက်ခြမ်းဒေသကို နယ်စပ်ဖြတ်ကျော်ဝင် ရောက်မှုများလုပ်ဆောင်နေသည့် ယူကရိန်းတပ်ဖွဲ့ များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် စစ်မြေပြင်များသို့ စေလွှတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြ ထားသည်။ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း လည်း သိရသည်။

မြောက်ကိုရီးယားအစိုးရသည် ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားဘက်မှပါဝင်တိုက်ခိုက်ပေးရန်အတွက် ၎င်း၏တပ်ဖွဲ့ဝင် (၁၁၀ဝဝ)ကျော်ကို ရုရှားသို့စေလွှတ်ခဲ့ကြောင်း တောင် ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ယခင်က ထုတ်ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားတပ်ဖွဲ့များသည် မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့သော စစ်လက် နက်ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း ယူကရိန်းနှင့် အနောက်အုပ်စုနိုင်ငံများ၏ ကျွမ်းကျင်သူများက ယ ခင်က စွပ်စွဲပြောဆိုခဲ့ဖူးသည်။

သို့သော်လည်း ယူကရိန်းနှင့် အနောက် အုပ်စုနိုင်ငံများ၏ စွပ်စွဲပြောဆိုချက်များမှာ အခြေ အမြစ်မရှိသော ပြောဆိုချက်များသာဖြစ်ကြောင်း ရု ရှားနှင့်မြောက်ကိုရီးယားအစိုးရတို့က ပြန်လည်တုံ့ ပြန်ပြောဆိုခဲ့သည်။

zawgyi version
ေျမာက္ကိုရီးယားက တပ္ဖြဲ႕ဝင္မ်ားကို ႐ုရွားသို႔ ထပ္မံေစလႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားေထာက္လွမ္းေရး ေအဂ်င္စီေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈

ေျမာက္ကိုရီးယားႏိုင္ငံသည္ ၎၏တပ္ဖြဲ႕ဝင္မ်ားကို ႐ုရွားႏိုင္ငံတြင္ ထပ္မံျဖန႔္က်က္ခ်ထားခဲ့ ေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံ ေထာက္လွမ္းေရး ေအဂ်င္စီ၏ေျပာၾကားခ်က္မ်ားကိုကိုးကားၿပီး ေတာင္ကိုရီးယားမီဒီယာမ်ားက ေဖေဖာ္ဝါရီလ(၂၇)ရက္တြင္ ေရးသား ေဖာ္ျပခဲ့သည္။

သို႔ေသာ္လည္း ႐ုရွားႏိုင္ငံတြင္ ထပ္မံျဖန႔္ က်က္ခ်ထားခဲ့သည့္ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ မ်ား၏ အေရအတြက္အတိအက်ကို ရွင္းရွင္းလင္း လင္း မသိရွိရေသးေၾကာင္း ေတာင္ကိုရီးယားေထာက္ လွမ္းေရးေအဂ်င္စီက ေျပာၾကားခဲ့သည္။ ေျမာက္ကိုရီး ယားအစိုးရသည္ ၎၏တပ္ဖြဲ႕ဝင္မ်ားကို ႐ုရွားႏိုင္ငံ ကာ့စ္ေဒသရွိ စစ္ေျမျပင္မ်ားသို႔ ေစလႊတ္ထားေၾကာင္း အစီ ရင္ခံစာတြင္ ေရးသားေဖာ္ျပထားသည္။ ေျမာက္ ကိုရီးယား၏ ေနာက္ထပ္တပ္ဖြဲ႕ဝင္မ်ားသည္ ႐ုရွားႏိုင္ ငံ အေနာက္ဘက္ျခမ္းေဒသကို နယ္စပ္ျဖတ္ေက်ာ္ဝင္ ေရာက္မႈမ်ားလုပ္ေဆာင္ေနသည့္ ယူကရိန္းတပ္ဖြဲ႕ မ်ားကို ႐ုရွားတပ္ဖြဲ႕မ်ားက တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနသည့္ စစ္ေျမျပင္မ်ားသို႔ ေစလႊတ္ခံခဲ့ရ ျခင္းျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေရးသားေဖာ္ျပ ထားသည္။ အဆိုပါ အစီရင္ခံစာႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ေတာင္ကိုရီးယား ေထာက္လွမ္းေရးေအဂ်င္စီ၏ ေျပာေရးဆိုခြင့္ရွိသူက ျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း လည္း သိရသည္။

ေျမာက္ကိုရီးယားအစိုးရသည္ ႐ုရွားႏွင့္ ယူကရိန္းၾကား ျဖစ္ပြားေနေသာစစ္ပြဲတြင္ ႐ုရွားဘက္မွပါဝင္တိုက္ခိုက္ေပးရန္အတြက္ ၎၏တပ္ဖြဲ႕ဝင္ (၁၁၀ဝဝ)ေက်ာ္ကို ႐ုရွားသို႔ေစလႊတ္ခဲ့ေၾကာင္း ေတာင္ ကိုရီးယားေထာက္လွမ္းေရးေအဂ်င္စီက ယခင္က ထုတ္ျပန္ေျပာဆိုခဲ့သည္။ ထို႔ျပင္ ႐ုရွားတပ္ဖြဲ႕မ်ားသည္ ေျမာက္ကိုရီးယားက ေထာက္ပံ့ေပးခဲ့ေသာ စစ္လက္ နက္ပစၥည္းမ်ားကို အသုံးျပဳခဲ့ေၾကာင္း ယူကရိန္းႏွင့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ကြၽမ္းက်င္သူမ်ားက ယ ခင္က စြပ္စြဲေျပာဆိုခဲ့ဖူးသည္။

သို႔ေသာ္လည္း ယူကရိန္းႏွင့္ အေနာက္ အုပ္စုႏိုင္ငံမ်ား၏ စြပ္စြဲေျပာဆိုခ်က္မ်ားမွာ အေျခ အျမစ္မရွိေသာ ေျပာဆိုခ်က္မ်ားသာျဖစ္ေၾကာင္း ႐ု ရွားႏွင့္ေျမာက္ကိုရီးယားအစိုးရတို႔က ျပန္လည္တုံ႔ ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.