တန်ချိန်(၅၀၀၀)ရှိ နောက်ထပ်ဖျက်သင်္ဘောတစ်စီးကို တည်ဆောက်ဖို့ မြောက်ကိုရီးယား စီစဉ်နေ

 249

Pika (NP News) - ဇူလိုင် ၂၃
မြောက်ကိုရီးယားအစိုးရဟာ ၎င်းရဲ့ရေတပ်အတွက် အလေးချိန်တန်ချိန်(၅၀၀၀)ရှိတဲ့ နောက်ထပ်ဖျက်သင်္ဘော တစ်စီးကို တည်ဆောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ တန်ချိန်(၅၀၀၀)ရှိ ဖျက်သင်္ဘောနှစ်စီးကို ယခုနှစ်အစောပိုင်းမှာ ရေချစမ်းသပ်ခဲ့ပြီးနောက် ယခုလိုကတိပြုမှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ နိုင်ငံရဲ့ရေတပ်စွမ်းရည်တွေကို မြှင့်တင်သွားမယ်လို့ ကတိပြုခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလုပ်ဆောင်ခဲ့တဲ့ တန်ချိန်(၅၀၀၀)ရှိ ဖျက်သင်္ဘောရေချမှုအခမ်းအနားကို ကြီးကြပ်ခဲ့တယ် လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ယူကရိန်းကိုတိုက်ခိုက်ရာမှာ ရုရှားနိုင်ငံကို အကူအညီတွေ ပေးအပ်ခဲ့မှုအတွက် အပြန်အလှန်အနေနဲ့ ရုရှားအကူအညီတွေနဲ့ ဖျက်သင်္ဘောကိုတည်ဆောက်နိုင်ခဲ့တာဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ကင်ဂျုံအန်းဟာ ပြီးခဲ့တဲ့မေလတုန်းကလုပ်ဆောင်ခဲ့တဲ့ ဖျက်သင်္ဘောရေချမှုအခမ်းအနားကိုလည်း ကြီးကြပ်ခဲ့ တယ်လို့ သိရပါတယ်။ Nampho သင်္ဘောကျင်းမှာရှိတဲ့ အလုပ်သမားတွေဟာ လာမယ့်နှစ် အောက်တိုဘာလ (၁၀)ရက်မှာ ဖျက်သင်္ဘောအသစ်ကို အပြီးသတ်ဖို့ ကတိပြုခဲ့ကြတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီနေ့ဟာ မြောက်ကိုရီးယားရဲ့လက်ရှိအာဏာရအလုပ်သမားပါတီ တည်ထောင်တဲ့နှစ်ပတ်လည်နေ့တစ်နေ့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တန္ခ်ိန္(၅၀၀၀)ရွိ ေနာက္ထပ္ဖ်က္သေဘၤာတစ္စီးကို တည္ေဆာက္ဖို႔ ေျမာက္ကိုရီးယား စီစဥ္ေန
Pika (NP News) - ဇူလိုင္ ၂၃
ေျမာက္ကိုရီးယားအစိုးရဟာ ၎ရဲ႕ေရတပ္အတြက္ အေလးခ်ိန္တန္ခ်ိန္(၅၀၀၀)ရွိတဲ့ ေနာက္ထပ္ဖ်က္သေဘၤာ တစ္စီးကို တည္ေဆာက္သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ တန္ခ်ိန္(၅၀၀၀)ရွိ ဖ်က္သေဘၤာႏွစ္စီးကို ယခုႏွစ္အေစာပိုင္းမွာ ေရခ်စမ္းသပ္ခဲ့ၿပီးေနာက္ ယခုလိုကတိျပဳမႈေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ ႏိုင္ငံရဲ႕ေရတပ္စြမ္းရည္ေတြကို ျမႇင့္တင္သြားမယ္လို႔ ကတိျပဳခဲ့ၿပီး ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလုပ္ေဆာင္ခဲ့တဲ့ တန္ခ်ိန္(၅၀၀၀)ရွိ ဖ်က္သေဘၤာေရခ်မႈအခမ္းအနားကို ႀကီးၾကပ္ခဲ့တယ္ လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားအစိုးရဟာ ယူကရိန္းကိုတိုက္ခိုက္ရာမွာ ႐ုရွားႏိုင္ငံကို အကူအညီေတြ ေပးအပ္ခဲ့မႈအတြက္ အျပန္အလွန္အေနနဲ႔ ႐ုရွားအကူအညီေတြနဲ႔ ဖ်က္သေဘၤာကိုတည္ေဆာက္ႏိုင္ခဲ့တာျဖစ္ႏိုင္တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ကင္ဂ်ဳံအန္းဟာ ၿပီးခဲ့တဲ့ေမလတုန္းကလုပ္ေဆာင္ခဲ့တဲ့ ဖ်က္သေဘၤာေရခ်မႈအခမ္းအနားကိုလည္း ႀကီးၾကပ္ခဲ့ တယ္လို႔ သိရပါတယ္။ Nampho သေဘၤာက်င္းမွာရွိတဲ့ အလုပ္သမားေတြဟာ လာမယ့္ႏွစ္ ေအာက္တိုဘာလ (၁၀)ရက္မွာ ဖ်က္သေဘၤာအသစ္ကို အၿပီးသတ္ဖို႔ ကတိျပဳခဲ့ၾကတယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီေန႔ဟာ ေျမာက္ကိုရီးယားရဲ႕လက္ရွိအာဏာရအလုပ္သမားပါတီ တည္ေထာင္တဲ့ႏွစ္ပတ္လည္ေန႔တစ္ေန႔ျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.