၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ရေတပ်အင်အား အတောင့်တင်းဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် (၁၁) နေရာတွင် ရပ်တည်

1752

NP News - ဖေဖော်ဝါရီ ၂၈
၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ရေတပ်အင်အား အတောင့်တင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် (၁၁) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၏ စစ်အင်အား တောင့်တင်းမှုကို ကမ္ဘာအဆင့်သတ်မှတ်ဖော်ပြပေးနေသော ဂလိုဘယ်ဖိုင်းယားပါဝါအဖွဲ့သည် ကြည်း၊ ရေ၊ လေ အင်အားတောင့်တင်းမှုနှင့် စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှု အပါအဝင် အချက်ပေါင်း (၆၀) ကျော်ကို လေ့လာသုံးသပ် ပြီးနောက် ၂၀၂၅ ခုနှစ်အတွက် စစ်အင်အားတောင့်တင်းမှုအရှိဆုံးနိုင်ငံများစာရင်း ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၃၈ နေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွက် စစ်အင်အားတောင့်တင်းမှုအရှိဆုံး နိုင်ငံများစာရင်းတွင် ကမ္ဘာအဆင့် ၃၈ တွင် ရပ်တည်နေသော်လည်း ကမ္ဘာ့ရေတပ်အင်အားတောင့်တင်းမှုအရှိဆုံးနိုင်ငံများစာရင်းတွင် ကမ္ဘာအဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ ဂလိုဘယ်ဖိုင်းယားပါဝါအဖွဲ့၏ဖော်ပြချက်အရ မြန်မာရေတပ်တွင် လေယာဉ်တင် သင်္ဘော၊ လေယာဉ်တင် ရဟတ်ယာဉ်နှင့် ဖျက်သင်္ဘော မရှိသော်လည်း ဖရီးဂိတ် ၆ စင်း၊ ရေငုပ်သင်္ဘော ၃ စီး၊ ကော်ဗက် အမျိုးအစား စစ်သင်္ဘော ၃ စီး အပါအဝင် ရေတပ်သုံးစစ်ရေယာဉ်အစီးရေ ၂၃၂ စီး ပိုင်ဆိုင်ထားကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ရေတပ်အင်အား အတောင့်တင်းဆုံး နိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံ၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ရုရှား၊ ဆွီဒင်နိုင်ငံတို့က ထိပ်ဆုံး ငါးနိုင်ငံထဲတွင် ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ရေတပ်အင်အားတောင့်တင်းမှုသည် အာဆီယံဒေသအတွင်း နိုင်ငံများထဲတွင် ထိပ်ဆုံးအဆင့် (၃) နေရာတွင် ရှိနေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွက် အာဆီယံနိုင်ငံများ၏ ရေတပ်အင်အားတောင့်တင်းမှု အရှိဆုံး နိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့က ထိပ်ဆုံး ငါးနိုင်ငံထဲတွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ရေတပ်အင်အားတောင့်တင်းမှုသည် အိမ်နီးချင်းနိုင်ငံများထဲတွင် တရုတ်၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့ထက် အဆင့်လျော့နည်းသော်လည်း ဘင်္ဂလားဒေရှ့်၊ လာအိုနိုင်ငံတို့ထက် သာလွန်နေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ရေတပ်အင်အား အတောင့်တင်းဆုံးနိုင်ငံများစာရင်း၏ အောက်ဆုံးနိုင်ငံများစာရင်းတွင် ဇင်ဘာဘွေ့နိုင်ငံ၊ ဇမ်ဘီယာနိုင်ငံတို့ ရပ်တည်နေကြောင်း ဂလိုဘယ်ဖိုင်းယားပါဝါအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

Zawgyi Version:
၂၀၂၅ ခုႏွစ္အတြက္ ကမာၻ႔ေရတပ္အင္အား အေတာင့္တင္းဆုံးႏိုင္ငံမ်ား စာရင္းတြင္ ျမန္မာႏိုင္ငံက ကမာၻ႔အဆင့္ (၁၁) ေနရာတြင္ ရပ္တည္
NP News - ေဖေဖာ္ဝါရီ ၂၈
၂၀၂၅ ခုႏွစ္အတြက္ ကမာၻ႔ေရတပ္အင္အား အေတာင့္တင္းဆုံးႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံက ကမာၻ႔အဆင့္ (၁၁) ေနရာတြင္ ရပ္တည္ေနေၾကာင္း သိရသည္။ ကမာၻတစ္ဝွမ္းရွိ ႏိုင္ငံေပါင္း ၁၄၅ ႏိုင္ငံ၏ စစ္အင္အား ေတာင့္တင္းမႈကို ကမာၻအဆင့္သတ္မွတ္ေဖာ္ျပေပးေနေသာ ဂလိုဘယ္ဖိုင္းယားပါဝါအဖြဲ႕သည္ ၾကည္း၊ ေရ၊ ေလ အင္အားေတာင့္တင္းမႈႏွင့္ စစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈ အပါအဝင္ အခ်က္ေပါင္း (၆၀) ေက်ာ္ကို ေလ့လာသုံးသပ္ ၿပီးေနာက္ ၂၀၂၅ ခုႏွစ္အတြက္ စစ္အင္အားေတာင့္တင္းမႈအရွိဆုံးႏိုင္ငံမ်ားစာရင္း ထုတ္ျပန္ခဲ့ရာ ျမန္မာႏိုင္ငံက ကမာၻ႔အဆင့္ ၃၈ ေနရာတြင္ ရွိေနခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသည္ ၂၀၂၅ ခုႏွစ္အတြက္ စစ္အင္အားေတာင့္တင္းမႈအရွိဆုံး ႏိုင္ငံမ်ားစာရင္းတြင္ ကမာၻအဆင့္ ၃၈ တြင္ ရပ္တည္ေနေသာ္လည္း ကမာၻ႔ေရတပ္အင္အားေတာင့္တင္းမႈအရွိဆုံးႏိုင္ငံမ်ားစာရင္းတြင္ ကမာၻအဆင့္ ၁၁ ေနရာတြင္ ရပ္တည္ေနသည္။ ဂလိုဘယ္ဖိုင္းယားပါဝါအဖြဲ႕၏ေဖာ္ျပခ်က္အရ ျမန္မာေရတပ္တြင္ ေလယာဥ္တင္ သေဘၤာ၊ ေလယာဥ္တင္ ရဟတ္ယာဥ္ႏွင့္ ဖ်က္သေဘၤာ မရွိေသာ္လည္း ဖရီးဂိတ္ ၆ စင္း၊ ေရငုပ္သေဘၤာ ၃ စီး၊ ေကာ္ဗက္ အမ်ိဳးအစား စစ္သေဘၤာ ၃ စီး အပါအဝင္ ေရတပ္သုံးစစ္ေရယာဥ္အစီးေရ ၂၃၂ စီး ပိုင္ဆိုင္ထားေၾကာင္း သိရသည္။ ၂၀၂၅ ခုႏွစ္အတြက္ ကမာၻ႔ေရတပ္အင္အား အေတာင့္တင္းဆုံး ႏိုင္ငံမ်ားစာရင္းတြင္ တ႐ုတ္ႏိုင္ငံ၊ အေမရိကန္၊ အင္ဒိုနီးရွား၊ ႐ုရွား၊ ဆြီဒင္ႏိုင္ငံတို႔က ထိပ္ဆုံး ငါးႏိုင္ငံထဲတြင္ ရပ္တည္ေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ၏ ေရတပ္အင္အားေတာင့္တင္းမႈသည္ အာဆီယံေဒသအတြင္း ႏိုင္ငံမ်ားထဲတြင္ ထိပ္ဆုံးအဆင့္ (၃) ေနရာတြင္ ရွိေနေၾကာင္း သိရသည္။ ၂၀၂၅ ခုႏွစ္အတြက္ အာဆီယံႏိုင္ငံမ်ား၏ ေရတပ္အင္အားေတာင့္တင္းမႈ အရွိဆုံး ႏိုင္ငံမ်ားထဲတြင္ အင္ဒိုနီးရွားႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ျမန္မာႏိုင္ငံ၊ ဖိလစ္ပိုင္၊ ဗီယက္နမ္ႏိုင္ငံတို႔က ထိပ္ဆုံး ငါးႏိုင္ငံထဲတြင္ ရပ္တည္ေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ ေရတပ္အင္အားေတာင့္တင္းမႈသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားထဲတြင္ တ႐ုတ္၊ အိႏၵိယ ႏွင့္ ထိုင္းႏိုင္ငံတို႔ထက္ အဆင့္ေလ်ာ့နည္းေသာ္လည္း ဘဂၤလားေဒရွ႕္၊ လာအိုႏိုင္ငံတို႔ထက္ သာလြန္ေနေၾကာင္း သိရသည္။ ၂၀၂၅ ခုႏွစ္အတြက္ ကမာၻ႔ေရတပ္အင္အား အေတာင့္တင္းဆုံးႏိုင္ငံမ်ားစာရင္း၏ ေအာက္ဆုံးႏိုင္ငံမ်ားစာရင္းတြင္ ဇင္ဘာေဘြ႕ႏိုင္ငံ၊ ဇမ္ဘီယာႏိုင္ငံတို႔ ရပ္တည္ေနေၾကာင္း ဂလိုဘယ္ဖိုင္းယားပါဝါအဖြဲ႕၏ ေဖာ္ျပခ်က္အရ သိရသည္။