ကျောက်ဖြူစီးပွားရေးဇုန်နှင့်‌ရေနက်ဆိပ်ကမ်းအတွက် Development Plan ရေးဆွဲ မည်

 478

NP News မတ်လ (၁)

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ရေနက်ဆိပ်ကမ်း အချိန်မီပြီးစီးနိုင်ရေးအတွက် Development Plan ရေးဆွဲမည်ဖြစ်ကြောင်း မြန်မာ တရုတ်နှစ်နိုင်ငံ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှသိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်- ၃ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၁ ၌ မြန်မာဘက် နှင့် တရုတ် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။
“ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း ဆောလျင်စွာ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်နှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် Development Plan ကို ခေတ်စနစ်နှင့်အညီ ကောင်းမွန်စေရန် ရေးဆွဲသင့်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကပြောကြားသည်။
CITIC Consortium Myanmar Port Investment Limited မှ တာဝန်ရှိသူများက နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို နှစ်ဘက်ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက် (Conditions Precedent) ကိစ္စရပ်များနှင့် သက်ဆိုင်သည့်ဌာနများမှ တာဝန်ရှိသူများ၊ CITIC Consortium Myanmar Port Investment Limited မှ ဥက္ကဋ္ဌ Mr. Liang Chuanxin နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

ZawGyi Version:
ေက်ာက္ျဖဴစီးပြားေရးဇုန္ႏွင့္‌ေရနက္ဆိပ္ကမ္းအတြက္ Development Plan ေရးဆြဲ မည္
NP News မတ္လ (၁)

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ႏွင့္ေရနက္ဆိပ္ကမ္း အခ်ိန္မီၿပီးစီးႏိုင္ေရးအတြက္ Development Plan ေရးဆြဲမည္ျဖစ္ေၾကာင္း ျမန္မာ တ႐ုတ္ႏွစ္ႏိုင္ငံ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး မွသိရသည္။

မတ္လ ၁ ရက္ေန႔မြန္းလြဲပိုင္းက ေနျပည္ေတာ္ ႐ုံးအမွတ္- ၃ ၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ- ၁ ၌ ျမန္မာဘက္ ႏွင့္ တ႐ုတ္ CITIC ဘက္မွ ႏွစ္ဖက္ႀကိဳတင္ျဖည့္ဆည္းရမည့္အခ်က္မ်ား (Conditions Precedent) ႏွင့္စပ္လ်ဥ္းသည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို က်င္းပခဲ့ျခင္းျဖစ္သည္။
“ေရနက္ဆိပ္ကမ္းတည္ေဆာက္ေရးစီမံကိန္း ေဆာလ်င္စြာ စတင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံဘက္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုအားေကာင္းခိုင္မာလာေစရန္ႏွင့္ ေရနက္ဆိပ္ကမ္းစီမံကိန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေရးဆြဲထားသည့္ Development Plan ကို ေခတ္စနစ္ႏွင့္အညီ ေကာင္းမြန္ေစရန္ ေရးဆြဲသင့္ေၾကာင္း ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕ဥကၠ႒ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္ကေျပာၾကားသည္။
CITIC Consortium Myanmar Port Investment Limited မွ တာဝန္ရွိသူမ်ားက ႏွစ္ဖက္ႀကိဳတင္ျဖည့္ဆည္းရမည့္အခ်က္မ်ား (Conditions Precedent)ႏွင့္စပ္လ်ဥ္း၍ ေဆာင္႐ြက္ၿပီးစီးမႈအေျခအေနမ်ား၊ ဆက္လက္ေဆာင္႐ြက္ရမည့္ အေျခအေနမ်ားကို ႏွစ္ဘက္ဆက္လက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္း စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ျမန္မာဘက္ႏွင့္ CITIC ဘက္မွ ႏွစ္ဖက္ႀကိဳတင္ျဖည့္ဆည္းရမည့္အခ်က္ (Conditions Precedent) ကိစၥရပ္မ်ားႏွင့္ သက္ဆိုင္သည့္ဌာနမ်ားမွ တာဝန္ရွိသူမ်ား၊ CITIC Consortium Myanmar Port Investment Limited မွ ဥကၠ႒ Mr. Liang Chuanxin ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.