ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပကို ပနားမီးရေငန်ပုစွန် တန်ချိန် ၆၀၀၀ ခန့်တင်ပို့

 143

NP News မတ်လ (၁)
မြန်မာနိုင်ငံမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ်အတွင်း ပနားမီး ရေငန်ပုစွန် တန်ချိန်ပေါင်း ၆၀၀၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းမှသိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ် ၊ ထားဝယ် ၊ ကော့သောင်းစသည့် ခရိုင်များမှ ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပနားမီး ရေငန်ပုစွန် တန်ချိန် ၅၉၄၆ ဒသမ ၁၈၇ တန်တင်ပို့နိုင် ခဲ့ခြင်းဖြစ်သည်။

" တနင်္သာရီတိုင်းဒေသကြီး က ရေထွက်ကုန်ပစ္စည်းတွေကို တိုးမြှင့်တင်ပို့တာမှာ ထားဝယ်ခရိုင် ၊ မြိတ်ခရိုင် ၊ ကော့သောင်းခရိုင် က ရေထွက်ကုန် ပစ္စည်းတွေနဲ့ အခြားရေထွက်ကုန်ပစ္စည်းတွေကို ပြည်ပ ကိုတင်ပို့နေပါတယ်။မြန်မာနိုင်ငံမှာ ပနားမီး ရေငန်ပုဇွန်တွေကို ပြည်ပကိုနှစ်စဉ် တင်ပို့နေတာဟာ အခုဘဏ္ဍာနှစ်မှာဆို တန်ချိန်ပေါင်း ၅၉၄၆ ဒသမ ၁၈၇ တန် တင်ပို့နိုင်ခဲ့တာပါ ”ဟု မွေးမြူရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ ရေဖြူကျွန်းစု ၊ ပုလော နှင့် ကော့သောင်းစသည့် မြို့နယ်များ၌ ပနားမီး ပုဇွန်ဖြူကို မွေးမြူကြခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ရေဖြူမြို့နယ် ၊ ကျွန်းစုမြို့နယ် ၊ ပုလော မြို့နယ် ၊ ကော့သောင်းမြို့နယ်များ၌ ပနားမီး ပုဇွန်ကို ၂၂၁၇ ဒဿမ ၅၆ ဧက မွေးမြူ ထားပြီး ၊ အခြား သရက်ချောင်း ၊ မြိတ် ၊ ပုလော ၊ ဘုတ်ပြင်း ၊ ကော့သောင်းစတဲ့ မြို့နယ်များတွင် ၂၆၆၂ ဒဿမ ၆၈ ဧက နှင့် ကျွန်းစုမြို့နယ်တွင် ၃၉၀ ဒဿမ ၁၂ ဧက တိုးချဲ့မွေးမြူထားကြောင်းသိရသည်။

မြိတ်ခရိုင်အတွင်းမှာ ရေငန်ပုဇွန်မွေးမြူရေး ဧကပေါင်း ၁၅၀၀ ကျော်ရှိ ပြီး ယခု ဘဏ္ဍာနှစ်ရေးနှစ်မှာ မွေမြူရေးလုပ်ငန်း ၇ ခုထိ တိုးချဲ့ဆောင်ရွက်သွားမည်ဟုသိရသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္အတြင္း ျပည္ပကို ပနားမီးေရငန္ပုစြန္ တန္ခ်ိန္ ၆၀၀၀ ခန႔္တင္ပို႔
NP News မတ္လ (၁)
ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ယခုဘ႑ာႏွစ္အတြင္း ပနားမီး ေရငန္ပုစြန္ တန္ခ်ိန္ေပါင္း ၆၀၀၀ ခန႔္တင္ပို႔ႏိုင္ခဲ့ေၾကာင္း ေမြးျမဴေရးလုပ္ငန္းမွသိရသည္။

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ ၊ ထားဝယ္ ၊ ေကာ့ေသာင္းစသည့္ ခ႐ိုင္မ်ားမွ ယခု ဘ႑ာႏွစ္အတြင္း ျပည္ပသို႔ ပနားမီး ေရငန္ပုစြန္ တန္ခ်ိန္ ၅၉၄၆ ဒသမ ၁၈၇ တန္တင္ပို႔ႏိုင္ ခဲ့ျခင္းျဖစ္သည္။

" တနသၤာရီတိုင္းေဒသႀကီး က ေရထြက္ကုန္ပစၥည္းေတြကို တိုးျမႇင့္တင္ပို႔တာမွာ ထားဝယ္ခ႐ိုင္ ၊ ၿမိတ္ခ႐ိုင္ ၊ ေကာ့ေသာင္းခ႐ိုင္ က ေရထြက္ကုန္ ပစၥည္းေတြနဲ႔ အျခားေရထြက္ကုန္ပစၥည္းေတြကို ျပည္ပ ကိုတင္ပို႔ေနပါတယ္။ျမန္မာႏိုင္ငံမွာ ပနားမီး ေရငန္ပုဇြန္ေတြကို ျပည္ပကိုႏွစ္စဥ္ တင္ပို႔ေနတာဟာ အခုဘ႑ာႏွစ္မွာဆို တန္ခ်ိန္ေပါင္း ၅၉၄၆ ဒသမ ၁၈၇ တန္ တင္ပို႔ႏိုင္ခဲ့တာပါ ”ဟု ေမြးျမဴေရးလုပ္ငန္းမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

တနသၤာရီတိုင္းေဒသႀကီးရွိ ေရျဖဴကြၽန္းစု ၊ ပုေလာ ႏွင့္ ေကာ့ေသာင္းစသည့္ ၿမိဳ႕နယ္မ်ား၌ ပနားမီး ပုဇြန္ျဖဴကို ေမြးျမဴၾကျခင္းျဖစ္သည္။

တနသၤာရီတိုင္းေဒသႀကီး အတြင္းရွိ ေရျဖဴၿမိဳ႕နယ္ ၊ ကြၽန္းစုၿမိဳ႕နယ္ ၊ ပုေလာ ၿမိဳ႕နယ္ ၊ ေကာ့ေသာင္းၿမိဳ႕နယ္မ်ား၌ ပနားမီး ပုဇြန္ကို ၂၂၁၇ ဒႆမ ၅၆ ဧက ေမြးျမဴ ထားၿပီး ၊ အျခား သရက္ေခ်ာင္း ၊ ၿမိတ္ ၊ ပုေလာ ၊ ဘုတ္ျပင္း ၊ ေကာ့ေသာင္းစတဲ့ ၿမိဳ႕နယ္မ်ားတြင္ ၂၆၆၂ ဒႆမ ၆၈ ဧက ႏွင့္ ကြၽန္းစုၿမိဳ႕နယ္တြင္ ၃၉၀ ဒႆမ ၁၂ ဧက တိုးခ်ဲ႕ေမြးျမဴထားေၾကာင္းသိရသည္။

ၿမိတ္ခ႐ိုင္အတြင္းမွာ ေရငန္ပုဇြန္ေမြးျမဴေရး ဧကေပါင္း ၁၅၀၀ ေက်ာ္ရွိ ၿပီး ယခု ဘ႑ာႏွစ္ေရးႏွစ္မွာ ေမြျမဴေရးလုပ္ငန္း ၇ ခုထိ တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ဟုသိရသည္။

Related news

© 2021. All rights reserved.