တောင်ကိုရီးယား၏ ကလေးမွေးဖွားမှုနှုန်းက (၉)နှစ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်လာ

183

Pika (NP News) - မတ် ၂
တောင်ကိုရီးယားနိုင်ငံတွင် လက်ထပ်ထိမ်း မြားမှုတိုးမြင့်လာခြင်းကြောင့် အချိန်(၉)နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်ကိုရီးယား၏မွေးဖွားမှုနှုန်းသည် (၂၀၂၄)ခုနှစ်တွင် မြင့်တက်လာခဲ့ကြောင်း ဒေတာအချက် အလက်များအရ သိရသည်။ တောင်ကိုရီးယား၏ မွေးဖွားမှုနှုန်းမြင့်တက်လာမှုက နိုင်ငံ၏ လူဦးရေအကျပ်အတည်း သည် တစ်ထောင့်တစ်နေရာမှ ပြောင်းလဲသွားနိုင်သည့်လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေ သည်။
တောင်ကိုရီးယား၏ မွေးဖွားမှုနှုန်း၊ အမျိုးသမီးတစ်ဦး၏ မျိုးပွားနိုင်မှုသက်တမ်းအတွင်း ပျမ်းမျှ ကလေးမွေးဖွား နိုင်မှုနှုန်းသည် (၂၀၂၄)ခုနှစ်တွင် (ဝ ဒသမ ၇၅)ရာခိုင်နှုန်းတွင်ရှိနေသည်ဟု Statistics Korea အစိုးရဝန်ကြီးဌာန၏ ပြောကြားချက်များအရ သိရသည်။ (၂၀၂၃)ခုနှစ်တွင် တောင်ကိုရီးယား၏ ကလေးမွေးဖွားမှုနှုန်းသည် ရှစ်နှစ် ဆက်တိုက် (ဝ ဒသမ ၇၂) ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် အနိမ့်ဆုံး ကလေးမွေးဖွားမှု နှုန်းဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါကိန်းဂဏန်းသည် (၂၀၁၅)ခုနှစ် တွင် ရှိခဲ့သော တောင်ကိုရီးယား၏ ကလေးမွေးဖွားမှုနှုန်း (၁ ဒသမ ၂၄) ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်မည်ဆိုပါက သိသိသာသာကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိအချိန် တွင် ပြစ်တင်စွပ်စွဲခံနေရသော တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က အမျိုးသားလူဦးရေ အကျပ်အတည်းနှင့် ကလေး မွေးဖွားမှုနှုန်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဝန်ကြီးဌာနအသစ်တစ်ခုကို ဖန်တီးခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရသည် လူငယ်များကို အိမ်ထောင်ပြုရန် နှင့် ကလေးယူရန်အတွက် တွန်းအားပေးရန် အမျိုးမျိုးသောအစီအစဉ်များကို ချမှတ်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
Statistics Korea အစိုးရဝန်ကြီးဌာန၏ အရာရှိတစ်ဦးဖြစ်သူ ပါ့ခ်ဟွန်းဂျန်က ‘‘အိမ်ထောင်ပြုဖို့၊ ကလေးမွေး ဖွားတာတွေနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့အမြင်တွေနဲ့အတူ လူမှုရေးတန်ဖိုးပြောင်းလဲမှုတွေ ရှိလာပါပြီ” ဟု ပြောခဲ့သည်။

Zawgyi Version:
ေတာင္ကိုရီးယား၏ ကေလးေမြးဖြားမႈႏႈန္းက (၉)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ျမင့္တက္လာ
Pika (NP News) - မတ္ ၂
ေတာင္ကိုရီးယားႏိုင္ငံတြင္ လက္ထပ္ထိမ္း ျမားမႈတိုးျမင့္လာျခင္းေၾကာင့္ အခ်ိန္(၉)ႏွစ္အတြင္း ပထမဆုံး အႀကိမ္အျဖစ္ ေတာင္ကိုရီးယား၏ေမြးဖြားမႈႏႈန္းသည္ (၂၀၂၄)ခုႏွစ္တြင္ ျမင့္တက္လာခဲ့ေၾကာင္း ေဒတာအခ်က္ အလက္မ်ားအရ သိရသည္။ ေတာင္ကိုရီးယား၏ ေမြးဖြားမႈႏႈန္းျမင့္တက္လာမႈက ႏိုင္ငံ၏ လူဦးေရအက်ပ္အတည္း သည္ တစ္ေထာင့္တစ္ေနရာမွ ေျပာင္းလဲသြားႏိုင္သည့္လကၡဏာတစ္ရပ္ျဖစ္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေန သည္။
ေတာင္ကိုရီးယား၏ ေမြးဖြားမႈႏႈန္း၊ အမ်ိဳးသမီးတစ္ဦး၏ မ်ိဳးပြားႏိုင္မႈသက္တမ္းအတြင္း ပ်မ္းမွ် ကေလးေမြးဖြား ႏိုင္မႈႏႈန္းသည္ (၂၀၂၄)ခုႏွစ္တြင္ (ဝ ဒသမ ၇၅)ရာခိုင္ႏႈန္းတြင္ရွိေနသည္ဟု Statistics Korea အစိုးရဝန္ႀကီးဌာန၏ ေျပာၾကားခ်က္မ်ားအရ သိရသည္။ (၂၀၂၃)ခုႏွစ္တြင္ ေတာင္ကိုရီးယား၏ ကေလးေမြးဖြားမႈႏႈန္းသည္ ရွစ္ႏွစ္ ဆက္တိုက္ (ဝ ဒသမ ၇၂) ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားခဲ့ၿပီး ကမာၻတစ္ဝန္းတြင္ အနိမ့္ဆုံး ကေလးေမြးဖြားမႈ ႏႈန္းျဖစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါကိန္းဂဏန္းသည္ (၂၀၁၅)ခုႏွစ္ တြင္ ရွိခဲ့ေသာ ေတာင္ကိုရီးယား၏ ကေလးေမြးဖြားမႈႏႈန္း (၁ ဒသမ ၂၄) ရာခိုင္ႏႈန္း ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက သိသိသာသာက်ဆင္းသြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္ တြင္ ျပစ္တင္စြပ္စြဲခံေနရေသာ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က အမ်ိဳးသားလူဦးေရ အက်ပ္အတည္းႏွင့္ ကေလး ေမြးဖြားမႈႏႈန္းကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ ဝန္ႀကီးဌာနအသစ္တစ္ခုကို ဖန္တီးခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားအစိုးရသည္ လူငယ္မ်ားကို အိမ္ေထာင္ျပဳရန္ ႏွင့္ ကေလးယူရန္အတြက္ တြန္းအားေပးရန္ အမ်ိဳးမ်ိဳးေသာအစီအစဥ္မ်ားကို ခ်မွတ္လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။
Statistics Korea အစိုးရဝန္ႀကီးဌာန၏ အရာရွိတစ္ဦးျဖစ္သူ ပါ့ခ္ဟြန္းဂ်န္က ‘‘အိမ္ေထာင္ျပဳဖို႔၊ ကေလးေမြး ဖြားတာေတြနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့အျမင္ေတြနဲ႔အတူ လူမႈေရးတန္ဖိုးေျပာင္းလဲမႈေတြ ရွိလာပါၿပီ” ဟု ေျပာခဲ့သည္။