အမေရိကန်မှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်နိုင်တဲ့ တုပ်ကွေးကူးစက်မှုများဖြစ်ပွားနေ

 310

ရောင်နီ (NP News) - မတ် ၂

အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်နိုင်တဲ့ တုပ်ကွေး ကူးစက်မှုတွေဖြစ်ပွားနေတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေက ဖော်ပြထားပါ တယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ ရက် ကုန်ဆုံးတဲ့ ရက်သတ္တပတ်အတွင်း အမေရိကန်မှာ လူတစ်သိန်းစီမှာ တုပ်ကွေးကြောင့် ဆေးရုံတက်ရသူ ၆ ဦးထက်မနည်း ရှိနေတယ်လို့ CDC အချက်အလက်များအရ သိရပါတယ်။ ဒီအရေအတွက်ဟာ အစောပိုင်း သီတင်းနှစ်ပတ်ကထက် ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပေမယ့် ၁၅ နှစ်အတွင်း ရာသီတုပ်ကွေး ဖြစ်ပွားမှုမှာတော့ ကူးစက်မှု ပိုများနေသေးတယ်လို့ ဆိုပါတယ်။ CDC ခန့်မှန်းချက်အရ ယခုတုပ်ကွေးရာသီမှာ အနည်းဆုံးဖျားနာသူ ၃၇ သန်း၊ ဆေးရုံတက်ရသူ ၄၈၀,၀၀၀၊ တုပ်ကွေးရောဂါကြောင့် သေဆုံးမှု ၂၁,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်အထိအတွင်း တုပ်ကွေးရာသီမှာ အမေရိကန်ပြည်ထောင်စုမှာ တုပ်ကွေးရောဂါ ကူးစက်မှု နှုန်းဟာ Covid-19 ဆေးရုံတက်ရနှုန်းထက် နှစ်ဆနီးပါးမြင့်မားနေတယ်လို့ CDC အချက်အလက်တွေအရ သိရပါ တယ်။ ကာကွယ်ဆေးထိုးခြင်းဟာ တုပ်ကွေးရဲ့ပြင်းထန်လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပေမယ့် ကာကွယ်ဆေး ထိုးနှုန်းဟာ ယခုရာသီမှာ နည်းပါးပါတယ်။

ကြသပတေးနေ့(ဖေဖော်ဝါရီ ၂၇ ရက်) က CDC မှ ထုတ်ပြန်တဲ့အချက်အလက်တွေအရ ကာကွယ်ဆေးထိုးခြင်းဟာ ကလေးတွေမှာ ၆၃ ရာခိုင်နှုန်း နဲ့ ၇၈ ရာခိုင်နှုန်းကြား ထိရောက်မှုရှိပြီး အရွယ်ရောက်ပြီးသူတွေမှာတော့ ၄၁ ရာခိုင်နှုန်း နဲ့ ၅၅ ရာခိုင်နှုန်းအကြား ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

Zawgyi Version:
အေမရိကန္မွာ ဆယ္စုႏွစ္အတြင္း အဆိုး႐ြားဆုံးအေျခအေနျဖစ္ႏိုင္တဲ့ တုပ္ေကြးကူးစက္မႈမ်ားျဖစ္ပြားေန
ေရာင္နီ (NP News) - မတ္ ၂

အေမရိကန္ျပည္ေထာင္စုမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း အဆိုး႐ြားဆုံးအေျခအေနျဖစ္ႏိုင္တဲ့ တုပ္ေကြး ကူးစက္မႈေတြျဖစ္ပြားေနတယ္လို႔ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာေတြက ေဖာ္ျပထားပါ တယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ ၂၂ ရက္ ကုန္ဆုံးတဲ့ ရက္သတၱပတ္အတြင္း အေမရိကန္မွာ လူတစ္သိန္းစီမွာ တုပ္ေကြးေၾကာင့္ ေဆး႐ုံတက္ရသူ ၆ ဦးထက္မနည္း ရွိေနတယ္လို႔ CDC အခ်က္အလက္မ်ားအရ သိရပါတယ္။ ဒီအေရအတြက္ဟာ အေစာပိုင္း သီတင္းႏွစ္ပတ္ကထက္ ထက္ဝက္ခန႔္ ေလ်ာ့နည္းသြားခဲ့ေပမယ့္ ၁၅ ႏွစ္အတြင္း ရာသီတုပ္ေကြး ျဖစ္ပြားမႈမွာေတာ့ ကူးစက္မႈ ပိုမ်ားေနေသးတယ္လို႔ ဆိုပါတယ္။ CDC ခန႔္မွန္းခ်က္အရ ယခုတုပ္ေကြးရာသီမွာ အနည္းဆုံးဖ်ားနာသူ ၃၇ သန္း၊ ေဆး႐ုံတက္ရသူ ၄၈၀,၀၀၀၊ တုပ္ေကြးေရာဂါေၾကာင့္ ေသဆုံးမႈ ၂၁,၀၀၀ ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။
ေဖေဖာ္ဝါရီလ ၂၂ ရက္အထိအတြင္း တုပ္ေကြးရာသီမွာ အေမရိကန္ျပည္ေထာင္စုမွာ တုပ္ေကြးေရာဂါ ကူးစက္မႈ ႏႈန္းဟာ Covid-19 ေဆး႐ုံတက္ရႏႈန္းထက္ ႏွစ္ဆနီးပါးျမင့္မားေနတယ္လို႔ CDC အခ်က္အလက္ေတြအရ သိရပါ တယ္။ ကာကြယ္ေဆးထိုးျခင္းဟာ တုပ္ေကြးရဲ႕ျပင္းထန္လကၡဏာေတြကို ကာကြယ္ေပးႏိုင္ေပမယ့္ ကာကြယ္ေဆး ထိုးႏႈန္းဟာ ယခုရာသီမွာ နည္းပါးပါတယ္။

ၾကသပေတးေန႔(ေဖေဖာ္ဝါရီ ၂၇ ရက္) က CDC မွ ထုတ္ျပန္တဲ့အခ်က္အလက္ေတြအရ ကာကြယ္ေဆးထိုးျခင္းဟာ ကေလးေတြမွာ ၆၃ ရာခိုင္ႏႈန္း နဲ႔ ၇၈ ရာခိုင္ႏႈန္းၾကား ထိေရာက္မႈရွိၿပီး အ႐ြယ္ေရာက္ၿပီးသူေတြမွာေတာ့ ၄၁ ရာခိုင္ႏႈန္း နဲ႔ ၅၅ ရာခိုင္ႏႈန္းအၾကား ထိေရာက္မႈရွိတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.