ယူကရိန်းသမ္မတက အမေရိကန်သမ္မတကို တောင်းပန်မှာ မဟုတ်ဟုပြော

1233

ဂျန်ဇက် (NP News) - မတ် ၂
ယူကရိန်းသမ္မတ ဇီလန်စကီးက ၄င်းအနေနဲ့ အမေရိကန်သမ္မတထရမ့်ကို ပြန်လည်တောင်းပန်ဖို့ ငြင်းဆန်လိုက် ကြောင်း သိရပါတယ်။ ဇီလန်စကီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းနိုင်ငံရဲ့သတ္တုတွင်းဆိုင်ရာ လုပ်ခွင့်သဘော တူညီမှုစာချုပ်ချုပ်ဆိုရေးနဲ့ပတ်သက်ပြီးဆွေးနွေးချိန်အတွင်း အပြန်အလှန်အငြင်းပွားကာ အိမ်ဖြူတော်ခန်းမထဲက ထွက်သွားခဲ့ကြောင်း သိရပါတယ်။
အိမ်ဖြူတော်မှာ ဆွေးနွေးချိန်အတွင်း သမ္မတနှစ်ဦးဟာ အော်ဟစ်ငြင်းခုံတာတွေရှိခဲ့ပါတယ်။ ဇီလန်စကီးက အမေရိကန်သမ္မတနဲ့ဆွေးနွေးချိန်အတွင်း ၄င်းရဲ့အပြုအမူတွေဟာ ဆိုးရွားခဲ့တယ်လို့မထင်ကြောင်း ကာကွယ် ပြောဆိုခဲ့ပါတယ်ပါတယ်။
ဇီလန်စကီးက အမေရိကန်သမ္မတ အပြင် ဒုတိယသမ္မတနဲ့ဆွေးနွေးချိန်အတွင်း အမှားယွင်းတစ်စုံတရာ လုပ်ခဲ့တယ် လို့မထင်ကြောင်း ပြောပါတယ်။
ယူကရိန်း သမ္မတက "ကျွန်တော်ဟာ အမေရိကန်သမ္မတ အမေရိကန်ပြည်သူတွေကို မလေးမစားလုပ်ခဲ့တာမျိုး မရှိဘူး။ ကျွန်တော်ရဲ့အပြုအမူတွေ ဆိုးရွားခဲ့တာမျိုးမရှိဘူး" လို့ ပြောပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးချိန်တွင်း ထရမ့်က ဇီလန်စကီးအနေနဲ့ အာဏာရှင်ပုံစံမျိုး ရပ်တည်တာမျိုးမလုပ်သင့် ကြောင်း ပြောဆိုရာကနေ နှစ်ဦး အပြန်အလှန်အငြင်းပွားကာ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ ထရမ့်က ဇီလန်စကီးဟာ အမေရိကန်အစိုးရရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ အမေရိကန်ပြည်သူတွေကို မလေးမစားလုပ်ခဲ့ကြောင်း ပြောပါတယ်။
ထရမ့် နဲ့ ဇီလန်စကီးတို့ဟာ အိမ်ဖြူတော်မှာ မတွေ့ဆုံခင်အချိန်တည်းက သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး အပြန်လှန်ဝေဖန်ပြစ်တင်တာတွေ ရှိခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းသမၼတက အေမရိကန္သမၼတကို ေတာင္းပန္မွာ မဟုတ္ဟုေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂
ယူကရိန္းသမၼတ ဇီလန္စကီးက ၄င္းအေနနဲ႔ အေမရိကန္သမၼတထရမ့္ကို ျပန္လည္ေတာင္းပန္ဖို႔ ျငင္းဆန္လိုက္ ေၾကာင္း သိရပါတယ္။ ဇီလန္စကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းႏိုင္ငံရဲ႕သတၱဳတြင္းဆိုင္ရာ လုပ္ခြင့္သေဘာ တူညီမႈစာခ်ဳပ္ခ်ဳပ္ဆိုေရးနဲ႔ပတ္သက္ၿပီးေဆြးေႏြးခ်ိန္အတြင္း အျပန္အလွန္အျငင္းပြားကာ အိမ္ျဖဴေတာ္ခန္းမထဲက ထြက္သြားခဲ့ေၾကာင္း သိရပါတယ္။
အိမ္ျဖဴေတာ္မွာ ေဆြးေႏြးခ်ိန္အတြင္း သမၼတႏွစ္ဦးဟာ ေအာ္ဟစ္ျငင္းခုံတာေတြရွိခဲ့ပါတယ္။ ဇီလန္စကီးက အေမရိကန္သမၼတနဲ႔ေဆြးေႏြးခ်ိန္အတြင္း ၄င္းရဲ႕အျပဳအမူေတြဟာ ဆိုး႐ြားခဲ့တယ္လို႔မထင္ေၾကာင္း ကာကြယ္ ေျပာဆိုခဲ့ပါတယ္ပါတယ္။
ဇီလန္စကီးက အေမရိကန္သမၼတ အျပင္ ဒုတိယသမၼတနဲ႔ေဆြးေႏြးခ်ိန္အတြင္း အမွားယြင္းတစ္စုံတရာ လုပ္ခဲ့တယ္ လို႔မထင္ေၾကာင္း ေျပာပါတယ္။
ယူကရိန္း သမၼတက "ကြၽန္ေတာ္ဟာ အေမရိကန္သမၼတ အေမရိကန္ျပည္သူေတြကို မေလးမစားလုပ္ခဲ့တာမ်ိဳး မရွိဘူး။ ကြၽန္ေတာ္ရဲ႕အျပဳအမူေတြ ဆိုး႐ြားခဲ့တာမ်ိဳးမရွိဘူး" လို႔ ေျပာပါတယ္။
အဆိုပါေတြ႕ဆုံေဆြးေႏြးခ်ိန္တြင္း ထရမ့္က ဇီလန္စကီးအေနနဲ႔ အာဏာရွင္ပုံစံမ်ိဳး ရပ္တည္တာမ်ိဳးမလုပ္သင့္ ေၾကာင္း ေျပာဆိုရာကေန ႏွစ္ဦး အျပန္အလွန္အျငင္းပြားကာ စြပ္စြဲခဲ့တာျဖစ္ပါတယ္။ ထရမ့္က ဇီလန္စကီးဟာ အေမရိကန္အစိုးရရဲ႕ ဘဲဥပုံ ႐ုံးခန္းထဲမွာ အေမရိကန္ျပည္သူေတြကို မေလးမစားလုပ္ခဲ့ေၾကာင္း ေျပာပါတယ္။
ထရမ့္ နဲ႔ ဇီလန္စကီးတို႔ဟာ အိမ္ျဖဴေတာ္မွာ မေတြ႕ဆုံခင္အခ်ိန္တည္းက သေဘာထားကြဲလြဲမႈေတြရွိခဲ့ၿပီး အျပန္လွန္ေဝဖန္ျပစ္တင္တာေတြ ရွိခဲ့ပါတယ္။