မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည့် MMQR အရေးကြီးသလား၊ FATA ဆိုတာ ဘာလဲ

718

Htay Oung (NP News) - မတ် ၂
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ နေပြည်တော်မှာ မြန်မာနိုင်ငံ ဒီဂျစ်တယ်ငွေပေးချေမှု National QR Standard ဖြစ်တဲ MMQR စတင်အသုံးပြုခြင်း အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲ့ဒီရက်မတိုင်မီ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောဆိုရာမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှု များမှာ ငွေကြေးထောက်ပံ့မှုနဲ့ လူအများအပြားသေကြေပျက်စီးစေတဲ့လက်နက်ပြန့်ပွားရေးမှာ ငွေကြေးထောက်ပံ့ နေမှုတို့ကို နိုင်ငံတော်နေနဲ့ တိုက်ဖျက်နေတယ်လို့ ပါရှိခဲ့ပါတယ်။
နစက ဥက္ကဌနဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌတို့ရဲ့ ပြောဆိုချက်ဟာ ဦးတည်ချက်မှာ တူညီနေပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် ပြင်သစ်နိုင်ငံ ပါရီမြို့မှာ “ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှု တာဝန်အဖွဲ့” FATF ကို မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌနဲ့အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု အတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ FATF စံနှုန်းများ လိုက်နာမှု အခြေအနေကို ပြန်လည်ဆန်းစစ်ရန်၊ မြန်မာနိုင်ငံ ဟာ FATF အဖွဲ့က သတ်မှတ်ထားတဲ့ High-Risk Jurisdiction “ငွေကြေးဆိုင်ရာပြစ်မှုကာကွယ်ရေးလိုက်နာမှု အားအနည်းဆုံး စာရင်းဝင်” အဖြစ်မှ လွတ်မြောက်ဖို့အတွက် နှစ်ဖက်ဆွေးနွေးကြခြင်းဖြစ်ပါတယ်။
.
ဒီနေရာမှာ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှု တာဝန်အဖွဲ့ FATF ဆိုတာ အရင်ဆုံး ရှင်းပြရပါတယ်။ ၁၉၈၉-ခုနှစ် ပြင်သစ်နိုင်ငံမှာ G7 ခေါ် စက်မှုထိပ်သီး ၇-နိုင်ငံတို့က စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရအချင်းချင်းကြားခံအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဝါဒအပေါ် ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရန် ရည်ရွယ်ပါတယ်။ ယနေ့ခေတ် နိုင်ငံအချင်းချင်း ကုန်သွယ်မှုပြုလုပ်ကြခြင်းဟာ မပျက်မကွက်ပြုလုပ်ကြမြဲကိစ္စတစ်ခုဖြစ်နေပြီး သက်ဆိုင်ရာနိုင်ငံသုံး ငွေကြေးနဲ့ချိတ်ဆက်ပြီး ရောင်းဝယ်ကြရပါတယ်။ အဲဒီအခါ ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ ငွေကြေးခဝါချခြင်း၊ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံများအတွက် နစ်နာဆုံးရှုံးရခြင်းမှ ကာကွယ်ရေးစံနှုန်းများ ချမှတ်ရန်ဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ဟာ ကမ္ဘာ့နိုင်ငံများရဲ့ ငွေကြေးစနစ်များကို စောင့်ကြည့်နေပြီး ဘယ်နိုင်ငံရဲ့ ငွေကြေးဟာ သူတို့ အဖွဲ့ ရဲ့ စံနှုန်းများကို လိုက်နာမှု အားအနည်းဆုံး “အမည်းရောင်စာရင်း” နဲ့ သတိပေး “မီးခိုးရောင်စာရင်း” အတွင်း ထည့်သွင်းပါတယ်။
ယနေ့အထိ FATF အဖွဲ့ဝင်နိုင်ငံ ၄၀ ရှိပေမယ့် အဲဒီအဖွဲ့ကြီးရဲ့လမ်းညွှန်ချက်ကို ကမ္ဘာ့နိုင်ငံအများအပြားတို့က လိုက်နာကြပါတယ်။ FATF ဟာ နိုင်ငံရေးနဲ့မပတ်သက် ကုလသမဂ္ဂရဲ့တိုက်ရိုက်လက်အောက်ခံအဖွဲ့အစည်း မဟုတ်ပေမယ့် ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ မြန်မာနိုင်ငံသုံး ကျပ်ငွေဟာ ဘယ်နိုင်ငံမျှ တရားဝင်လဲလှယ်နိုင် ခြင်း မရှိပေမယ့် အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သည်အချင်းချင်းကြား အသုံးပြုနေပါတယ်။ မီးခိုးရောင်-အမည်းရောင်စာရင်းအတွင်း ထည့်သွင်းခြင်းဟာ အဲဒီနိုင်ငံ အစိုးရကို နိုင်ငံရေးအရ အရေးယူခြင်း မဟုတ်ပဲ ငွေကြေး ထုတ်ဝေခြင်း/လည်ပတ်သုံးစွဲရာမှာ တာဝန်ခံတာဝန်ရှိသူအနေနဲ့ သတိပေးခြင်း၊ ပြန်လည် ထိန်းသိမ်းရေးအတွက် နည်းပညာနဲ့ နည်းဗျူဟာများ ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာသိ ဘိန်းစိုက်ပျိူးထုတ်လုပ်မှုနဲ့ စိတ်ကြွရူးသွပ်ဆေးကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအားလုံးက တားမြစ်ထားတဲ့ အဲဒီလုပ်ငန်းက ရရှိတဲ့ငွေကြေးများကို ငွေဖြူအဖြစ် ခဝါချပြီး နိုင်ငံ အချင်းချင်း ကုန်သွယ်ရာမှာ ထည့်သွင်းလာခဲ့ရင် နိုင်ငံတကာငွေကြေးစနစ်မှာ ထိခိုက်နိုင်ပါတယ်။
မြန်မာဟာ FATF အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း အာရှ-ပစိဖိတ်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအုပ်စု APG အဖွဲ့ဝင်အဖြစ် ၂၀၀၆ ခုနှစ်ကတည်းက ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ၂၀၀၈-ခုနှစ်မှာ FATF က မြန်မာနိုင်ငံသုံးကျပ် ငွေ သုံးစွဲလည်ပတ်မှုကို စတင်စောင့်ကြည့်ခဲ့ပါတယ်။ ၂၀၁၀-ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် မြန်မာနိုင်ငံဟာ AML/CFT “ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး စည်းမျဉ်းနှင့် ကြီးကြပ်မှု မူဘောင်” ကို အပြည့်အ၀ လိုက်နာတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒီအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး FAFT က လမ်းညွှန်ချက် သတိပေးချက်၊ စီရင်ပိုင်ခွင့်များ ချမှတ်ပေးခဲ့ပါတယ်။
.
မြန်မာနိုင်ငံ မူးယစ်ဆေး ငွေကြေးများနဲ့ဆက်နွယ်တယ်လို့ အမေရိကန်က သတ်မှတ်ခြင်းကြောင့် အာရှဓနဘဏ်နဲ့ မေဖလားဝါးဘဏ်တို့ရဲ့လုပ်ငန်းလိုင်စင်ကို အစိုးရက ပယ်ဖျက်လိုက်ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံသုံး ငွေကြေးဟာ ငွေမည်းခဝါချခြင်း- အကြမ်းဖက်ထောက်ပံ့ခြင်းမှာ ဆက်နွယ်နေတယ်လို FATF က သတိပေးပါတယ်။ ဒါပေမယ့် မဟာဗျူဟာမြောက်ဆောင်ရွက်ဖွယ်ရာများကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ခြင်း မရှိတဲ့အတွက် ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်မြန်မာနိုင်ငံကို “မီးခိုးရောင်စာရင်းဝင်နိုင်ငံ” အဖြစ် FATF က သတ်မှတ်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ အာဏာအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် နိုင်ငံအနှံအပြားမှာ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဟာ လုံခြုံရေးပျက်ပြားနေတဲ့ အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး ကမ္ဘာ့အများဆုံးဖြစ်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်က သတင်းထုတ်ပြန်ပါတယ်။ ယခင်ပ ဘိန်းစိုက်ပျိုးခြင်း မရှိခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း၊ ကချင်၊ ကယား၊ ချင်းပြည်နယ်တို့မှာ ဘိန်းစိုက်ပျိုးလာ ကြပြီး စိတ်ကြွဆေးကုန်ကူးမှုပါ ထပ်ဆောင်းလာပါတယ်။ အမြတ်အစွန်းများပြားလှတဲ့ မက်သာဖက်တမင်းတွေ ဟာ နိုင်ငံတကာအရောက်ပျံ့နှံ့သွားပြီး အချို့ဟာ မြန်မာကျပ်ငွေအဖြစ် ပြည်တွင်းကို ပြန်လည်စီးဝင်လာပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံဟာ FATF ရဲ့ အမည်းရောင်စာရင်းဝင်နိုင်ငံဖြစ်သွားပါတယ်။
နစက အစိုရ ထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့ နယ်မြေများမှာ သစ်ခိုးထုတ်ခြင်း၊ ရွှေတူးခြင်း ရေနံတူးခြင်းတို့မှာ နေ့ စဉ် ကျပ်ငွေပေါင်း ထောင်သောင်းချီ ရှိနေပါတယ်။ ဒီနေရာမှာ အဲ့ဒီငွေကြေးတွေဟာ ဘယ်တရားဝင်အဖွဲ့အစည်း ကို အခွန်ပေးဆောင်ကြောင်း၊ အဲ့ဒီအဖွဲ့အစည်းကလဲ ဒီငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးစွဲကြောင်း ကမ္ဘာသိ ပြသနိုင်ရပါလိမ့်မယ်။ အဝှာတို့အဖွဲ့ဖြစ်စေ PDFs, EAOs တို့ရဲ့ ဝါးတားဂိတ်များမှာ နေ့စဉ် ကျပ်သိန်း ထောင်ချီ ငွေကြေးများဟာ ဘယ်သူ ဘယ်လိုပဲရရ တရားဝင်တယ်လို့ မသတ်မှတ်နိုင်ဘူး။ အဲဒီငွေကြေးတွေဟာ ကုန်သည် ချင်း သမာအာဇီဝ ငွေပေးငွေယူကိစ္စများအပေါ် အကြီးအကျယ်အနှောင့်အယှက်ဖြစ်စေပါတယ်။
တရားမဝင်လက်နက်ရောင်းဝယ်တယ်ဆိုတာ တရုတ်နဲ့ ရုရှားက နစကထံပဲ ရောင်းရောင်း အလှူခံ- ထီဖွင့်- သီ ဆိုဖျော်ဖြေပွဲငွေဖြစ်စေ တရားဝင် ငွေရလမ်းကိုဖော်ပြနိုင်ပြီး၊ အပြည်ပြည်ဆိုင်ရာလက်နက်ကုန်သွယ်မှုစာချုပ် (Arms Trade Treaty) နဲ့ မကိုက်ညီသရွေ့ လက်နက်မှောင်ခိုကုန်ကူးခြင်း ဖြစ်ပါတယ်။ အဲ့ဒါဟာ ငွေကြေး ခဝါချမှုနဲ့ လည်း ငြိစွန်းနေပါတယ်။ Mobil Payment အမျိုးမျိုးနဲ့ ငွေပေးချေမှုအမျိုးမျိုးတို့ဟာ အစိုးရသာမက သက်ဆိုင်ရာ ဘဏ်အနေနဲ့လည်း နောက်ကြောင်းပြန် ခြေရာကောက်ဖို့ ခက်ခဲပါတယ်။ ဒါတွေအားလုံးဟာ မြန်မာကျပ်ငွေနဲ့ အသုံးပြုခြင်းနဲ့ ပတ်သက်နေပါတယ်။
အဲဒီအခက်ခဲအားလုံးကို ဖြေရှင်းနိုင်တာကတော့ National QR Standard နဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် တရားဝင်လည်ပတ်နေတဲ့ငွေကြေးကို ဖျက်သိမ်းခြင်းမပြုဘဲ လွှဲပြောင်းမှု လွယ်ကူ မြန်ဆန်တဲ့ အစားထိုးနည်းလမ်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ခလစာပေးချေမှုများ၊ စားသုံး သူများအတွက် အဆင်ပြေချော မွေ့စေပါတယ်။ ငွေသားကိုင်ဆောင်စရာ မလိုတဲ့အတွက် ငွေစက္ကူ ရိုက်နှိပ် စရိတ် သက်သာခြင်း၊ ပမာဏတစ်ခုအတွင်း လည်ပတ်သုံးစွဲတဲ့အတွက် ငွေကြေးတန်ဖိုး အတက်အကျကို အထိုက် အလျောက် တည်ငြိမ်စေပါတယ်။
အခြားတစ်ဖက်မှာလည်း ငွေကြေးလွှဲပြောင်းမှုကို ခြေရာခံနိုင်ပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ထောက်ပံ့ ခြင်းကို ထိန်းချုပ်နိုင်ပါတယ်။ ဘိန်း- မူးယစ်ဆေးတို့လို တရားမဝင်ငွေကြေးစီးဆင်းမှုကို လျှော့ချနိုင်ပါတယ်။ Encryption နဲ့ Authentication စနစ်ပါရှိတဲ့အတွက် ငွေကြေးဆိုင်ရာ လိမ်လည်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
တကယ်တော့ National QR Standard နဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုဟာ အမေရိကန်နဲ့ ဥရောပအပါအဝင် နိုင်ငံတကာမှာ အသုံးပြုနေတာ ကြာပါပြီ။ (၁) အာရှ-ပစိဖိတ်ဒေသမှာ တရုတ်: Alipay နဲ့ WeChat Pay ၊ အိန္ဒိယ: UPI နဲ့ BHIM စင်္ကာပူ: PayNow နဲ့ SGQR၊ ထိုင်း: PromptPay နဲ့ Thai QR Payment၊ မလေးရှား: DuitNow နဲ့ Boost ၊ဗီယက်နမ်: VietQR နဲ့ Momo တို့ကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။
#HtayOung, #OungMarine
#National_QR_Standard #MMQR #မြန်မာကျပ်ငွေ #FATF #မြန်မာနိုင်ငံဗဟိုဘဏ်
#ငွေကြေးဆိုင်ရာ_လုပ်ဆောင်မှု_တာဝန်အဖွဲ့

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ အေကာင္အထည္ေဖာ္လ်က္ရွိသည့္ MMQR အေရးႀကီးသလား၊ FATA ဆိုတာ ဘာလဲ
Htay Oung (NP News) - မတ္ ၂
လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၇ ေနျပည္ေတာ္မွာ ျမန္မာႏိုင္ငံ ဒီဂ်စ္တယ္ေငြေပးေခ်မႈ National QR Standard ျဖစ္တဲ MMQR စတင္အသုံးျပဳျခင္း အခမ္းအနားကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ဖြင့္လွစ္ေပးခဲ့ပါတယ္။
အဲ့ဒီရက္မတိုင္မီ ျမန္မာႏိုင္ငံဗဟိုဘဏ္ဥကၠဌ ေဒၚသန္းသန္းေဆြက ေျပာဆိုရာမွာ ေငြေၾကးခဝါခ်မႈ၊ အၾကမ္းဖက္မႈ မ်ားမွာ ေငြေၾကးေထာက္ပံ့မႈနဲ႔ လူအမ်ားအျပားေသေၾကပ်က္စီးေစတဲ့လက္နက္ျပန႔္ပြားေရးမွာ ေငြေၾကးေထာက္ပံ့ ေနမႈတို႔ကို ႏိုင္ငံေတာ္ေနနဲ႔ တိုက္ဖ်က္ေနတယ္လို႔ ပါရွိခဲ့ပါတယ္။
နစက ဥကၠဌနဲ႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဥကၠဌတို႔ရဲ႕ ေျပာဆိုခ်က္ဟာ ဦးတည္ခ်က္မွာ တူညီေနပါတယ္။ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၁ ရက္ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာ “ ေငြေၾကးဆိုင္ရာ လုပ္ေဆာင္မႈ တာဝန္အဖြဲ႕” FATF ကို ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဥကၠဌနဲ႔အဖြဲ႕က သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ ျမန္မာႏိုင္ငံဟာ ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္မႈ အတြက္ ေငြေၾကးေထာက္ပံ့မႈဆိုင္ရာ FATF စံႏႈန္းမ်ား လိုက္နာမႈ အေျခအေနကို ျပန္လည္ဆန္းစစ္ရန္၊ ျမန္မာႏိုင္ငံ ဟာ FATF အဖြဲ႕က သတ္မွတ္ထားတဲ့ High-Risk Jurisdiction “ေငြေၾကးဆိုင္ရာျပစ္မႈကာကြယ္ေရးလိုက္နာမႈ အားအနည္းဆုံး စာရင္းဝင္” အျဖစ္မွ လြတ္ေျမာက္ဖို႔အတြက္ ႏွစ္ဖက္ေဆြးေႏြးၾကျခင္းျဖစ္ပါတယ္။
.
ဒီေနရာမွာ ေငြေၾကးဆိုင္ရာ လုပ္ေဆာင္မႈ တာဝန္အဖြဲ႕ FATF ဆိုတာ အရင္ဆုံး ရွင္းျပရပါတယ္။ ၁၉၈၉-ခုႏွစ္ ျပင္သစ္ႏိုင္ငံမွာ G7 ေခၚ စက္မႈထိပ္သီး ၇-ႏိုင္ငံတို႔က စတင္ဖြဲ႕စည္းခဲ့တဲ့ အစိုးရအခ်င္းခ်င္းၾကားခံအဖြဲ႕အစည္း တစ္ခုျဖစ္ၿပီး ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္ဝါဒအေပၚ ေငြေၾကးေထာက္ပံ့မႈကို တိုက္ဖ်က္ရန္ ရည္႐ြယ္ပါတယ္။ ယေန႔ေခတ္ ႏိုင္ငံအခ်င္းခ်င္း ကုန္သြယ္မႈျပဳလုပ္ၾကျခင္းဟာ မပ်က္မကြက္ျပဳလုပ္ၾကၿမဲကိစၥတစ္ခုျဖစ္ေနၿပီး သက္ဆိုင္ရာႏိုင္ငံသုံး ေငြေၾကးနဲ႔ခ်ိတ္ဆက္ၿပီး ေရာင္းဝယ္ၾကရပါတယ္။ အဲဒီအခါ ကုန္သြယ္ဖက္ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ ေငြေၾကးစနစ္ဟာ ေငြေၾကးခဝါခ်ျခင္း၊ အၾကမ္းဖက္မႈမွာ ပါဝင္ပတ္သက္ေနမယ္ဆိုရင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအတြက္ နစ္နာဆုံးရႈံးရျခင္းမွ ကာကြယ္ေရးစံႏႈန္းမ်ား ခ်မွတ္ရန္ျဖစ္ပါတယ္။
အဲ့ဒီအဖြဲ႕ဟာ ကမာၻ႔ႏိုင္ငံမ်ားရဲ႕ ေငြေၾကးစနစ္မ်ားကို ေစာင့္ၾကည့္ေနၿပီး ဘယ္ႏိုင္ငံရဲ႕ ေငြေၾကးဟာ သူတို႔ အဖြဲ႕ ရဲ႕ စံႏႈန္းမ်ားကို လိုက္နာမႈ အားအနည္းဆုံး “အမည္းေရာင္စာရင္း” နဲ႔ သတိေပး “မီးခိုးေရာင္စာရင္း” အတြင္း ထည့္သြင္းပါတယ္။
ယေန႔အထိ FATF အဖြဲ႕ဝင္ႏိုင္ငံ ၄၀ ရွိေပမယ့္ အဲဒီအဖြဲ႕ႀကီးရဲ႕လမ္းၫႊန္ခ်က္ကို ကမာၻ႔ႏိုင္ငံအမ်ားအျပားတို႔က လိုက္နာၾကပါတယ္။ FATF ဟာ ႏိုင္ငံေရးနဲ႔မပတ္သက္ ကုလသမဂၢရဲ႕တိုက္႐ိုက္လက္ေအာက္ခံအဖြဲ႕အစည္း မဟုတ္ေပမယ့္ ပူးေပါင္းေဆာင္႐ြက္မႈရွိပါတယ္။ ျမန္မာႏိုင္ငံသုံး က်ပ္ေငြဟာ ဘယ္ႏိုင္ငံမွ် တရားဝင္လဲလွယ္ႏိုင္ ျခင္း မရွိေပမယ့္ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ ကုန္သည္အခ်င္းခ်င္းၾကား အသုံးျပဳေနပါတယ္။ မီးခိုးေရာင္-အမည္းေရာင္စာရင္းအတြင္း ထည့္သြင္းျခင္းဟာ အဲဒီႏိုင္ငံ အစိုးရကို ႏိုင္ငံေရးအရ အေရးယူျခင္း မဟုတ္ပဲ ေငြေၾကး ထုတ္ေဝျခင္း/လည္ပတ္သုံးစြဲရာမွာ တာဝန္ခံတာဝန္ရွိသူအေနနဲ႔ သတိေပးျခင္း၊ ျပန္လည္ ထိန္းသိမ္းေရးအတြက္ နည္းပညာနဲ႔ နည္းဗ်ဴဟာမ်ား ပံ့ပိုးေပးဖို႔ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံဟာ ကမာၻသိ ဘိန္းစိုက္ပ်ိဴးထုတ္လုပ္မႈနဲ႔ စိတ္ႂကြ႐ူးသြပ္ေဆးကုန္သြယ္မႈ အမ်ားဆုံးႏိုင္ငံျဖစ္ပါတယ္။ ကမာၻ႔ႏိုင္ငံအားလုံးက တားျမစ္ထားတဲ့ အဲဒီလုပ္ငန္းက ရရွိတဲ့ေငြေၾကးမ်ားကို ေငြျဖဴအျဖစ္ ခဝါခ်ၿပီး ႏိုင္ငံ အခ်င္းခ်င္း ကုန္သြယ္ရာမွာ ထည့္သြင္းလာခဲ့ရင္ ႏိုင္ငံတကာေငြေၾကးစနစ္မွာ ထိခိုက္ႏိုင္ပါတယ္။
ျမန္မာဟာ FATF အဖြဲ႕ဝင္ႏိုင္ငံမဟုတ္ေသာ္လည္း အာရွ-ပစိဖိတ္ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးအုပ္စု APG အဖြဲ႕ဝင္အျဖစ္ ၂၀၀၆ ခုႏွစ္ကတည္းက ပါဝင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ၂၀၀၈-ခုႏွစ္မွာ FATF က ျမန္မာႏိုင္ငံသုံးက်ပ္ ေငြ သုံးစြဲလည္ပတ္မႈကို စတင္ေစာင့္ၾကည့္ခဲ့ပါတယ္။ ၂၀၁၀-ခုႏွစ္ ဦးသိန္းစိန္အစိုးရလက္ထက္ ျမန္မာႏိုင္ငံဟာ AML/CFT “ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးႏွင့္ အၾကမ္းဖက္မႈအတြက္ ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရး စည္းမ်ဥ္းႏွင့္ ႀကီးၾကပ္မႈ မူေဘာင္” ကို အျပည့္အ၀ လိုက္နာတဲ့ ႏိုင္ငံျဖစ္လာပါတယ္။ ဒီအတြက္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး FAFT က လမ္းၫႊန္ခ်က္ သတိေပးခ်က္၊ စီရင္ပိုင္ခြင့္မ်ား ခ်မွတ္ေပးခဲ့ပါတယ္။
.
ျမန္မာႏိုင္ငံ မူးယစ္ေဆး ေငြေၾကးမ်ားနဲ႔ဆက္ႏြယ္တယ္လို႔ အေမရိကန္က သတ္မွတ္ျခင္းေၾကာင့္ အာရွဓနဘဏ္နဲ႔ ေမဖလားဝါးဘဏ္တို႔ရဲ႕လုပ္ငန္းလိုင္စင္ကို အစိုးရက ပယ္ဖ်က္လိုက္ရပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ျမန္မာႏိုင္ငံသုံး ေငြေၾကးဟာ ေငြမည္းခဝါခ်ျခင္း- အၾကမ္းဖက္ေထာက္ပံ့ျခင္းမွာ ဆက္ႏြယ္ေနတယ္လို FATF က သတိေပးပါတယ္။ ဒါေပမယ့္ မဟာဗ်ဴဟာေျမာက္ေဆာင္႐ြက္ဖြယ္ရာမ်ားကို ျပည့္စုံေအာင္ ျဖည့္ဆည္းႏိုင္ျခင္း မရွိတဲ့အတြက္ ၂၀၁၉ ခုႏွစ္ NLD အစိုးရလက္ထက္ျမန္မာႏိုင္ငံကို “မီးခိုးေရာင္စာရင္းဝင္ႏိုင္ငံ” အျဖစ္ FATF က သတ္မွတ္ခဲ့ပါတယ္။
၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ ျမန္မာႏိုင္ငံမွာ အာဏာအေျပာင္းအလဲျဖစ္ေပၚၿပီးေနာက္ ႏိုင္ငံအႏွံအျပားမွာ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ား ျဖစ္ေပၚလ်က္ရွိပါတယ္။ ၂၀၂၁ ခုႏွစ္ ျမန္မာႏိုင္ငံရဲ႕ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ဟာ လုံၿခဳံေရးပ်က္ျပားေနတဲ့ အာဖဂန္နစၥတန္ကို ေက်ာ္တက္ၿပီး ကမာၻ႔အမ်ားဆုံးျဖစ္လာတယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈဆိုင္ရာ႐ုံး UNODC ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္က သတင္းထုတ္ျပန္ပါတယ္။ ယခင္ပ ဘိန္းစိုက္ပ်ိဳးျခင္း မရွိခဲ့တဲ့ ရွမ္းျပည္ေတာင္ပိုင္း၊ ကခ်င္၊ ကယား၊ ခ်င္းျပည္နယ္တို႔မွာ ဘိန္းစိုက္ပ်ိဳးလာ ၾကၿပီး စိတ္ႂကြေဆးကုန္ကူးမႈပါ ထပ္ေဆာင္းလာပါတယ္။ အျမတ္အစြန္းမ်ားျပားလွတဲ့ မက္သာဖက္တမင္းေတြ ဟာ ႏိုင္ငံတကာအေရာက္ပ်ံ႕ႏွံ႔သြားၿပီး အခ်ိဳ႕ဟာ ျမန္မာက်ပ္ေငြအျဖစ္ ျပည္တြင္းကို ျပန္လည္စီးဝင္လာပါတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ျမန္မာႏိုင္ငံဟာ FATF ရဲ႕ အမည္းေရာင္စာရင္းဝင္ႏိုင္ငံျဖစ္သြားပါတယ္။
နစက အစိုရ ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေတာ့တဲ့ နယ္ေျမမ်ားမွာ သစ္ခိုးထုတ္ျခင္း၊ ေ႐ႊတူးျခင္း ေရနံတူးျခင္းတို႔မွာ ေန႔ စဥ္ က်ပ္ေငြေပါင္း ေထာင္ေသာင္းခ်ီ ရွိေနပါတယ္။ ဒီေနရာမွာ အဲ့ဒီေငြေၾကးေတြဟာ ဘယ္တရားဝင္အဖြဲ႕အစည္း ကို အခြန္ေပးေဆာင္ေၾကာင္း၊ အဲ့ဒီအဖြဲ႕အစည္းကလဲ ဒီေငြေတြကို ဘယ္ေနရာမွာ ဘယ္လိုသုံးစြဲေၾကာင္း ကမာၻသိ ျပသႏိုင္ရပါလိမ့္မယ္။ အဝွာတို႔အဖြဲ႕ျဖစ္ေစ PDFs, EAOs တို႔ရဲ႕ ဝါးတားဂိတ္မ်ားမွာ ေန႔စဥ္ က်ပ္သိန္း ေထာင္ခ်ီ ေငြေၾကးမ်ားဟာ ဘယ္သူ ဘယ္လိုပဲရရ တရားဝင္တယ္လို႔ မသတ္မွတ္ႏိုင္ဘူး။ အဲဒီေငြေၾကးေတြဟာ ကုန္သည္ ခ်င္း သမာအာဇီဝ ေငြေပးေငြယူကိစၥမ်ားအေပၚ အႀကီးအက်ယ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။
တရားမဝင္လက္နက္ေရာင္းဝယ္တယ္ဆိုတာ တ႐ုတ္နဲ႔ ႐ုရွားက နစကထံပဲ ေရာင္းေရာင္း အလႉခံ- ထီဖြင့္- သီ ဆိုေဖ်ာ္ေျဖပြဲေငြျဖစ္ေစ တရားဝင္ ေငြရလမ္းကိုေဖာ္ျပႏိုင္ၿပီး၊ အျပည္ျပည္ဆိုင္ရာလက္နက္ကုန္သြယ္မႈစာခ်ဳပ္ (Arms Trade Treaty) နဲ႔ မကိုက္ညီသေ႐ြ႕ လက္နက္ေမွာင္ခိုကုန္ကူးျခင္း ျဖစ္ပါတယ္။ အဲ့ဒါဟာ ေငြေၾကး ခဝါခ်မႈနဲ႔ လည္း ၿငိစြန္းေနပါတယ္။ Mobil Payment အမ်ိဳးမ်ိဳးနဲ႔ ေငြေပးေခ်မႈအမ်ိဳးမ်ိဳးတို႔ဟာ အစိုးရသာမက သက္ဆိုင္ရာ ဘဏ္အေနနဲ႔လည္း ေနာက္ေၾကာင္းျပန္ ေျခရာေကာက္ဖို႔ ခက္ခဲပါတယ္။ ဒါေတြအားလုံးဟာ ျမန္မာက်ပ္ေငြနဲ႔ အသုံးျပဳျခင္းနဲ႔ ပတ္သက္ေနပါတယ္။
အဲဒီအခက္ခဲအားလုံးကို ေျဖရွင္းႏိုင္တာကေတာ့ National QR Standard နဲ႔ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈ ျဖစ္ပါ တယ္။ တစ္နည္းအားျဖင့္ တရားဝင္လည္ပတ္ေနတဲ့ေငြေၾကးကို ဖ်က္သိမ္းျခင္းမျပဳဘဲ လႊဲေျပာင္းမႈ လြယ္ကူ ျမန္ဆန္တဲ့ အစားထိုးနည္းလမ္း ျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လုပ္ခလစာေပးေခ်မႈမ်ား၊ စားသုံး သူမ်ားအတြက္ အဆင္ေျပေခ်ာ ေမြ႕ေစပါတယ္။ ေငြသားကိုင္ေဆာင္စရာ မလိုတဲ့အတြက္ ေငြစကၠဴ ႐ိုက္ႏွိပ္ စရိတ္ သက္သာျခင္း၊ ပမာဏတစ္ခုအတြင္း လည္ပတ္သုံးစြဲတဲ့အတြက္ ေငြေၾကးတန္ဖိုး အတက္အက်ကို အထိုက္ အေလ်ာက္ တည္ၿငိမ္ေစပါတယ္။
အျခားတစ္ဖက္မွာလည္း ေငြေၾကးလႊဲေျပာင္းမႈကို ေျခရာခံႏိုင္ၿပီး ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္ေထာက္ပံ့ ျခင္းကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဘိန္း- မူးယစ္ေဆးတို႔လို တရားမဝင္ေငြေၾကးစီးဆင္းမႈကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ Encryption နဲ႔ Authentication စနစ္ပါရွိတဲ့အတြက္ ေငြေၾကးဆိုင္ရာ လိမ္လည္ျခင္းမွ ကာကြယ္ႏိုင္ပါတယ္။
တကယ္ေတာ့ National QR Standard နဲ႔ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈဟာ အေမရိကန္နဲ႔ ဥေရာပအပါအဝင္ ႏိုင္ငံတကာမွာ အသုံးျပဳေနတာ ၾကာပါၿပီ။ (၁) အာရွ-ပစိဖိတ္ေဒသမွာ တ႐ုတ္: Alipay နဲ႔ WeChat Pay ၊ အိႏၵိယ: UPI နဲ႔ BHIM စကၤာပူ: PayNow နဲ႔ SGQR၊ ထိုင္း: PromptPay နဲ႔ Thai QR Payment၊ မေလးရွား: DuitNow နဲ႔ Boost ၊ဗီယက္နမ္: VietQR နဲ႔ Momo တို႔ကို တြင္က်ယ္စြာ အသုံးျပဳေနၾကပါတယ္။
#HtayOung, #OungMarine
#National_QR_Standard #MMQR #ျမန္မာက်ပ္ေငြ #FATF #ျမန္မာႏိုင္ငံဗဟိုဘဏ္
#ေငြေၾကးဆိုင္ရာ_လုပ္ေဆာင္မႈ_တာဝန္အဖြဲ႕