အရည်အသွေးကောင်းပြီး ဈေးနှုန်းမှန်ကန်သည့် သွင်းအားစုများကို တောင်သူများသုံးစွဲနိုင်ရေးအတွက် နည်းဥပဒေများဖြင့် ထိန်းကျောင်းနေဟု နစကဥက္ကဋ္ဌ အသိပေး

 313

ယွန်း(NP News)- မတ် ၂

အရည်အသွေးကောင်းပြီး ဈေးနှုန်းမှန်ကန်သည့် သွင်းအားစုများကို တောင်သူများသုံးစွဲနိုင်ရေးအတွက် နည်းဥပဒေများဖြင့် ထိန်းကျောင်းနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားသည်။

နစကဥက္ကဋ္ဌက ယနေ့(မတ်လ ၂ ရက်)တွင် ကျရောက်သော (၆၃) နှစ်မြောက်တောင်သူလယ်သမားနေ့အတွက်ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခြင်းဖြစ်သည်။

တိုင်းရင်းသားပြည်သူတို့၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားဦးကြီးများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်မှုများကို အထူးဂုဏ်ပြုပါကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲခြင်း၊ နွားချေး၊ ကြက်ချေးများအပြင် EM ဘိုကာရှီ မြေဆွေးများ၊ ငါးအမိုင်နိုအက်ဆစ်များ အသုံးပြုခြင်း၊ ပိုက်ဆံလျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာများ စိုက်ပျိုး၍ ထယ်ထိုးမြေမြှုပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးသည်သာမက အရည်အသွေးကောင်းပြီး ဈေးနှုန်းမှန်ကန်သည့် သွင်းအားစုများကို တောင်သူများ သုံးစွဲနိုင်ရေးအတွက်လည်း မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းကျောင်း၍ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်လည်း သွင်းအားစုကုမ္ပဏီများနှင့် ချိတ်ဆက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဆည်မြောင်းစီမံကိန်းများကို အလေးထားရင်းနှီးမြှုပ်နှံပေးလျက်ရှိရာ မြန်မာနိုင်ငံအနှံ့အပြားတွင် ရေလှောင်တမံ (၂၄၆)ခု၊ ရေလွှဲဆည် (၁၄၄)ခု၊ ကန် (၇၂)ခု၊ ရေတံခါး (၁၉၉)ခု၊ ရေတင်လုပ်ငန်း (၂၁၉) ခု စုစုပေါင်း (၈၈၀)ခုတို့အား ဆောင်ရွက်ထားရှိပြီး လက်ရှိတွင် စိုက်ပျိုးသီးနှံဧက (၃၁) သိန်းကျော်အား အကျိုးပြုလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စိုက်ပျိုးရေရရှိမှုခက်ခဲသည့် ဒေသများတွင် မြေအောက်ရေ အရင်းအမြစ်များကို အသုံးပြုရန်အတွက် စက်ရေတွင်း (၂၅၇၆၉)ခုကို တူးဖော်ထားရှိပေးထားပြီး မြေအောက်ရေလှောင်တမံများကိုလည်း တည်ဆောက်ပေးလျက်ရှိသည်။

အလားတူ ယာယီချောင်းပိတ်တမံများတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း၊ ရေကြီးနစ်မြုပ်မှုနှင့် ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရေဘေးကာကွယ်ရေးတာများ၊ ရေငန်တားတာများ တည်ဆောက်ခြင်းနှင့် ချောင်းကော၊ မြောင်းကောများ၊ ချောင်းရိုးများနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အရည္အေသြးေကာင္းၿပီး ေဈးႏႈန္းမွန္ကန္သည့္ သြင္းအားစုမ်ားကို ေတာင္သူမ်ားသုံးစြဲႏိုင္ေရးအတြက္ နည္းဥပေဒမ်ားျဖင့္ ထိန္းေက်ာင္းေနဟု နစကဥကၠ႒ အသိေပး

ယြန္း(NP News)- မတ္ ၂

အရည္အေသြးေကာင္းၿပီး ေဈးႏႈန္းမွန္ကန္သည့္ သြင္းအားစုမ်ားကို ေတာင္သူမ်ားသုံးစြဲႏိုင္ေရးအတြက္ နည္းဥပေဒမ်ားျဖင့္ ထိန္းေက်ာင္းေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာၾကားသည္။

နစကဥကၠ႒က ယေန႔(မတ္လ ၂ ရက္)တြင္ က်ေရာက္ေသာ (၆၃) ႏွစ္ေျမာက္ေတာင္သူလယ္သမားေန႔အတြက္ေပးပို႔သည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားျခင္းျဖစ္သည္။

တိုင္းရင္းသားျပည္သူတို႔၏ စားေရရိကၡာဖူလုံေရးအတြက္ အဓိကအခန္းက႑တြင္ ပါဝင္ေဆာင္႐ြက္လ်က္ရွိၾကသည့္ စိုက္ပ်ိဳးေမြးျမဴသူ ေတာင္သူလယ္သမားဦးႀကီးမ်ား၏ ႀကိဳးစားအားထုတ္မႈႏွင့္ စြမ္းေဆာင္မႈမ်ားကို အထူးဂုဏ္ျပဳပါေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားသည္။

ေျမဆီလႊာဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သဘာဝေျမဩဇာမ်ား ျပဳလုပ္သုံးစြဲျခင္း၊ ႏြားေခ်း၊ ၾကက္ေခ်းမ်ားအျပင္ EM ဘိုကာရွီ ေျမေဆြးမ်ား၊ ငါးအမိုင္ႏိုအက္ဆစ္မ်ား အသုံးျပဳျခင္း၊ ပိုက္ဆံေလွ်ာ္ကဲ့သို႔ေသာ သစ္စိမ္းေျမဩဇာမ်ား စိုက္ပ်ိဳး၍ ထယ္ထိုးေျမျမႇဳပ္ျခင္း စသည့္လုပ္ငန္းမ်ားကိုလည္း အားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ေပးသည္သာမက အရည္အေသြးေကာင္းၿပီး ေဈးႏႈန္းမွန္ကန္သည့္ သြင္းအားစုမ်ားကို ေတာင္သူမ်ား သုံးစြဲႏိုင္ေရးအတြက္လည္း ေျမဩဇာ၊ မ်ိဳးေစ့၊ ပိုးသတ္ေဆးဆိုင္ရာဥပေဒ၊ နည္းဥပေဒမ်ားျဖင့္ ထိန္းေက်ာင္း၍ အစိုးရ၊ ပုဂၢလိကလုပ္ငန္းရွင္မ်ား၊ အသင္းအဖြဲ႕မ်ား ပူးေပါင္းေဆာင္႐ြက္ေပးလ်က္ရွိသည့္အျပင္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး ရန္ပုံေငြျဖင့္လည္း သြင္းအားစုကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္ပံ့ပိုးေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း နစကဥကၠ႒က ေျပာသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ဆည္ေျမာင္းစီမံကိန္းမ်ားကို အေလးထားရင္းႏွီးျမႇဳပ္ႏွံေပးလ်က္ရွိရာ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ ေရေလွာင္တမံ (၂၄၆)ခု၊ ေရလႊဲဆည္ (၁၄၄)ခု၊ ကန္ (၇၂)ခု၊ ေရတံခါး (၁၉၉)ခု၊ ေရတင္လုပ္ငန္း (၂၁၉) ခု စုစုေပါင္း (၈၈၀)ခုတို႔အား ေဆာင္႐ြက္ထားရွိၿပီး လက္ရွိတြင္ စိုက္ပ်ိဳးသီးႏွံဧက (၃၁) သိန္းေက်ာ္အား အက်ိဳးျပဳလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ စိုက္ပ်ိဳးေရရရွိမႈခက္ခဲသည့္ ေဒသမ်ားတြင္ ေျမေအာက္ေရ အရင္းအျမစ္မ်ားကို အသုံးျပဳရန္အတြက္ စက္ေရတြင္း (၂၅၇၆၉)ခုကို တူးေဖာ္ထားရွိေပးထားၿပီး ေျမေအာက္ေရေလွာင္တမံမ်ားကိုလည္း တည္ေဆာက္ေပးလ်က္ရွိသည္။

အလားတူ ယာယီေခ်ာင္းပိတ္တမံမ်ားတြင္ ဆိုလာေရတင္စနစ္ျဖင့္ စိုက္ပ်ိဳးေရေပးေဝျခင္း၊ ေရႀကီးနစ္ျမဳပ္မႈႏွင့္ ပင္လယ္ေရငန္ဝင္ေရာက္မႈမွ ကာကြယ္ႏိုင္ရန္အတြက္ ေရေဘးကာကြယ္ေရးတာမ်ား၊ ေရငန္တားတာမ်ား တည္ေဆာက္ျခင္းႏွင့္ ေခ်ာင္းေကာ၊ ေျမာင္းေကာမ်ား၊ ေခ်ာင္း႐ိုးမ်ားႏွင့္ ေရႏုတ္ေျမာင္းမ်ား တူးေဖာ္ျခင္းတို႔ကိုလည္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.