မြန်မာ နှင့် ရုရှားကြား အပြန်အလှန်ကုန်သွယ်မှုက နှစ်ဆကျော် မြင့်တက်လာနေ

580

ယွန်း (NP News) - မတ် ၃
ရုရှား နှင့် မြန်မာနိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း နှစ်ဆမြင့်တက်လာခဲ့ ကြောင်း ရုရှားသတင်းဌာနက ဖော်ပြထားသည်။ ရုရှားအခြေစိုက် TASS သတင်းဌာနသည် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မကြာသေးမီက အင်တာဗျူး လုပ်ဆောင်ခဲ့ပြီးနောက် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့်မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် ယခင်က အမေရိကန်ဒေါ်လာ(၃၄)သန်းသာ ရှိခဲ့သော် လည်း လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ(၇၅)သန်းအထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။
ဝန်ကြီးဒေါက်တာကံဇော်က “ကုန်သွယ်ရေးဆိုင်ရာအချက်အလက်တွေအရ ရုရှားနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၀-၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက မြင့်တက်လာခဲ့တယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း မြန်မာနဲ့ ရုရှားနိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ (၃၄ ဒသမ ၄၅) သန်း သာရှိခဲ့ပေမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ အပြန်အလှန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ (၇၄ ဒသမ ၇၃) သန်းအထိ မြင့်တက်လာခဲ့တယ်။ နစကဟာ လက်ရှိအချိန်မှာ ရုရှားနဲ့မြန်မာနိုင်ငံကြား သွင်းကုန်၊ ပို့ကုန် တိုးမြှင့်နိုင်ဖို့ ကူညီထောက်ပံ့ပေးထားတယ်။ မြန်မာအစိုးရဟာ လက်ရှိအချိန်မှာ ပြည်တွင်းထုတ်ကုန်များကို ပြည်ပနိုင်ငံများနဲ့ နိုင်ငံတကာ ဈေးကွက်များ ကို တင်ပို့နိုင်ဖို့ အဓိကဦးစားပေး လုပ်ကိုင်နေတယ်။ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံကို အဝတ်အထည်၊ သရက်သီး၊ ဆံပင်၊ သံပုရာသီး၊ ဖိနပ်အမျိုးမျိုး၊ အိတ်မျိုးစုံတွေကို တင်ပို့ခဲ့တယ်။ ရုရှားနိုင်ငံထံကနေ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ပြန်လည်တင်သွင်းခဲ့တယ်။ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံကို လတ်ဆတ်တဲ့ သစ်သီးများ၊ ဆန်၊ ကော်ဖီ၊ ဝါဂွမ်းတွေ အပါအဝင် ရေထွက်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ဖို့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုလားတယ်” ဟုပြောသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ ဓာတ်မြေ ဩဇာလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်လုပ်ဆောင်ရန် ဦးစားပေး ဆောင်ရွက်မည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။
၎င်းက “ကျွန်တော်တို့ဟာ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလာရောက် ဖို့၊ ဆွဲဆောင်နိုင်ဖို့ ဦးစားပေးဆောင်ရွက်နေတယ်။ အထူးသဖြင့် ရုရှားဓာတ်မြေဩဇာ ထုတ်လုပ်ရေးကုမ္ပဏီ တွေကို မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံအောင် ဦးစားပေးဆောင်ရွက်သွားရမယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံအတွက် အပြန်အလှန်အကျိုးဖြစ်စေဖို့ အထောက်အပံ့ဖြစ်စေမယ်” ဟု ပြောသည်။

Zawgyi Version:
ျမန္မာ ႏွင့္ ႐ုရွားၾကား အျပန္အလွန္ကုန္သြယ္မႈက ႏွစ္ဆေက်ာ္ ျမင့္တက္လာေန
ယြန္း (NP News) - မတ္ ၃
႐ုရွား ႏွင့္ ျမန္မာႏိုင္ငံၾကားအျပန္အလွန္ကုန္သြယ္မႈသည္ ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း ႏွစ္ဆျမင့္တက္လာခဲ့ ေၾကာင္း ႐ုရွားသတင္းဌာနက ေဖာ္ျပထားသည္။ ႐ုရွားအေျခစိုက္ TASS သတင္းဌာနသည္ ျမန္မာရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္ႏွင့္ မၾကာေသးမီက အင္တာဗ်ဴး လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဖာ္ျပခဲ့ျခင္းျဖစ္သည္။
႐ုရွားႏွင့္ျမန္မာႏိုင္ငံၾကား အျပန္အလွန္ကုန္သြယ္မႈသည္ ယခင္က အေမရိကန္ေဒၚလာ(၃၄)သန္းသာ ရွိခဲ့ေသာ္ လည္း လက္ရွိအခ်ိန္တြင္ အေမရိကန္ေဒၚလာ(၇၅)သန္းအထိ တိုးျမင့္လာခဲ့ေၾကာင္း သိရသည္။
ဝန္ႀကီးေဒါက္တာကံေဇာ္က “ကုန္သြယ္ေရးဆိုင္ရာအခ်က္အလက္ေတြအရ ႐ုရွားနဲ႔ ျမန္မာႏိုင္ငံၾကား အျပန္အလွန္ ကုန္သြယ္မႈတန္ဖိုးဟာ ၂၀၂၀-၂၀၂၁ ခုႏွစ္ေနာက္ပိုင္းကတည္းက ျမင့္တက္လာခဲ့တယ္။ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ အတြင္း ျမန္မာနဲ႔ ႐ုရွားႏိုင္ငံၾကားအျပန္အလွန္ကုန္သြယ္မႈပမာဏဟာ အေမရိကန္ေဒၚလာ (၃၄ ဒသမ ၄၅) သန္း သာရွိခဲ့ေပမယ့္ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္မွာေတာ့ အျပန္အလွန္ကုန္သြယ္မႈက အေမရိကန္ေဒၚလာ (၇၄ ဒသမ ၇၃) သန္းအထိ ျမင့္တက္လာခဲ့တယ္။ နစကဟာ လက္ရွိအခ်ိန္မွာ ႐ုရွားနဲ႔ျမန္မာႏိုင္ငံၾကား သြင္းကုန္၊ ပို႔ကုန္ တိုးျမႇင့္ႏိုင္ဖို႔ ကူညီေထာက္ပံ့ေပးထားတယ္။ ျမန္မာအစိုးရဟာ လက္ရွိအခ်ိန္မွာ ျပည္တြင္းထုတ္ကုန္မ်ားကို ျပည္ပႏိုင္ငံမ်ားနဲ႔ ႏိုင္ငံတကာ ေဈးကြက္မ်ား ကို တင္ပို႔ႏိုင္ဖို႔ အဓိကဦးစားေပး လုပ္ကိုင္ေနတယ္။ ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံကို အဝတ္အထည္၊ သရက္သီး၊ ဆံပင္၊ သံပုရာသီး၊ ဖိနပ္အမ်ိဳးမ်ိဳး၊ အိတ္မ်ိဳးစုံေတြကို တင္ပို႔ခဲ့တယ္။ ႐ုရွားႏိုင္ငံထံကေန ဓာတ္ေျမဩဇာ၊ ေဆးဝါး၊ ေရနံနဲ႔ ေရနံထြက္ပစၥည္းမ်ား ျပန္လည္တင္သြင္းခဲ့တယ္။ ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံကို လတ္ဆတ္တဲ့ သစ္သီးမ်ား၊ ဆန္၊ ေကာ္ဖီ၊ ဝါဂြမ္းေတြ အပါအဝင္ ေရထြက္ပစၥည္းမ်ား တိုးျမႇင့္တင္ပို႔ႏိုင္ဖို႔ ႐ုရွားနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔လိုလားတယ္” ဟုေျပာသည္။
ျမန္မာႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ႐ုရွားႏိုင္ငံမွ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ျမန္မာႏိုင္ငံ၏ ဓာတ္ေျမ ဩဇာလုပ္ငန္းမ်ားတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုလာေရာက္လုပ္ေဆာင္ရန္ ဦးစားေပး ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္က ေျပာသည္။
၎က “ကြၽန္ေတာ္တို႔ဟာ ဓာတ္ေျမဩဇာထုတ္လုပ္မႈ လုပ္ငန္းေတြမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုမိုလာေရာက္ ဖို႔၊ ဆြဲေဆာင္ႏိုင္ဖို႔ ဦးစားေပးေဆာင္႐ြက္ေနတယ္။ အထူးသျဖင့္ ႐ုရွားဓာတ္ေျမဩဇာ ထုတ္လုပ္ေရးကုမၸဏီ ေတြကို ျမန္မာႏိုင္ငံမွာလာေရာက္ရင္းႏွီးျမႇဳပ္ႏွံေအာင္ ဦးစားေပးေဆာင္႐ြက္သြားရမယ္။ အဲဒီရင္းႏွီးျမႇဳပ္ႏွံမႈဟာ ျမန္မာႏိုင္ငံ နဲ႔ ႐ုရွားႏိုင္ငံအတြက္ အျပန္အလွန္အက်ိဳးျဖစ္ေစဖို႔ အေထာက္အပံ့ျဖစ္ေစမယ္” ဟု ေျပာသည္။