မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေလုပ်ဆောင်ပြီးနောက် တောင်ကိုရီးယားကို အမေရိကန်လေယာဉ်တင်သင်္ဘော ရောက်ရှိလာ

373

Pika (NP News) - မတ် ၃
မြောက်ကိုရီးယားအစိုးရက ၎င်းရဲ့တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်ကိုပြသဖို့အတွက် မဟာဗျူဟာမြောက် ခရုဇ် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ မတ်လ(၂)ရက်မှာ အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီးဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
USS Carl Vinson လေယာဉ်တင်သင်္ဘောနဲ့ ၎င်းရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန် ဆိပ်ကမ်းကို ရောက်ရှိလာခြင်းဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာ မှာ ခိုင်မာတဲ့အမေရိကန်-တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာဆက်ဆံရေးကိုပြသဖို့နဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပေါင်းစပ် ပိုင်ဆိုင်မှုတွေ အပြန်အလှန်လည်ပတ်နိုင်မှုကိုမြှင့်တင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
USS Carl Vinson လေယာဉ်တင်သင်္ဘောဟာ ပြီးခဲ့တဲ့နှစ် ဇွန်လနောက်ပိုင်း တောင်ကိုရီးယားကို ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့ပါတယ်။ USS Carl Vinson လေယာဉ်တင်သင်္ဘောကို ဖြန့်ကျက်ချထားခြင်းဟာ အင်အားကြီးအမေရိကန်က ၎င်းရဲ့စစ်ဘက် ဆိုင်ရာပိုင်ဆိုင်မှုတွေကို ယာယီဖြန့်ကျက်ချထားခြင်းကို အဓိကလုံခြုံရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားတဲ့ မြောက်ကိုရီးယားကို ဒေါသထွက်စေလိမ့်မယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
မြောက်ကိုရီးယားဟာ ယခင်က အမေရိကန်လေယာဉ်တင်သင်္ဘောတွေ၊ တာဝေးပစ်ဗုံးကြဲလေယာဉ်တွေနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေ တောင်ကိုရီးယားမှာ ဖြန့်ကျက်ချထားမှုကို ဒုံးကျည်စမ်းသပ်ပစ်လွှတ် မှုတွေ လုပ်ဆောင်ပြီး တုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ သမ္မတအဖြစ် စတင် တာဝန်ယူခဲ့ တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ သံတမန်ဆက်ဆံရေးတွေ ပြန်လည်ရှင်သန်လာစေဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့တွေ့ဆုံမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြောကြားခဲ့ဖူးပါ တယ်။
Zawgyi Version:
ေျမာက္ကိုရီးယားက ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြလုပ္ေဆာင္ၿပီးေနာက္ ေတာင္ကိုရီးယားကို အေမရိကန္ေလယာဥ္တင္သေဘၤာ ေရာက္ရွိလာ
Pika (NP News) - မတ္ ၃
ေျမာက္ကိုရီးယားအစိုးရက ၎ရဲ႕တန္ျပန္တိုက္ခိုက္ေရးစြမ္းရည္ကိုျပသဖို႔အတြက္ မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ ဒုံးက်ည္ေတြ စမ္းသပ္ပစ္လႊတ္မႈကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာ မတ္လ(၂)ရက္မွာ အေမရိကန္ ေလယာဥ္တင္သေဘၤာတစ္စီးဟာ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။
USS Carl Vinson ေလယာဥ္တင္သေဘၤာနဲ႔ ၎ရဲ႕တိုက္ခိုက္ေရးတပ္ဖြဲ႕တို႔ ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ ဆိပ္ကမ္းကို ေရာက္ရွိလာျခင္းဟာ ဆက္တိုက္ျဖစ္ေပၚေနတဲ့ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ရာ မွာ ခိုင္မာတဲ့အေမရိကန္-ေတာင္ကိုရီးယား စစ္ဘက္ဆိုင္ရာဆက္ဆံေရးကိုျပသဖို႔နဲ႔ မိတ္ဖက္ႏိုင္ငံေတြရဲ႕ ေပါင္းစပ္ ပိုင္ဆိုင္မႈေတြ အျပန္အလွန္လည္ပတ္ႏိုင္မႈကိုျမႇင့္တင္ဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔ ေတာင္ကိုရီးယားေရတပ္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
USS Carl Vinson ေလယာဥ္တင္သေဘၤာဟာ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လေနာက္ပိုင္း ေတာင္ကိုရီးယားကို ပထမဆုံးအႀကိမ္ ေရာက္ရွိလာတဲ့ အေမရိကန္ေလယာဥ္တင္သေဘၤာျဖစ္တယ္လို႔ ေတာင္ကိုရီးယားေရတပ္က ေျပာၾကားခဲ့ပါတယ္။ USS Carl Vinson ေလယာဥ္တင္သေဘၤာကို ျဖန႔္က်က္ခ်ထားျခင္းဟာ အင္အားႀကီးအေမရိကန္က ၎ရဲ႕စစ္ဘက္ ဆိုင္ရာပိုင္ဆိုင္မႈေတြကို ယာယီျဖန႔္က်က္ခ်ထားျခင္းကို အဓိကလုံၿခဳံေရးၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ထားတဲ့ ေျမာက္ကိုရီးယားကို ေဒါသထြက္ေစလိမ့္မယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။
ေျမာက္ကိုရီးယားဟာ ယခင္က အေမရိကန္ေလယာဥ္တင္သေဘၤာေတြ၊ တာေဝးပစ္ဗုံးႀကဲေလယာဥ္ေတြနဲ႔ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာေတြ ေတာင္ကိုရီးယားမွာ ျဖန႔္က်က္ခ်ထားမႈကို ဒုံးက်ည္စမ္းသပ္ပစ္လႊတ္ မႈေတြ လုပ္ေဆာင္ၿပီး တုံ႔ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ သမၼတအျဖစ္ စတင္ တာဝန္ယူခဲ့ တဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ သံတမန္ဆက္ဆံေရးေတြ ျပန္လည္ရွင္သန္လာေစဖို႔အတြက္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ဖူးပါ တယ္။