နစကဥက္ကဋ္ဌ အား ရုရှားအစိုးရက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

1190

ပီယ (NP News) - မတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် ယနေ့ (မတ်လ ၃ ရက်) နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော် လေဆိပ်မှထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ရုရှား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် မိုးကျော် တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။
လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။
ထို့နောက် အလေးပြု ခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရာ ထိုသို့ ဆောင်ရွက်စဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများအား တီးမှုတ်ဂုဏ်ပြု အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ရောက်ရှိကြပြီး သဒ္ဓမဇောတိကသိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယ အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေးအခြေ အနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ ၊ရုရှားနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓ သာသနာပြန့်ပွားရေးနှင့်ပတ်သက်၍ သာသနာပြုလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးသည် (၇၇)နှစ်ပြည့်မြောက်ပြီ ဖြစ်ပြီး နှစ်နိုင်ငံဆက်သွယ်ဆက်ဆံမှု ၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ အပြန်အလှန်လည် ပတ်မှု၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတို့၌ တိုးတက်မှုများဖြစ်ပေါ်လျက်ရှိပြီး ဆက်လက်၍လည်း ဆက်သွယ်ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Zawgyi Version:
နစကဥကၠ႒ အား ႐ုရွားအစိုးရက ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆို
ပီယ (NP News) - မတ္ ၃
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕က ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ေရာက္ရွိရာ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုခဲ့ေၾကာင္း သိရသည္။
႐ုရွားသမၼတ H.E. Vladimir Vladimirovich Putin ၏ ဖိတ္ၾကားခ်က္အရ တရားဝင္ခ်စ္ၾကည္ေရးခရီးစဥ္ သြားေရာက္ရန္အတြက္ ယေန႔ (မတ္လ ၃ ရက္) နံနက္ပိုင္းတြင္ အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္တပ္မေတာ္ ေလဆိပ္မွထြက္ခြာခဲ့ရာ ေဒသစံေတာ္ခ်ိန္ ညေနပိုင္းတြင္ ေမာ္စကိုၿမိဳ႕ရွိ ဘႏုကာဘာအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိရာ ႐ုရွား စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈဝန္ႀကီး Mr, Maxim Reshetnikov ၊ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ား၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဆိုင္ရာျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Iskander Azizov၊ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ မိုးေက်ာ္ တို႔က ႀကိဳဆိုႏႈတ္ဆက္ခဲ့ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေလဆိပ္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ႏိုင္ငံေတာ္ဂုဏ္ျပဳတပ္ဖြဲ႕က ႏိုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ေရးခရီးစဥ္ လာေရာက္သည့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားအား ႀကိဳဆိုသည့္ အစဥ္အလာႏွင့္အညီ ဂုဏ္ျပဳႀကိဳဆိုခဲ့သည္။
ထို႔ေနာက္ အေလးျပဳ ခံေနရာ၌ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကို ခံယူရာ ထိုသို႔ ေဆာင္႐ြက္စဥ္ ဂုဏ္ျပဳတပ္ဖြဲ႕က ႏွစ္ႏိုင္ငံႏိုင္ငံေတာ္သီခ်င္းမ်ားအား တီးမႈတ္ဂုဏ္ျပဳ အေလးျပဳၾကၿပီးေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဂုဏ္ျပဳတပ္ဖြဲ႕၏ ခ်ီတက္အေလးျပဳျခင္းကို ခံယူခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးသန္းေဆြ၊ ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္၊ ေဒါက္တာ ကံေဇာ္၊ ဦးကိုကိုလြင္၊ ေဒါက္တာ မ်ိဳးသိန္းေက်ာ္၊ ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ား ခရီးစဥ္တြင္ လိုက္ပါသြားၾကျခင္းျဖစ္သည္။
ခရီးစဥ္အတြင္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ H.E. Vladimir Vladimirovich Putin ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႕ဆုံ ေဆြးေႏြးျခင္း၊ လႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ား အပါအဝင္ ႐ုရွားအစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာမ်ားႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာ ေျမာက္ ပူးေပါင္း ေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား ပိုမိုတိုးတက္ခိုင္မာေအာင္ေဆြးေႏြး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ ခ်စ္ ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ေမာ္စကိုၿမိဳ႕၊ ျမန္မာေထရဝါဒဗုဒၶစင္တာသို႔ ေရာက္ရွိၾကၿပီး သဒၶမေဇာတိကသိမ္ေတာ္အတြင္း၌ ေက်ာင္းထိုင္ဆရာေတာ္ မဟာသဒၶမေဇာတိကဓဇ၊ ေဒါက္တာ ဘဒၵႏၲအစၦရိယ အားဖူးေျမာ္ၾကည္ညိဳ၍ သာသနာေရးဆိုင္ရာကိစၥရပ္မ်ား၊ သီတင္းသုံးေနထိုင္ရမႈႏွင့္ သြားလာေရးအေျခ အေနမ်ား၊ ေထရဝါဒဗုဒၶစင္တာအတြက္ လိုအပ္ခ်က္မ်ား ၊႐ုရွားႏိုင္ငံတြင္ ေထရဝါဒ ဗုဒၶ သာသနာျပန႔္ပြားေရးႏွင့္ပတ္သက္၍ သာသနာျပဳလုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈ အေျခအေန မ်ားႏွင့္ပတ္သက္၍ ေမးျမန္းေလွ်ာက္ထားၿပီး လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
ယခုႏွစ္တြင္ ႐ုရွား-ျမန္မာ သံတမန္ဆက္ဆံေရးသည္ (၇၇)ႏွစ္ျပည့္ေျမာက္ၿပီ ျဖစ္ၿပီး ႏွစ္ႏိုင္ငံဆက္သြယ္ဆက္ဆံမႈ ၊ ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္မ်ား အျပန္အလွန္လည္ ပတ္မႈ၊ က႑ေပါင္းစုံပူးေပါင္းေဆာင္႐ြက္မႈတို႔၌ တိုးတက္မႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး ဆက္လက္၍လည္း ဆက္သြယ္ဆက္ဆံမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။