MNDAA ဖမ်းဆီးထားသော အသက်မပြည့်သေးသည့် ရှမ်းအမျိုးသမီးငယ်ကို ပြန်လွှတ်ပေးရန် ကျားဖြူပါတီ တောင်းဆို

3625

Pearl (NP News) - မတ် ၄
MNDAA အဖွဲ့က ဖမ်းဆီးထားသော အသက်မပြည့်သေးသည့် ရှမ်းအမျိုးသမီးငယ်ကို ချက်ချင်း ပြန်လွှတ်ပေးရန်အတွက် ကျားဖြူပါတီက ယနေ့ (မတ် ၄ရက်) တွင် တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၇)ရက် ၊ နေ့လည် (၂)နာရီခန့်က ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ နားပင်းကျေးရွာ ရှင်ပြုပွဲသို့ အကြိုသွားရောက်နေသည့် အသက် (၁၅) နှစ်အရွယ်ရှိ နန်းယိင်းဟွမ်းအား သူမ၏ ဖခင်ဖြစ်သူနှင့် သူငယ်ချင်း၏ ရှေ့မှောက်တွင် MNDAA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရသော နန်းယိင်းဟွမ်းသည် ယနေ့ထက်ထိတိုင် ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးကြောင်းလည်း သိရသည်။
“ကျွန်တော်တို့က MNDAA ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားတယ်လေ။ တောင်းဆိုပေးရမယ့် တာဝန်ရှိတာပေါ့။ ရှမ်းတိုင်းရင်းသားတစ်ယောက်အနေနဲ့။ မဖမ်းသင့်ဘူးပေါ့ဗျာ။ ကောင်မလေးကလည်း အသက်က (၁၅) နှစ်ပဲ ရှိသေးတယ်။ ရက် (၂၀)ကျော်ပြီလေ။ မဖြစ်သင့်ဘူးပေါ့နော်။ သတင်းအစနက မကြားဘူးလေ။ ပြန်မလွတ်သေးဘူးဆိုတာပဲ ကြားရတာ” ဟု ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုက်အိုက်ပေါင်းက NP News ကို ပြောသည်။
အဆိုပါ လုပ်ရပ်သည် တရားမဲ့ ပြုကျင့်သည့် အပြုအမူဟု ယူဆပြီး အတူနေတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို လည်း ထိခိုက်ပျက်ပြားစေနိုင်ကြောင်း ကျားဖြူပါတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မိဘ အုပ်ထိန်းမှုအောက်တွင် ရှိနေရမည့် အသက်မပြည့်သေးသည့် နန်းယိင်းဟွမ်၏ ကျန်းမာရေး နှင့် စိတ်ဒဏ်ရာအတွက် စိုးရိမ်ရပါသဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် MNDAA မှ တာဝန်ရှိသူများကို ကျားဖြူပါတီက မေတ္တာရပ်ခံ တောင်းဆိုထားသည်။
Zawgyi Version:
MNDAA ဖမ္းဆီးထားေသာ အသက္မျပည့္ေသးသည့္ ရွမ္းအမ်ိဳးသမီးငယ္ကို ျပန္လႊတ္ေပးရန္ က်ားျဖဴပါတီ ေတာင္းဆို
Pearl (NP News) - မတ္ ၄
MNDAA အဖြဲ႕က ဖမ္းဆီးထားေသာ အသက္မျပည့္ေသးသည့္ ရွမ္းအမ်ိဳးသမီးငယ္ကို ခ်က္ခ်င္း ျပန္လႊတ္ေပးရန္အတြက္ က်ားျဖဴပါတီက ယေန႔ (မတ္ ၄ရက္) တြင္ ေတာင္းဆိုထားသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၇)ရက္ ၊ ေန႔လည္ (၂)နာရီခန႔္က ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕နယ္၊ မိုင္းေယာ္တိုက္နယ္၊ နားပင္းေက်း႐ြာ ရွင္ျပဳပြဲသို႔ အႀကိဳသြားေရာက္ေနသည့္ အသက္ (၁၅) ႏွစ္အ႐ြယ္ရွိ နန္းယိင္းဟြမ္းအား သူမ၏ ဖခင္ျဖစ္သူႏွင့္ သူငယ္ခ်င္း၏ ေရွ႕ေမွာက္တြင္ MNDAA က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးေခၚေဆာင္ခံရေသာ နန္းယိင္းဟြမ္းသည္ ယေန႔ထက္ထိတိုင္ ျပန္လည္ လြတ္ေျမာက္ လာျခင္း မရွိေသးေၾကာင္းလည္း သိရသည္။
“ကြၽန္ေတာ္တို႔က MNDAA ကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ေတာင္းဆိုထားတယ္ေလ။ ေတာင္းဆိုေပးရမယ့္ တာဝန္ရွိတာေပါ့။ ရွမ္းတိုင္းရင္းသားတစ္ေယာက္အေနနဲ႔။ မဖမ္းသင့္ဘူးေပါ့ဗ်ာ။ ေကာင္မေလးကလည္း အသက္က (၁၅) ႏွစ္ပဲ ရွိေသးတယ္။ ရက္ (၂၀)ေက်ာ္ၿပီေလ။ မျဖစ္သင့္ဘူးေပါ့ေနာ္။ သတင္းအစနက မၾကားဘူးေလ။ ျပန္မလြတ္ေသးဘူးဆိုတာပဲ ၾကားရတာ” ဟု က်ားျဖဴပါတီ ဥကၠ႒ ဦးစိုက္အိုက္ေပါင္းက NP News ကို ေျပာသည္။
အဆိုပါ လုပ္ရပ္သည္ တရားမဲ့ ျပဳက်င့္သည့္ အျပဳအမူဟု ယူဆၿပီး အတူေနတိုင္းရင္းသားအခ်င္းခ်င္း စည္းလုံးညီၫြတ္မႈကို လည္း ထိခိုက္ပ်က္ျပားေစႏိုင္ေၾကာင္း က်ားျဖဴပါတီက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ မိဘ အုပ္ထိန္းမႈေအာက္တြင္ ရွိေနရမည့္ အသက္မျပည့္ေသးသည့္ နန္းယိင္းဟြမ္၏ က်န္းမာေရး ႏွင့္ စိတ္ဒဏ္ရာအတြက္ စိုးရိမ္ရပါသျဖင့္ အျမန္ဆုံးျပန္လည္လႊတ္ေပးရန္ MNDAA မွ တာဝန္ရွိသူမ်ားကို က်ားျဖဴပါတီက ေမတၱာရပ္ခံ ေတာင္းဆိုထားသည္။