အီရန်ရဲ့နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို ထောက်ပံ့ပေးဖို့ အဆင်သင့်ရှိတယ်လို့ ရုရှားအစိုးရပြော

 309

Pika
ရုရှားနိုင်ငံဟာ အီရန်ရဲ့နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို ထောက်ပံ့ပေးဖို့ အဆင်သင့်ရှိတယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က အတည်ပြုပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ဟာ နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့အီရန်ကြား ကြားဝင်စေ့စပ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့ သဘောတူညီခဲ့တယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်ဆန့်ကျင်ရေးတပ်ဖွဲ့တွေအတွက် အီရန်ရဲ့ထောက်ခံမှုတွေအပါအဝင် အမျိုးမျိုးသောကိစ္စရပ်တွေအတွက် အီရန်နဲ့ဆက်သွယ်ရာမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရကို ကူညီပေးမှုတွေလုပ်ဆောင်ဖို့ ရုရှားအစိုးရက သဘောတူညီခဲ့တယ်လို့ Bloombergက ရေးသားဖော်ပြခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆော်ဒီအာရေးဗျနိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန်-ရုရှား ကိုယ်စားလှယ်အဖွဲ့တွေကြား တွေ့ဆုံမှုအတွင်း အီရန်အရေးကိုလည်း ဆွေးနွေးခဲ့ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သီးခြားဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ နှစ်ဘက်စလုံးက သဘောတူညီခဲ့တယ်လို့ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး Yuri Ushakov က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အီရန္ရဲ႕န်ဴကလီးယားျပႆနာအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းနည္းကို ေထာက္ပံ့ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika
႐ုရွားႏိုင္ငံဟာ အီရန္ရဲ႕န်ဴကလီးယားျပႆနာအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းနည္းကို ေထာက္ပံ့ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
႐ုရွားသမၼတပူတင္ဟာ န်ဴကလီးယားလက္နက္ဆိုင္ရာ ေဆြးေႏြးပြဲေတြမွာ အေမရိကန္နဲ႔အီရန္ၾကား ၾကားဝင္ေစ့စပ္ေပးမႈေတြ လုပ္ေဆာင္ေပးဖို႔ သေဘာတူညီခဲ့တယ္လို႔ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္နဲ႔ အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ အေမရိကန္ဆန႔္က်င္ေရးတပ္ဖြဲ႕ေတြအတြက္ အီရန္ရဲ႕ေထာက္ခံမႈေတြအပါအဝင္ အမ်ိဳးမ်ိဳးေသာကိစၥရပ္ေတြအတြက္ အီရန္နဲ႔ဆက္သြယ္ရာမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အစိုးရကို ကူညီေပးမႈေတြလုပ္ေဆာင္ဖို႔ ႐ုရွားအစိုးရက သေဘာတူညီခဲ့တယ္လို႔ Bloombergက ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္-႐ုရွား ကိုယ္စားလွယ္အဖြဲ႕ေတြၾကား ေတြ႕ဆုံမႈအတြင္း အီရန္အေရးကိုလည္း ေဆြးေႏြးခဲ့ၿပီး အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး သီးျခားေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ႏွစ္ဘက္စလုံးက သေဘာတူညီခဲ့တယ္လို႔ ပူတင္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒအႀကံေပး Yuri Ushakov က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.