အမေရိကန်က ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်

404

Pika
အမေရိကန်အစိုးရဟာ ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟူသီလက်နက်က်ုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ အမိန့်ပေးခဲ့ပြီးနောက် ယခုလိုသတ်မှတ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွါးခဲ့ပြီးနောက်ပိုင်းတည်းက ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီအတွင်းမှာ သွားလာနေတဲ့ ကုန်တင်င်္သဘောတွေကို ဒရုန်းတွေ၊ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
သီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့အတွင်းက ကုန်တင်င်္သဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်ခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက”နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ဆောင်ရွက်ခဲ့တဲ့လုပ်ဆောင်ချက်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွါး၊အမေရိကန်ပြည်သူတွေ ဘေးကင်းလုံခြုံရေးနဲ့ အမေရိကန်နိုင်ငံလုံခြုံရေးကို ကာကွယ်မယ့် ဒေါ်နယ်ထရမ့်အစိုးရရဲ့ ကတိဝတ်ကို သက်သေပြတာမျိုးဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
Zawgyi Version:
အေမရိကန္က ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ႏိုင္ငံျခားအၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္
Pika
အေမရိကန္အစိုးရဟာ ယီမင္အေျခစိုက္ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ႏိုင္ငံျခားအၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခဲ့တယ္လို႔သိရပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဟူသီလက္နက္က္ုင္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ဖို႔ အမိန္႔ေပးခဲ့ၿပီးေနာက္ ယခုလိုသတ္မွတ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြါးခဲ့ၿပီးေနာက္ပိုင္းတည္းက ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ပင္လယ္နီအတြင္းမွာ သြားလာေနတဲ့ ကုန္တင္သၤေဘာေတြကို ဒ႐ုန္းေတြ၊ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။
သီလက္နက္ကိုင္အဖြဲ႕ဟာ ပင္လယ္နီနဲ႔ ေအဒင္ပင္လယ္ေကြ႕အတြင္းက ကုန္တင္သၤေဘာေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြ အႀကိမ္ေပါင္းမ်ားစြာ လုပ္ေဆာင္ခဲ့ၿပီး ကမာၻလုံးဆိုင္ရာ ကုန္သြယ္ေရးလမ္းေၾကာင္းကို ေႏွာင့္ယွက္ခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက”ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ေဆာင္႐ြက္ခဲ့တဲ့လုပ္ေဆာင္ခ်က္ဟာ ကြၽန္ေတာ္တို႔ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအက်ိဳးစီးပြါး၊အေမရိကန္ျပည္သူေတြ ေဘးကင္းလုံၿခဳံေရးနဲ႔ အေမရိကန္ႏိုင္ငံလုံၿခဳံေရးကို ကာကြယ္မယ့္ ေဒၚနယ္ထရမ့္အစိုးရရဲ႕ ကတိဝတ္ကို သက္ေသျပတာမ်ိဳးျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။