ဆန်စက်(၁၁)ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်(၁၅)မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည့်အစီအစဉ် မေလတွင် ပြီးစီးမည်

594

ယွန်း (NP News) - မတ် ၅
ဆန်စက်(၁၁)ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၁၅) မဂ္ဂါဝပ်ခန့် ထုတ် လုပ်မည့်အစီအစဉ်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လာမည့်မေလတွင် ပြီးစီးရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။
အဆိုပါစနစ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် စတင်ပြင်ဆင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သီလဝါရှိ ဆန်စက်၌စတင် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
“ဆန်စက်(၁၁)ခုလောက်ရှိမယ်။ စုစုပေါင်း(၁၅)မဂ္ဂါဝပ်လောက် တပ်သွားမယ်။ အခုစလုပ်နေပါပြီ သီလဝါက ဆန်စက်ဆိုစတပ်နေပါပြီ ပြီးတော့မယ်။ အဓိကက ဆန်စက်တွေက ဆိုလာတပ်ပြီးသုံးလိုက် ရင် မဟာဓာတ်အားလိုင်းကထုတ်သုံးတာလျော့သွားတာပေါ့။ မဟာဓာတ်အားလိုင်းက ထုတ်သုံးတာ လျော့သွားရင် တခြားစက်မှုလက်မှုလုပ်ငန်းတွေနဲ့ ပြည်သူတွေကို နိုင်ငံတော်က ပိုပြီးပေးနိုင်မှာပါ။ (၁၅) မဂ္ဂါဝပ် ဆန်စက်တွေမှာသုံးဖို့တပ်လိုက်ခြင်းဟာ (၁၅) မဂ္ဂါဝပ်စက်ရုံတစ်ရုံ ထူထောင်လိုက်တာနဲ့ အ တူတူပဲ။ ကျွန်တော်တို့သုံးတာလျော့သွားရင် ပြည်သူတွေပိုသုံးနိုင်တာပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။
ထို့ပြင် လပွတ္တာမြို့နယ်ရှိ ဆန်စက်များတွင်လည်း စတင်တပ်ဆင်နေပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ဆန်စက်များကို အဓိကတပ်ဆင်သွားမည့်အပြင် လတ်တလောအခြေအနေနှင့်ကိုက်ညီသည့် လျှပ်စစ် စွမ်းအင်လိုအပ်ချက်ကို တိုးချဲ့တပ်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ စနစ်ကိုလာမည့်မေလတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်အပါအဝင် ငွေကြေးလိုအပ်ချက်များလည်းရှိနေကြောင်း သိရသည်။
“ဒီနှစ် မတ်၊ ဧပြီ၊ မေမှာ ပြီးအောင်လုပ်မယ်။ အဓိကကတော့ ပြည်ပကနေသွင်းရတဲ့ သွင်းကုန် လိုင်စင်လိုအပ်ချက်ရှိတယ်။ ဒုတိယအချက်က နည်းပညာပိုင်းကလည်း မှန်ကန်ပြီးတော့ ရေရှည်အသုံးချ လို့ရတဲ့နည်းပညာဖြစ်ဖို့လည်း လိုအပ်ချက်ရှိတယ်။ နောက်တစ်ချက်ကတော့ ဘဏ္ဍာငွေကြေး။ ဒီဟာက ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားတယ်။ အကြမ်းဖျင်း (၁) မဂ္ဂါဝပ်ကို မြန်မာကျပ်ငွေ သိန်း(၂၅၀ဝဝ) (၃၀ဝ, ဝဝ)လောက်ရှိတယ်။ အဲဒီကုန်ကျစရိတ်ပေါ်မှာ ရင်းနှီးမြှုပ် နှံရတဲ့ပမာဏရှိတယ်။ နောက်ဆုံး အချက် ကတော့ ကျွမ်းကျင်ဝန်ထမ်းတွေကို Training ပေးရတယ်။ အခက်အခဲဆိုတာထက် အဓိက စဉ်းစားရတဲ့ အရေးကြီးတဲ့အချက်ကတော့ (၄)ချက်ရှိတာပေါ့” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြီးခဲ့သည့် ဇန်န ဝါရီလထုတ်ပြန်ချက်အရ ယခုကာလတွင် တစ်ရက် ပျမ်းမျှ (၂၂၀ဝ) မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀%) ခန့်ကိုသာ ထုတ် လုပ်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။
zawgyi version
ဆန္စက္(၁၁)ခုတြင္ ဆိုလာစနစ္ျဖင့္ လွ်ပ္စစ္(၁၅)မဂၢါဝပ္ခန႔္ ထုတ္လုပ္မည့္အစီအစဥ္ ေမလတြင္ ၿပီးစီးမည္
ယြန္း (NP News) - မတ္ ၅
ဆန္စက္(၁၁)ခုတြင္ ဆိုလာစနစ္တပ္ဆင္ၿပီး လွ်ပ္စစ္ဓာတ္အား စုစုေပါင္း (၁၅) မဂၢါဝပ္ခန႔္ ထုတ္ လုပ္မည့္အစီအစဥ္ကို ဦးစားေပးေဆာင္႐ြက္လ်က္ရွိၿပီး လာမည့္ေမလတြင္ ၿပီးစီးရန္ လ်ာထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ထံမွသိရသည္။
အဆိုပါစနစ္ကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္တြင္ စတင္ျပင္ဆင္ ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ သီလဝါရွိ ဆန္စက္၌စတင္ အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း သိရသည္။
“ဆန္စက္(၁၁)ခုေလာက္ရွိမယ္။ စုစုေပါင္း(၁၅)မဂၢါဝပ္ေလာက္ တပ္သြားမယ္။ အခုစလုပ္ေနပါၿပီ သီလဝါက ဆန္စက္ဆိုစတပ္ေနပါၿပီ ၿပီးေတာ့မယ္။ အဓိကက ဆန္စက္ေတြက ဆိုလာတပ္ၿပီးသုံးလိုက္ ရင္ မဟာဓာတ္အားလိုင္းကထုတ္သုံးတာေလ်ာ့သြားတာေပါ့။ မဟာဓာတ္အားလိုင္းက ထုတ္သုံးတာ ေလ်ာ့သြားရင္ တျခားစက္မႈလက္မႈလုပ္ငန္းေတြနဲ႔ ျပည္သူေတြကို ႏိုင္ငံေတာ္က ပိုၿပီးေပးႏိုင္မွာပါ။ (၁၅) မဂၢါဝပ္ ဆန္စက္ေတြမွာသုံးဖို႔တပ္လိုက္ျခင္းဟာ (၁၅) မဂၢါဝပ္စက္႐ုံတစ္႐ုံ ထူေထာင္လိုက္တာနဲ႔ အ တူတူပဲ။ ကြၽန္ေတာ္တို႔သုံးတာေလ်ာ့သြားရင္ ျပည္သူေတြပိုသုံးႏိုင္တာေပါ့” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကိုေျပာသည္။
ထို႔ျပင္ လပြတၱာၿမိဳ႕နယ္ရွိ ဆန္စက္မ်ားတြင္လည္း စတင္တပ္ဆင္ေနၿပီး ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔ရွိ ဆန္စက္မ်ားကို အဓိကတပ္ဆင္သြားမည့္အျပင္ လတ္တေလာအေျခအေနႏွင့္ကိုက္ညီသည့္ လွ်ပ္စစ္ စြမ္းအင္လိုအပ္ခ်က္ကို တိုးခ်ဲ႕တပ္ဆင္သြားမည္ျဖစ္ ေၾကာင္း သိရသည္။ အဆိုပါ စနစ္ကိုလာမည့္ေမလတြင္ ၿပီးစီးေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သြင္းကုန္လိုင္စင္အပါအဝင္ ေငြေၾကးလိုအပ္ခ်က္မ်ားလည္းရွိေနေၾကာင္း သိရသည္။
“ဒီႏွစ္ မတ္၊ ဧၿပီ၊ ေမမွာ ၿပီးေအာင္လုပ္မယ္။ အဓိကကေတာ့ ျပည္ပကေနသြင္းရတဲ့ သြင္းကုန္ လိုင္စင္လိုအပ္ခ်က္ရွိတယ္။ ဒုတိယအခ်က္က နည္းပညာပိုင္းကလည္း မွန္ကန္ၿပီးေတာ့ ေရရွည္အသုံးခ် လို႔ရတဲ့နည္းပညာျဖစ္ဖို႔လည္း လိုအပ္ခ်က္ရွိတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဘ႑ာေငြေၾကး။ ဒီဟာက ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏႀကီးမားတယ္။ အၾကမ္းဖ်င္း (၁) မဂၢါဝပ္ကို ျမန္မာက်ပ္ေငြ သိန္း(၂၅၀ဝဝ) (၃၀ဝ, ဝဝ)ေလာက္ရွိတယ္။ အဲဒီကုန္က်စရိတ္ေပၚမွာ ရင္းႏွီးျမႇဳပ္ ႏွံရတဲ့ပမာဏရွိတယ္။ ေနာက္ဆုံး အခ်က္ ကေတာ့ ကြၽမ္းက်င္ဝန္ထမ္းေတြကို Training ေပးရတယ္။ အခက္အခဲဆိုတာထက္ အဓိက စဥ္းစားရတဲ့ အေရးႀကီးတဲ့အခ်က္ကေတာ့ (၄)ခ်က္ရွိတာေပါ့” ဟု ဦးရဲမင္းေအာင္က ဆက္လက္ေျပာသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ ၿပီးခဲ့သည့္ ဇန္န ဝါရီလထုတ္ျပန္ခ်က္အရ ယခုကာလတြင္ တစ္ရက္ ပ်မ္းမွ် (၂၂၀ဝ) မဂၢါဝပ္ခန႔္သာထုတ္လုပ္ႏိုင္ၿပီး ထုတ္လုပ္ႏိုင္မႈ၏ (၅၀%) ခန႔္ကိုသာ ထုတ္ လုပ္ျဖန႔္ျဖဴးေပးႏိုင္လ်က္ရွိေၾကာင္း သိရသည္။