SEVENTEEN အဖွဲ့ဝင် ဝမ်ဝူး စစ်မှုထမ်းဝင်မယ့်ရက် ကြေညာလာ

 200

ရောင်နီ (NP News) - မတ် ၆

တောင်ကိုရီးယားအမျိုးသား K Pop အဖွဲ့ SEVENTEEN ရဲ့အဖွဲ့ဝင် ဝမ်ဝူး ဟာ စစ်မှုထမ်းကာလ စတင်တော့မယ့် အကြောင်း ပရိသတ်တွေကို အေဂျင်စီကတဆင့် အသိပေးလာခဲ့ပါတယ်။
အေဂျင်စီ PLEDIS Entertainment က ဝမ်ဝူး ဟာ လာမယ့် ဧပြီလ ၃ ရက်မှာ စစ်မှုထမ်း စတင်တော့မှာဖြစ်တယ်လို့ မတ်လ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ဧပြီလမှာ ပြုလုပ်မယ့် Tecate Pa'l Norte 2025 ပွဲ နဲ့ ဧပြီလမှာ ပြုလုပ်မယ့် ဂျပန်ပရိသတ်တွေ့ဆုံပွဲ အပါအဝင် SEVENTEEN ရဲ့ ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ရမယ့် ပွဲ တွေမှာ တက်ရောက်နိုင်တော့မှာ မဟုတ်ဘူးလို့ အေဂျင်စီက ဆိုပါတယ်။

ဒါပေမယ့် အစောပိုင်းက ကြေညာထားတဲ့အတိုင်း ဝမ်ဝူးဟာ မတ်လ ၂၀ ရက်မှ ၂၁ ရက်အထိ စီစဉ်ထားတဲ့ "SEVENTEEN in CARAT LAND” ဖျော်ဖြေပွဲမှာတော့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဝမ်ဝူးဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလအစောပိုင်းက စစ်မှုထမ်းရတဲ့ ဂျောင်ဟန်ပြီးရင် ဒုတိယမြောက် စစ်မှုထမ်းရတဲ့အဖွဲ့ဝင်ဖြစ်ပါတယ်။

Zawgyi Version:
SEVENTEEN အဖြဲ႕ဝင္ ဝမ္ဝူး စစ္မႈထမ္းဝင္မယ့္ရက္ ေၾကညာလာ
ေရာင္နီ (NP News) - မတ္ ၆

ေတာင္ကိုရီးယားအမ်ိဳးသား K Pop အဖြဲ႕ SEVENTEEN ရဲ႕အဖြဲ႕ဝင္ ဝမ္ဝူး ဟာ စစ္မႈထမ္းကာလ စတင္ေတာ့မယ့္ အေၾကာင္း ပရိသတ္ေတြကို ေအဂ်င္စီကတဆင့္ အသိေပးလာခဲ့ပါတယ္။
ေအဂ်င္စီ PLEDIS Entertainment က ဝမ္ဝူး ဟာ လာမယ့္ ဧၿပီလ ၃ ရက္မွာ စစ္မႈထမ္း စတင္ေတာ့မွာျဖစ္တယ္လို႔ မတ္လ ၅ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ လာမယ့္ ဧၿပီလမွာ ျပဳလုပ္မယ့္ Tecate Pa'l Norte 2025 ပြဲ နဲ႔ ဧၿပီလမွာ ျပဳလုပ္မယ့္ ဂ်ပန္ပရိသတ္ေတြ႕ဆုံပြဲ အပါအဝင္ SEVENTEEN ရဲ႕ ပရိသတ္နဲ႔တိုက္႐ိုက္ထိေတြ႕ရမယ့္ ပြဲ ေတြမွာ တက္ေရာက္ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ေအဂ်င္စီက ဆိုပါတယ္။

ဒါေပမယ့္ အေစာပိုင္းက ေၾကညာထားတဲ့အတိုင္း ဝမ္ဝူးဟာ မတ္လ ၂၀ ရက္မွ ၂၁ ရက္အထိ စီစဥ္ထားတဲ့ "SEVENTEEN in CARAT LAND” ေဖ်ာ္ေျဖပြဲမွာေတာ့ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။
ဝမ္ဝူးဟာ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလအေစာပိုင္းက စစ္မႈထမ္းရတဲ့ ေဂ်ာင္ဟန္ၿပီးရင္ ဒုတိယေျမာက္ စစ္မႈထမ္းရတဲ့အဖြဲ႕ဝင္ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.