တောင်ကိုရီးယားသရုပ်ဆောင် အင်ဆီဝမ်က တောင်ကိုရီးယားရေဘေးသင့်ပြည်သူတွေအတွက် ဝမ် သန်း ၅၀ လှူဒါန်း

 227

ရောင်နီ (NP News) - ဇူလိုင် ၂ဝ
Squid Game Season 3 မှာ Player 333 ဇာတ်ကောင်နဲ့ လူမုန်းများခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင် အင်ဆီဝမ်ဟာ တောင်ကိုရေးယား ရေဘေးသင့်ပြည်သူတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ဝမ်သန်း ၅၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Hope Bridge Korea Disaster Relief Association က ဇူလိုင်လ ၁၈ ရက်မှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။
အင်ဆီဝမ်ကလည်း ဒီကူညီမှုဟာ "မိုးကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့မိသားစုတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ကြောင်း၊ မိုးရွာတာ အမြန်ရပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ အမြန်ပြန်ကောင်းလာပါစေဖို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းလိုက်ကြောင်း" ဆိုပါတယ်။
အင်ဆီဝမ်ဟာ ပရဟိတလုပ်ငန်းတွေမှာ မကြာခဏ ပါဝင်လေ့ရှိသူဖြစ်ပြီး ယခင်က တောမီးလောင်မှု၊ ရေကြီးမှုနဲ့ မြေငလျင်စတဲ့ အမျိုးမျိုးသော သဘာဝဘေးအန္တရာယ်တွေမှာလည်း Hope Bridge ကနေတဆင့် ကူညီမှုတွေပေးလေ့ရှိပါတယ်။
Hope Bridge အဖွဲ့အစည်းဟာ ၁၉၆၁ ခုနှစ်က စတင်တည်ထောင်ပြီး သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေမှာ အလှူငွေ ဖြန့်ဝေဖို့ တောင်ကိုရီးယားနိုင်ငံရဲ့တရားဝင် အသိအမှတ်ပြုတစ်ခုတည်းသော တရားဝင် ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဖြစ်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ အင္ဆီဝမ္က ေတာင္ကိုရီးယားေရေဘးသင့္ျပည္သူေတြအတြက္ ဝမ္ သန္း ၅၀ လႉဒါန္း
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ
Squid Game Season 3 မွာ Player 333 ဇာတ္ေကာင္နဲ႔ လူမုန္းမ်ားခဲ့တဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ အင္ဆီဝမ္ဟာ ေတာင္ကိုေရးယား ေရေဘးသင့္ျပည္သူေတြနဲ႔ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြအတြက္ ဝမ္သန္း ၅၀ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို Hope Bridge Korea Disaster Relief Association က ဇူလိုင္လ ၁၈ ရက္မွာ အသိေပးေၾကညာခဲ့တာျဖစ္ပါတယ္။
အင္ဆီဝမ္ကလည္း ဒီကူညီမႈဟာ "မိုးေၾကာင့္ အိုးအိမ္ဆုံးရႈံးခဲ့ရတဲ့မိသားစုေတြအတြက္ အေထာက္အကူျဖစ္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း၊ မိုး႐ြာတာ အျမန္ရပ္ၿပီး ပ်က္စီးဆုံးရႈံးမႈေတြ အျမန္ျပန္ေကာင္းလာပါေစဖို႔ စိတ္ရင္းမွန္နဲ႔ ဆုေတာင္းလိုက္ေၾကာင္း" ဆိုပါတယ္။
အင္ဆီဝမ္ဟာ ပရဟိတလုပ္ငန္းေတြမွာ မၾကာခဏ ပါဝင္ေလ့ရွိသူျဖစ္ၿပီး ယခင္က ေတာမီးေလာင္မႈ၊ ေရႀကီးမႈနဲ႔ ေျမငလ်င္စတဲ့ အမ်ိဳးမ်ိဳးေသာ သဘာဝေဘးအႏၲရာယ္ေတြမွာလည္း Hope Bridge ကေနတဆင့္ ကူညီမႈေတြေပးေလ့ရွိပါတယ္။
Hope Bridge အဖြဲ႕အစည္းဟာ ၁၉၆၁ ခုႏွစ္က စတင္တည္ေထာင္ၿပီး သဘာဝေဘးအႏၲရာယ္ ျပန္လည္ထူေထာင္ေရးႀကိဳးပမ္းမႈေတြမွာ အလႉေငြ ျဖန႔္ေဝဖို႔ ေတာင္ကိုရီးယားႏိုင္ငံရဲ႕တရားဝင္ အသိအမွတ္ျပဳတစ္ခုတည္းေသာ တရားဝင္ ေဘးအႏၲရာယ္ကယ္ဆယ္ေရးအဖြဲ႕ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.