မြန်မာလုပ်သား(၂၄)ဦးအား ကနဦးအစီအစဥ်ဖြင့် ရုရှားသို့စေလွှတ်

620

ယွန်း (NP News) - မတ် ၆
မြန်မာလုပ်သား(၂၄)ဦးအား ကနဦးအစီအစဥ်ဖြင့် ရုရှားသို့စေလွှတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာ - ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲစေရေး နှင့် မြန်မာနိုင်ငံမှလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ရှာဖွေနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန် နှင့် လုပ်ခလစာပိုမိုကောင်းမွန်သည့် နိုင်ငံများသို့ လုပ်သားစေလွှတ်ခြင်းဖြင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေနိုင်ရန်အတွက် ရုရှားနိုင်ငံသို့ Pilot Project ဖြင့် စေလွှတ်နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီဖြစ်သည့် Vista International Co.,Ltd ၏ အစီအစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား (၅၄) ဦးကို ပို့ဆောင်ရန်စီစဥ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၅၄)ဦးအနက် ကနဦးအစီအစဉ်ဖြင့် လုပ်သား (၂၄) ဦးအား Pilot Project စေလွှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ (၂၈) ရက်တွင် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး မတ်လ (၃) ရက်တွင် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ပေးခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ယမန်နေ့(မတ်လ ၅ ရက်) တွင် ရုရှားနိုင်ငံသို့ Pilot Project အဖြစ် စနစ်တကျစေလွှတ်နိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီး ဌာနတို့အကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် MoU လက်မှတ်ရေးထိုးရခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ Pilot Project ဖြင့် စေလွှတ်ခြင်းဖြစ်ပြီး အနာဂတ်တွင် အလုပ်သမားဈေးကွက်ရရှိ၍ အလုပ်သမားများ အလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်း၊ အလုပ်သမား နှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝကောင်းမွန် တိုးတက်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ျမန္မာလုပ္သား(၂၄)ဦးအား ကနဦးအစီအစဥ္ျဖင့္ ႐ုရွားသို႔ေစလႊတ္
ယြန္း (NP News) - မတ္ ၆
ျမန္မာလုပ္သား(၂၄)ဦးအား ကနဦးအစီအစဥ္ျဖင့္ ႐ုရွားသို႔ေစလႊတ္ခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ား အရ သိရသည္။
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျမန္မာ - ႐ုရွားႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကို ေရရွည္တည္တံ့ခိုင္ၿမဲေစေရး ႏွင့္ ျမန္မာႏိုင္ငံမွလုပ္သားမ်ား အလုပ္အကိုင္အခြင့္အလမ္းအသစ္မ်ား ရွာေဖြႏိုင္ေရးအတြက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ႏွင့္ အလုပ္သမားေရးရာကိစၥရပ္မ်ားတြင္ ပူးေပါင္းညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေစႏိုင္ရန္ ႏွင့္ လုပ္ခလစာပိုမိုေကာင္းမြန္သည့္ ႏိုင္ငံမ်ားသို႔ လုပ္သားေစလႊတ္ျခင္းျဖင့္ လုပ္သားေဈးကြက္ တိုးခ်ဲ႕ရွာေဖြႏိုင္ရန္အတြက္ ႐ုရွားႏိုင္ငံသို႔ Pilot Project ျဖင့္ ေစလႊတ္ႏိုင္ေရးစီစဥ္ေဆာင္႐ြက္ခဲ့ရာ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီျဖစ္သည့္ Vista International Co.,Ltd ၏ အစီအစဥ္ျဖင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Joint-Stock Company ‘Inturd’ Co., Ltd သို႔ ကြၽမ္းက်င္ျမန္မာလုပ္သား (၅၄) ဦးကို ပို႔ေဆာင္ရန္စီစဥ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ(၅၄)ဦးအနက္ ကနဦးအစီအစဥ္ျဖင့္ လုပ္သား (၂၄) ဦးအား Pilot Project ေစလႊတ္ႏိုင္ေရးအတြက္ ေဖေဖာ္ဝါရီ (၂၈) ရက္တြင္ အလုပ္ရွင္၊ အလုပ္သမားအလုပ္ခန႔္ထားမႈဆိုင္ရာ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး မတ္လ (၃) ရက္တြင္ ျပည္ပအလုပ္အကိုင္လမ္းၫႊန္သင္တန္း သင္ၾကားပို႔ခ်ျခင္းႏွင့္ ျပည္ပအလုပ္အကိုင္အလုပ္သမား သက္ေသခံကတ္ (OWIC) ျပဳလုပ္ေပးျခင္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ယမန္ေန႔(မတ္လ ၅ ရက္) တြင္ ႐ုရွားႏိုင္ငံသို႔ Pilot Project အျဖစ္ စနစ္တက်ေစလႊတ္ႏိုင္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအလုပ္သမားဝန္ႀကီးဌာနႏွင့္ ႐ုရွားႏိုင္ငံအလုပ္သမားႏွင့္ လူမႈကာကြယ္ေစာင့္ေရွာက္ေရးဝန္ႀကီး ဌာနတို႔အၾကား အလုပ္သမားေရးရာပူးေပါင္းေဆာင္႐ြက္ျခင္းဆိုင္ရာနားလည္မႈစာခြၽန္လႊာ (MoU) လက္မွတ္ ေရးထိုးႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ MoU လက္မွတ္ေရးထိုးရျခင္း မရွိေသးေသာ္လည္း ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကိုေရွးရႈ၍ Pilot Project ျဖင့္ ေစလႊတ္ျခင္းျဖစ္ၿပီး အနာဂတ္တြင္ အလုပ္သမားေဈးကြက္ရရွိ၍ အလုပ္သမားမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ားရရွိျခင္း၊ အလုပ္သမား ႏွင့္ မိသားစုဝင္မ်ား၏ လူမႈစီးပြားဘဝေကာင္းမြန္ တိုးတက္မည္ျဖစ္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။