အမေရိကန်နဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ကတိပြုထားတယ်လို့ ယူကရိန်းသမ္မတပြော

371

Pika (NP News) - မတ် ၉
လာမယ့်သီတင်းပတ်အတွင်း ဆော်ဒီအာရေးဗျနိုင်ငံမှာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ နည်းလမ်းတွေ အတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ယူကရိန်းက အပြည့်အဝ ကတိပြုထားတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ဇီလန်စကီးဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရယူဖို့ အလေးအနက်ထားတာမျိုးမရှိဘူးလို့လည်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးက “ယူကရိန်းက ငြိမ်းချမ်းရေးကိုရယူဖို့အတွက် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ လက်တွေ့ကျတဲ့ အဆိုပြုချက်တွေဟာ စားပွဲပေါ်မှာပဲ ရှိနေပါတယ်။ အရေးကြီးတာက မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ဆောင်ဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။
ဇီလန်စကီးက ၎င်းဟာ လာမယ့်သီတင်းပတ်အတွင်း ဆော်ဒီအာရေးဗျနိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ် ကြောင်း နဲ့ ယူကရိန်းရဲ့သံတမန်နဲ့စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ လာမယ့်မတ်လ(၁၁)ရက်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ကျွန်တော်တို့ဘက်ကတော့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အပြည့်အ၀ ကတိပြုထားပါတယ်။ ပြီးတော့ လိုအပ်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ခြေလှမ်းတွေကို ဆွေးနွေးပြီး သဘောတူညီမှုတွေ ရရှိဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ကတိျပဳထားတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - မတ္ ၉
လာမယ့္သီတင္းပတ္အတြင္း ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ နည္းလမ္းေတြ အတြက္ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕နဲ႔ အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းက အျပည့္အဝ ကတိျပဳထားတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူခဲ့တဲ့ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းအတြက္ စစ္ေရးအကူအညီေတြကို ရပ္ဆိုင္းဖို႔ အမိန႔္ေပးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ဇီလန္စကီးဟာ ႐ုရွားနဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို ရယူဖို႔ အေလးအနက္ထားတာမ်ိဳးမရွိဘူးလို႔လည္း ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ဇီလန္စကီးက “ယူကရိန္းက ၿငိမ္းခ်မ္းေရးကိုရယူဖို႔အတြက္ နည္းလမ္းေတြကို ရွာေဖြေနပါတယ္။ လက္ေတြ႕က်တဲ့ အဆိုျပဳခ်က္ေတြဟာ စားပြဲေပၚမွာပဲ ရွိေနပါတယ္။ အေရးႀကီးတာက ျမန္ျမန္ဆန္ဆန္နဲ႔ ထိထိေရာက္ေရာက္ ျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ပါပဲ” လို႔ ေျပာခဲ့ပါတယ္။
ဇီလန္စကီးက ၎ဟာ လာမယ့္သီတင္းပတ္အတြင္း ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို သြားေရာက္လည္ပတ္မွာျဖစ္ ေၾကာင္း နဲ႔ ယူကရိန္းရဲ႕သံတမန္နဲ႔စစ္ဘက္ဆိုင္ရာ ကိုယ္စားလွယ္အဖြဲ႕ေတြဟာ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕နဲ႔ လာမယ့္မတ္လ(၁၁)ရက္မွာ ေတြ႕ဆုံမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ကြၽန္ေတာ္တို႔ဘက္ကေတာ့ အျပဳသေဘာေဆာင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ဖို႔ အျပည့္အ၀ ကတိျပဳထားပါတယ္။ ၿပီးေတာ့ လိုအပ္တဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ ေျခလွမ္းေတြကို ေဆြးေႏြးၿပီး သေဘာတူညီမႈေတြ ရရွိဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။