ဖေဖော်ဝါရီလအတွင်း ကျန်းမာရေးကို ထိခိုက်စေသော လေအရည်အသွေးအဆင့် ၁၃ရက်ဖြစ်ပေါ်ခဲ့

 301

Pearl (NP News) - မတ် ၉

ဖေဖော်ဝါရီလအတွင်း ကျန်းမာရေးကို ထိခိုက်စေသော လေအရည်အသွေးအဆင့် ၁၃ရက်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရန်ကုန် (ကမ္ဘာအေး) ရုံး၌ ဂျပန်နိုင်ငံ Asia Center for Air Pollution Research (ACAP) Clean Air Asia တို့၏ ကူညီထောက်ပံ့မှုဖြင့် လေထုအတွင်း (2.5μg)အောက် သေးငယ်သော အမှုန်အမွှားများပါဝင်မှုကို တိုင်းတာနိုင်သည့် အလိုအလျောက် PM2.5 Monitor စက်တပ်ဆင်၍ လေအရည်အသွေး PM2.5 စောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းငန်းကို ၂၆.၃.၂၀၁၈ ရက်နေ့မှ စ၍ ၂၄နာရီ စောင့်ကြည့်တိုင်းတာလျက်ရှိကြောင်း သိရသည်။

ရန်ကုန် ကမ္ဘာအေးရုံး၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၈ရက်နေ့အထိတိုင်းတာရရှိခဲ့သည့် PM2.5 တန်ဖိုးများကိုလေအရည်အသွေးအညွှန်းကိန်းAir Quality Index – AQI and Health Concerns သတ်မှတ်ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဖေဖော်ဝါရီလ ၁၁၊ ၂၀၊ ၂၅၊ ၂၆၊ ၂၇ ရက်နေ့နှင့် ၂၈ရက်နေ့ တို့ သည် AQI Range 51-100 အတွင်းတွင် ရှိသောကြောင့် အသင့်အတင့်အဆင့် (Moderate)ဖြစ်ကြောင်း သိရသည်။

၁၊ ၅၊ ၆၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၆ ရက်နေ့ နှင့်၁၉ ရက်နေ့တို့သည် AQI Range 101-150 အတွင်းတွင်ရှိသောကြောင့် ခံနိုင်ရည်နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးကို ထိခိုက်စေသောအဆင့် နှင့် ကျန်ရက်များသည် Range 151-200 အတွင်းတွင်ရှိသောကြောင့် ကျန်းမာရေးကို ထိခိုက်စေသောအဆင့်ဖြစ်ကြောင်းသိရသည်။

တိုင်းတာ ရရှိခဲ့သည့် မှတ်တမ်းများအရ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရန်ကုန် (ကမ္ဘာအေး) ရုံး၏ လေအရည်အသွေးမှာ ဖေဖော်ဝါရီလအတွင်းတွင် အသင့်အတင့်အဆင့်၌ ၆ရက် ၊ ခံနိုင်ရည်နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးကိုထိခိုက်စေသော အဆင့် ၉ရက် နှင့် ကျန်းမာရေးကို ထိခိုက်စေသော အဆင့်၌ ၁၃ရက်ရှိနေကြောင်း သုံးသပ်တွေ့ရှိရသည်။

Zawgyi Version:
ေဖေဖာ္ဝါရီလအတြင္း က်န္းမာေရးကို ထိခိုက္ေစေသာ ေလအရည္အေသြးအဆင့္ ၁၃ရက္ျဖစ္ေပၚခဲ့
Pearl (NP News) - မတ္ ၉

ေဖေဖာ္ဝါရီလအတြင္း က်န္းမာေရးကို ထိခိုက္ေစေသာ ေလအရည္အေသြးအဆင့္ ၁၃ရက္ျဖစ္ေပၚခဲ့ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးမွ ထုတ္ျပန္သည့္အခ်က္အလက္မ်ားအရ သိရသည္။

ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနရန္ကုန္ (ကမာၻေအး) ႐ုံး၌ ဂ်ပန္ႏိုင္ငံ Asia Center for Air Pollution Research (ACAP) Clean Air Asia တို႔၏ ကူညီေထာက္ပံ့မႈျဖင့္ ေလထုအတြင္း (2.5μg)ေအာက္ ေသးငယ္ေသာ အမႈန္အမႊားမ်ားပါဝင္မႈကို တိုင္းတာႏိုင္သည့္ အလိုအေလ်ာက္ PM2.5 Monitor စက္တပ္ဆင္၍ ေလအရည္အေသြး PM2.5 ေစာင့္ၾကည့္တိုင္းတာျခင္းလုပ္ငန္းငန္းကို ၂၆.၃.၂၀၁၈ ရက္ေန႔မွ စ၍ ၂၄နာရီ ေစာင့္ၾကည့္တိုင္းတာလ်က္ရွိေၾကာင္း သိရသည္။

ရန္ကုန္ ကမာၻေအး႐ုံး၌ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔မွ ၂၈ရက္ေန႔အထိတိုင္းတာရရွိခဲ့သည့္ PM2.5 တန္ဖိုးမ်ားကိုေလအရည္အေသြးအၫႊန္းကိန္းAir Quality Index – AQI and Health Concerns သတ္မွတ္ေဖာ္ျပခ်က္မ်ားႏွင့္ ႏႈိင္းယွဥ္ၾကည့္ရာတြင္ ေဖေဖာ္ဝါရီလ ၁၁၊ ၂၀၊ ၂၅၊ ၂၆၊ ၂၇ ရက္ေန႔ႏွင့္ ၂၈ရက္ေန႔ တို႔ သည္ AQI Range 51-100 အတြင္းတြင္ ရွိေသာေၾကာင့္ အသင့္အတင့္အဆင့္ (Moderate)ျဖစ္ေၾကာင္း သိရသည္။

၁၊ ၅၊ ၆၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၆ ရက္ေန႔ ႏွင့္၁၉ ရက္ေန႔တို႔သည္ AQI Range 101-150 အတြင္းတြင္ရွိေသာေၾကာင့္ ခံႏိုင္ရည္နည္းပါးေသာ အုပ္စုမ်ားအတြက္ က်န္းမာေရးကို ထိခိုက္ေစေသာအဆင့္ ႏွင့္ က်န္ရက္မ်ားသည္ Range 151-200 အတြင္းတြင္ရွိေသာေၾကာင့္ က်န္းမာေရးကို ထိခိုက္ေစေသာအဆင့္ျဖစ္ေၾကာင္းသိရသည္။

တိုင္းတာ ရရွိခဲ့သည့္ မွတ္တမ္းမ်ားအရ မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနရန္ကုန္ (ကမာၻေအး) ႐ုံး၏ ေလအရည္အေသြးမွာ ေဖေဖာ္ဝါရီလအတြင္းတြင္ အသင့္အတင့္အဆင့္၌ ၆ရက္ ၊ ခံႏိုင္ရည္နည္းပါးေသာ အုပ္စုမ်ားအတြက္ က်န္းမာေရးကိုထိခိုက္ေစေသာ အဆင့္ ၉ရက္ ႏွင့္ က်န္းမာေရးကို ထိခိုက္ေစေသာ အဆင့္၌ ၁၃ရက္ရွိေနေၾကာင္း သုံးသပ္ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.