ကျစ်လျစ်၊ မာကျောသောပုံစံဖြင့် တောင်ခမ်းတွင် တပ်မတော်က အပြည့်အဝ အောင်ပွဲဆင် TNLA ပူးပေါင်းအဖွဲ့ ဆုတ်ခွာ

 7958

သုတကျော် (NP News) - မတ် ၁ဝ

ကျစ်လျစ် မာကျောသောပုံစံဖြင့် တောင်ခမ်းတွင် တပ်မတော်က အပြည့်အဝအောင်ပွဲဆင်နိုင်ခဲ့ရာ TNLA ပူးပေါင်းအဖွဲ့ တပ်လန်သွားခဲ့ပြီဖြစ်ကြောင်း NP News က စစ်ရေးသတင်းရင်းမြစ်များထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဩဂုတ်လ(၁ဝ)ရက်မှစတင်ကာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းရှိ တောင်ခမ်း ကျေးရွာ တပ်မတော်အမြောက် စခန်းကွပ်ကဲမှုဌာနချုပ် အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က အပြည့်အဝပြန်လည်အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကာ တောင်ခမ်း စစ်မြေပြင်တွင် တပ်မတော်ဘက်မှအကျစ်လျစ်ဆုံးနှင့်အမာကျောဆုံးစုဖွဲ့မှုပုံစံဖြင့် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ခမ်းစစ်မျက်နှာရှိ နောက်ဆုံးကျန်ရစ်သော TNLA ပူးပေါင်းအဖွဲ့၏ ရွှေရောင်ပြန်ကုန်းနှင့် ငွေရောင်ပြန်ကုန်း တို့ကို တပ်မတော်က အပြည့်အဝထိန်းချုပ်ပြီးနောက် တောင်ခမ်းတွင် ရန်သူကင်းစင် သွားခြင်းဖြစ်ရာ နောင်ချိုသို့ တပ်မတော်စစ်ကြောင်းများ အပြည့်အဝ ဦးတည်နိုင်တော့မည်ဖြစ်သည်။

“ပြီးခဲ့တဲ့အပတ်က တောင်ခမ်းမှာ လမ်းကြောင်းပွင့်သွားတယ်။ ဒါပေမဲ့ ရွှေရောင်ပြန်ကုန်းနဲ့ ငွေရောင်ပြန်ကုန်းမှာ က ရန်သူက ရှိနေတယ်။ ရှိတဲ့ရန်သူကို မနေ့ (မတ်လ ၆ ရက်) မွန်းလွဲ(၁)နာရီခွဲက ဝင် တိုက်လိုက်တာမရှိတော့ဘူး။ ပြောရမယ်ဆိုရင် တောင်ခမ်းက (၁၀ဝ) ရာခိုင်နှုန်း ရှင်းလင်းသွားပြီ”ဟု စစ် ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ တောင်ခမ်းတိုက်ပွဲနှင့်ပတ်သက်၍ ကမ္ဘောဇဘုန်းကြီးကျောင်း၊ နားရှိုးကျေးရွာ၊ မန်မော်ဘုရားကုန်း၊ ဆယ်တောင် ပြည့်ဘုရားကုန်းနှင့် လုံကာ ဘုရားကုန်းတို့တွင် တပ်မတော်က ရှင်းလင်းတိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်ထွက်ပေါ် နေရာ အဆိုပါဗီဒီယိုအရ တပ်မတော်ဘက်က အမြောက်၊ ခြေလျင်၊ ဒရုန်းတို့ ကို ဟန်ချက်ညီညီ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း တွေ့မြင်ရသည်။
အဆိုပါဗီဒီယိုအရ ပစ်မှတ်တိကျမှုလည်းမြင့်မားကြောင်းတွေ့မြင်ရပြီး စိတ်ဓာတ်ပျက်ပြားနေသော TNLA ပူးပေါင်း အဖွဲ့တို့ တဆုတ်တည်း ဆုတ်နေရသည်ကိုလည်း မြင်တွေ့ရသည်။
“စနစ်ကျတာကို ဗီဒီယိုထဲမှာ မြင်ရတယ်။ ဒါလေ့ကျင့်ရေးလုပ်နေတာကို ပြနေတာမဟုတ်ဘဲ စစ်မြေပြင် က ဟာကိုပြတာပေါ့။ ပစ်တာကအစ ဟိုးအရှေးရှေးကလို မဟုတ်ဘူး။ အမြောက်ခြောက် လက်စုံပစ်တာတို့၊ ငါးလက်စုံပစ်တာတို့၊ စစ်သေနတ်ပစ်သလို ဒုန်းဒုန်းဒုန်းနဲ့ပစ်တာပေါ့။ စနစ်ကျနမှု ဆိုတာထက် အမြောက်တပ်မှူး တွေက အတွေးအခေါ်ကောင်းသွားတော့ ပစ်ချက်တွေရော၊ အမြောက်ဗျူဟာ ကစားတဲ့ပုံတွေရော ကောင်းသွား တာပေါ့” ဟု ၎င်းက ဆိုသည်။ တောင်ခမ်းစစ်မြေပြင်တွင် အရေးမလှဖြစ်နေသော TNLA ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ကို ကာကွယ်ရန်အတွက် ထပ်မံ ခံစစ်ဆင်ဖွယ်ရှိသော်လည်း ၎င်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သော ဗမာ PDF အများအပြားသည် တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် စိတ်ဓာတ်ကျဆင်းကာ တိုက်လို ခိုက်လိုစိတ် နည်းပါးသွားသည်ကို တွေ့မြင်ရကြောင်းလည်း သိရသည်။
ထို့ပြင် တောင်ခမ်း စစ်မျက်နှာပြင်တွင် TNLA ဘက်က ဗမာ TNLA နှင့် ဓနု PDF များကို ရှေ့မှတိုက်စေသောကြောင့် အသေအပျောက် များခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
က်စ္လ်စ္၊ မာေက်ာေသာပုံစံျဖင့္ ေတာင္ခမ္းတြင္ တပ္မေတာ္က အျပည့္အဝ ေအာင္ပြဲဆင္ TNLA ပူးေပါင္းအဖြဲ႕ ဆုတ္ခြာ
သုတေက်ာ္ (NP News) - မတ္ ၁ဝ

က်စ္လ်စ္ မာေက်ာေသာပုံစံျဖင့္ ေတာင္ခမ္းတြင္ တပ္မေတာ္က အျပည့္အဝေအာင္ပြဲဆင္ႏိုင္ခဲ့ရာ TNLA ပူးေပါင္းအဖြဲ႕ တပ္လန္သြားခဲ့ၿပီျဖစ္ေၾကာင္း NP News က စစ္ေရးသတင္းရင္းျမစ္မ်ားထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဩဂုတ္လ(၁ဝ)ရက္မွစတင္ကာ ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ေတာင္ခမ္း ေက်း႐ြာ တပ္မေတာ္အေျမာက္ စခန္းကြပ္ကဲမႈဌာနခ်ဳပ္ အပါအဝင္ တပ္စခန္းမ်ားကို TNLA ပူးေပါင္းအဖြဲ႕က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ တပ္မေတာ္က အျပည့္အဝျပန္လည္ေအာင္ပြဲဆင္ႏိုင္ခဲ့ျခင္းျဖစ္ကာ ေတာင္ခမ္း စစ္ေျမျပင္တြင္ တပ္မေတာ္ဘက္မွအက်စ္လ်စ္ဆုံးႏွင့္အမာေက်ာဆုံးစုဖြဲ႕မႈပုံစံျဖင့္ တိုက္ပြဲဝင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေတာင္ခမ္းစစ္မ်က္ႏွာရွိ ေနာက္ဆုံးက်န္ရစ္ေသာ TNLA ပူးေပါင္းအဖြဲ႕၏ ေ႐ႊေရာင္ျပန္ကုန္းႏွင့္ ေငြေရာင္ျပန္ကုန္း တို႔ကို တပ္မေတာ္က အျပည့္အဝထိန္းခ်ဳပ္ၿပီးေနာက္ ေတာင္ခမ္းတြင္ ရန္သူကင္းစင္ သြားျခင္းျဖစ္ရာ ေနာင္ခ်ိဳသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား အျပည့္အဝ ဦးတည္ႏိုင္ေတာ့မည္ျဖစ္သည္။

“ၿပီးခဲ့တဲ့အပတ္က ေတာင္ခမ္းမွာ လမ္းေၾကာင္းပြင့္သြားတယ္။ ဒါေပမဲ့ ေ႐ႊေရာင္ျပန္ကုန္းနဲ႔ ေငြေရာင္ျပန္ကုန္းမွာ က ရန္သူက ရွိေနတယ္။ ရွိတဲ့ရန္သူကို မေန႔ (မတ္လ ၆ ရက္) မြန္းလြဲ(၁)နာရီခြဲက ဝင္ တိုက္လိုက္တာမရွိေတာ့ဘူး။ ေျပာရမယ္ဆိုရင္ ေတာင္ခမ္းက (၁၀ဝ) ရာခိုင္ႏႈန္း ရွင္းလင္းသြားၿပီ”ဟု စစ္ ေရးသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။ ေတာင္ခမ္းတိုက္ပြဲႏွင့္ပတ္သက္၍ ကေမာၻဇဘုန္းႀကီးေက်ာင္း၊ နားရႈိးေက်း႐ြာ၊ မန္ေမာ္ဘုရားကုန္း၊ ဆယ္ေတာင္ ျပည့္ဘုရားကုန္းႏွင့္ လုံကာ ဘုရားကုန္းတို႔တြင္ တပ္မေတာ္က ရွင္းလင္းတိုက္ခိုက္ခဲ့သည့္ ဗီဒီယိုဖိုင္ထြက္ေပၚ ေနရာ အဆိုပါဗီဒီယိုအရ တပ္မေတာ္ဘက္က အေျမာက္၊ ေျခလ်င္၊ ဒ႐ုန္းတို႔ ကို ဟန္ခ်က္ညီညီ အသုံးျပဳ တိုက္ခိုက္ခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။
အဆိုပါဗီဒီယိုအရ ပစ္မွတ္တိက်မႈလည္းျမင့္မားေၾကာင္းေတြ႕ျမင္ရၿပီး စိတ္ဓာတ္ပ်က္ျပားေနေသာ TNLA ပူးေပါင္း အဖြဲ႕တို႔ တဆုတ္တည္း ဆုတ္ေနရသည္ကိုလည္း ျမင္ေတြ႕ရသည္။
“စနစ္က်တာကို ဗီဒီယိုထဲမွာ ျမင္ရတယ္။ ဒါေလ့က်င့္ေရးလုပ္ေနတာကို ျပေနတာမဟုတ္ဘဲ စစ္ေျမျပင္ က ဟာကိုျပတာေပါ့။ ပစ္တာကအစ ဟိုးအေရွးေရွးကလို မဟုတ္ဘူး။ အေျမာက္ေျခာက္ လက္စုံပစ္တာတို႔၊ ငါးလက္စုံပစ္တာတို႔၊ စစ္ေသနတ္ပစ္သလို ဒုန္းဒုန္းဒုန္းနဲ႔ပစ္တာေပါ့။ စနစ္က်နမႈ ဆိုတာထက္ အေျမာက္တပ္မႉး ေတြက အေတြးအေခၚေကာင္းသြားေတာ့ ပစ္ခ်က္ေတြေရာ၊ အေျမာက္ဗ်ဴဟာ ကစားတဲ့ပုံေတြေရာ ေကာင္းသြား တာေပါ့” ဟု ၎က ဆိုသည္။ ေတာင္ခမ္းစစ္ေျမျပင္တြင္ အေရးမလွျဖစ္ေနေသာ TNLA ပူးေပါင္းအဖြဲ႕သည္ ေနာင္ခ်ိဳၿမိဳ႕ကို ကာကြယ္ရန္အတြက္ ထပ္မံ ခံစစ္ဆင္ဖြယ္ရွိေသာ္လည္း ၎တို႔ဘက္မွ ပါဝင္တိုက္ခိုက္ခဲ့ေသာ ဗမာ PDF အမ်ားအျပားသည္ တပ္မေတာ္၏ တန္ျပန္ထိုးစစ္ေၾကာင့္ စိတ္ဓာတ္က်ဆင္းကာ တိုက္လို ခိုက္လိုစိတ္ နည္းပါးသြားသည္ကို ေတြ႕ျမင္ရေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေတာင္ခမ္း စစ္မ်က္ႏွာျပင္တြင္ TNLA ဘက္က ဗမာ TNLA ႏွင့္ ဓႏု PDF မ်ားကို ေရွ႕မွတိုက္ေစေသာေၾကာင့္ အေသအေပ်ာက္ မ်ားခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.