ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် လူပေါင်း ထောင်ချီသေဆုံး

 373

ဂျန်ဇက် (NP News) - မတ် ၉

ဆီးရီးယားနိုင်ငံတွင်ပြီးခဲ့သောရက်ပိုင်းကဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်အရပ်သားများ သေဆုံးသူမြင့်တက်လာခဲ့ပြီး အရပ်သားရာနှင့်ချီပြီးသေဆုံးခဲ့ကြောင်း စစ်ပွဲကိုစောင့်ကြည့်နေသည့် ဗြိတိန်နိုင်ငံအခြေစိုက် (SOHR) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆီးရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင် ဆီးရီးယားသမ္မတ အာဆက်သည် စစ်ရှုံးကာ ပြည်ပကို ထွက်ပြေးခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံမြို့တော် အပါအဝင် ဆီးရီးယားနိုင်ငံ၏အဓိကမြို့များကိုထိန်းချုပ်ထားသည့် HTS အဖွဲ့ နှင့် ပြည်ပြေးသမ္မတ ဆာဆက်ကို သစ္စာခံသည့်တပ်ဖွဲ့များကြားတိုက်ပွဲများဖြစ်လာခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း Alawites ဘာသာရေးအဖွဲ့ဝင် ရာချီသေဆုံးခဲ့ပြီး အနည်းဆုံးအရပ်သား ၇၄၅ ဦးသေဆုံးခဲ့ကြောင်း (SOHR) အဖွဲ့က ပြောသည်။ မတ်လ ၇ ရက် နှင့် ၈ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံများသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြောင်း (SOHR) အဖွဲ့က ပြောသည်။

မတ်လ ၇ ရက် နှင့် ၈ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲများသည် ဆီးရီးယားနိုင်ငံတွင် ဒီဇင်ဘာလနောက်ပိုင်းဖြစ်ပွားခဲ့သော တိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ အပြန်အလှန်တိုက်ခိုက်မှုများအတွင်း ဆီးရီးယားသမ္မတဟောင်း အာဆက်ကို သစ္စာခံသူများ နှင့် HTS လက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့ပြီး HTS လက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး ၁၂၅ဦးသေဆုံးခဲ့ပြီး အာဆက်ကို သစ္စာခံသူလက်နက်ကိုင်အဖွဲ့ဝင်အနည်းဆုံး ၁၄၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Alawite ဘာသာရေးကို ကိုးကွယ်သူများသည် ဆီးရီးယားနိုင်ငံရှိလူများအနက် လူဦးရေ ၁ဝ ရာခိုင်နှုန်းသာ ကိုးကွယ်သည့်ဘာသာဝင်များဖြစ်သည်။ လက်ရှိအချိန်တွင် ဆီးရီးယားနိုင်ငံကို ထိန်းချုပ်ထားသည့် HTS လက်နက်ကိုင်အဖွဲ့ဝင်များက Alawite ဘာသာဝင်များကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေကြောင်း စွပ်စွဲမှုများရှိနေသည်။

နှစ်ရက်အတွင်းဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ဆီးရီးယားနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ဝင်များနှင့် အရပ်သား ၁၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဆီးရီးယားႏိုင္ငံတြင္ျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားေၾကာင့္ လူေပါင္း ေထာင္ခ်ီေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၉

ဆီးရီးယားႏိုင္ငံတြင္ၿပီးခဲ့ေသာရက္ပိုင္းကျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားေၾကာင့္အရပ္သားမ်ား ေသဆုံးသူျမင့္တက္လာခဲ့ၿပီး အရပ္သားရာႏွင့္ခ်ီၿပီးေသဆုံးခဲ့ေၾကာင္း စစ္ပြဲကိုေစာင့္ၾကည့္ေနသည့္ ၿဗိတိန္ႏိုင္ငံအေျခစိုက္ (SOHR) အဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ဆီးရီးယားႏိုင္ငံတြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္ ဆီးရီးယားသမၼတ အာဆက္သည္ စစ္ရႈံးကာ ျပည္ပကို ထြက္ေျပးခဲ့ၿပီးေနာက္ ဆီးရီးယားႏိုင္ငံၿမိဳ႕ေတာ္ အပါအဝင္ ဆီးရီးယားႏိုင္ငံ၏အဓိကၿမိဳ႕မ်ားကိုထိန္းခ်ဳပ္ထားသည့္ HTS အဖြဲ႕ ႏွင့္ ျပည္ေျပးသမၼတ ဆာဆက္ကို သစၥာခံသည့္တပ္ဖြဲ႕မ်ားၾကားတိုက္ပြဲမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုက္ခိုက္မႈမ်ားအတြင္း Alawites ဘာသာေရးအဖြဲ႕ဝင္ ရာခ်ီေသဆုံးခဲ့ၿပီး အနည္းဆုံးအရပ္သား ၇၄၅ ဦးေသဆုံးခဲ့ေၾကာင္း (SOHR) အဖြဲ႕က ေျပာသည္။ မတ္လ ၇ ရက္ ႏွင့္ ၈ ရက္က ျဖစ္ပြားခဲ့သည့္တိုက္ပြဲမ်ားေၾကာင့္ ရာႏွင့္ခ်ီေသာ ေဒသခံမ်ားသည္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ေၾကာင္း (SOHR) အဖြဲ႕က ေျပာသည္။

မတ္လ ၇ ရက္ ႏွင့္ ၈ ရက္က ျဖစ္ပြားခဲ့သည့္တိုက္ပြဲမ်ားသည္ ဆီးရီးယားႏိုင္ငံတြင္ ဒီဇင္ဘာလေနာက္ပိုင္းျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားထဲတြင္ အျပင္းထန္ဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။ အျပန္အလွန္တိုက္ခိုက္မႈမ်ားအတြင္း ဆီးရီးယားသမၼတေဟာင္း အာဆက္ကို သစၥာခံသူမ်ား ႏွင့္ HTS လက္နက္ကိုင္အဖြဲ႕မ်ားၾကားျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားအတြင္း လူေပါင္း ၃၀၀ နီးပါးေသဆုံးခဲ့ၿပီး HTS လက္နက္ကိုင္အဖြဲ႕ဝင္ အနည္းဆုံး ၁၂၅ဦးေသဆုံးခဲ့ၿပီး အာဆက္ကို သစၥာခံသူလက္နက္ကိုင္အဖြဲ႕ဝင္အနည္းဆုံး ၁၄၈ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Alawite ဘာသာေရးကို ကိုးကြယ္သူမ်ားသည္ ဆီးရီးယားႏိုင္ငံရွိလူမ်ားအနက္ လူဦးေရ ၁ဝ ရာခိုင္ႏႈန္းသာ ကိုးကြယ္သည့္ဘာသာဝင္မ်ားျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ဆီးရီးယားႏိုင္ငံကို ထိန္းခ်ဳပ္ထားသည့္ HTS လက္နက္ကိုင္အဖြဲ႕ဝင္မ်ားက Alawite ဘာသာဝင္မ်ားကိုပစ္မွတ္ထားၿပီး တိုက္ခိုက္ေနေၾကာင္း စြပ္စြဲမႈမ်ားရွိေနသည္။

ႏွစ္ရက္အတြင္းျဖစ္ပြားသည့္တိုက္ပြဲမ်ားေၾကာင့္ ဆီးရီးယားႏိုင္ငံတြင္ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားႏွင့္ အရပ္သား ၁၀၀၀ ေက်ာ္ေသဆုံးခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.