ယူကရိန်းအစိုးရတာဝန်ရှိသူများ နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမယ်

99

ဂျန်ဇက် (NP News) - မတ် ၉
ယူကရိန်းသမ္မတဇီလန်စကီးက လာမယ့် မတ်လ ၁၁ ရက်မှာ ဆော်ဒီအာရေဗျမှာ ယူကရိန်းနဲ့ အမေရိကန်အကြီးတန်းအရာရှိတွေ တွေ့ဆုံမှာဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့မှာ သမ္မတရုံးအကြီးအကဲ Andriy Yermak ၊ နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha နဲ့ ကာကွယ်ရေးဝန်ကြီး Rustem Umerov တို့ ပါဝင်မှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။
အမေရိကန်ဘက်က ရက်အတိအကျကို မထုတ်ပြန်ရသေးပေမယ့် နိုင်ငံ့လုံခြုံရေးအကြံပေးအရာရှိ Mike Waltz နဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ ပါဝင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီး နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဖေဖော်ဝါရီလနှောင်းပိုင်းက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ချိန်က အချေအတင် စကားများခဲ့ပြီးနောက် အခုလို နှစ်နိုင်ငံဘက်က အရာရှိတွေ တွေ့ဆုံဖို့ ဖြစ်လာတာပါ။
ယူကရိန်းသမ္မတဇီလန်စကီး က ယူကရိန်းဟာ "အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေအတွက် အပြည့်အ၀ ကတိပြုတယ်" လို့ ပြောပါတယ်။
ယူကရိန်းဟာ သူ့နိုင်ငံနဲ့ ရုရှားတို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကတည်းက ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလာခဲ့တယ်လို့ သူက ဆိုပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီး က "ဒီတစ်ခေါက် ဆွေးနွေးမှုတွေမှာ လက်တွေ့ကျတဲ့ အဆိုပြုချက်တွေ ပါဝင်တယ်" လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်းဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုများနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက် အမေရိကန် နဲ့ ယူကရိန်းနိုင်ငံကြားဆက်ဆံရေးအဖုအထစ်များရှိလာခဲ့သလို တွင်းထွက်ဆိုင်ရာသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုများရှိခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi Version:
ယူကရိန္းအစိုးရတာဝန္ရွိသူမ်ား နဲ႔ အေမရိကန္အစိုးရတာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - မတ္ ၉
ယူကရိန္းသမၼတဇီလန္စကီးက လာမယ့္ မတ္လ ၁၁ ရက္မွာ ေဆာ္ဒီအာေရဗ်မွာ ယူကရိန္းနဲ႔ အေမရိကန္အႀကီးတန္းအရာရွိေတြ ေတြ႕ဆုံမွာျဖစ္တယ္လို႔ ေျပာပါတယ္။
ယူကရိန္းကိုယ္စားလွယ္အဖြဲ႕မွာ သမၼတ႐ုံးအႀကီးအကဲ Andriy Yermak ၊ ႏိုင္ငံျခားေရးဝန္ႀကီး Andrii Sybiha နဲ႔ ကာကြယ္ေရးဝန္ႀကီး Rustem Umerov တို႔ ပါဝင္မွာ ျဖစ္တယ္လို႔ ယူကရိန္းသမၼတကေျပာပါတယ္။
အေမရိကန္ဘက္က ရက္အတိအက်ကို မထုတ္ျပန္ရေသးေပမယ့္ ႏိုင္ငံ့လုံၿခဳံေရးအႀကံေပးအရာရွိ Mike Waltz နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Marco Rubio တို႔ ပါဝင္မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းသမၼတဇီလန္စကီး နဲ႔ အေမရိကန္သမၼတ Donald Trump တို႔ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းက အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံခဲ့ခ်ိန္က အေခ်အတင္ စကားမ်ားခဲ့ၿပီးေနာက္ အခုလို ႏွစ္ႏိုင္ငံဘက္က အရာရွိေတြ ေတြ႕ဆုံဖို႔ ျဖစ္လာတာပါ။
ယူကရိန္းသမၼတဇီလန္စကီး က ယူကရိန္းဟာ "အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးမႈေတြအတြက္ အျပည့္အ၀ ကတိျပဳတယ္" လို႔ ေျပာပါတယ္။
ယူကရိန္းဟာ သူ႔ႏိုင္ငံနဲ႔ ႐ုရွားတို႔အၾကား တိုက္ပြဲေတြ စတင္ျဖစ္ပြားခ်ိန္ကတည္းက ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းလာခဲ့တယ္လို႔ သူက ဆိုပါတယ္။ ယူကရိန္းသမၼတဇီလန္စကီး က "ဒီတစ္ေခါက္ ေဆြးေႏြးမႈေတြမွာ လက္ေတြ႕က်တဲ့ အဆိုျပဳခ်က္ေတြ ပါဝင္တယ္" လို႔ ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းသမၼတဇီလန္စကီးဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္းျဖစ္ပြားခဲ့တဲ့ အျငင္းပြားမႈမ်ားနဲ႔ပတ္သက္ၿပီး ျပန္လည္ေတာင္းပန္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။
ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္ နဲ႔ ယူကရိန္းႏိုင္ငံၾကားဆက္ဆံေရးအဖုအထစ္မ်ားရွိလာခဲ့သလို တြင္းထြက္ဆိုင္ရာသေဘာတူညီမႈစာခ်ဳပ္လက္မွတ္ေရးထိုးေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိခဲ့တယ္လို႔ ဆိုပါတယ္။