မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ နိုင်ငံရေး ရေလိုက်မလွဲစေချင် (၂)

 818

စစ်မုန်း (NP News) - မတ် ၁၁

မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်လျှင် နိုင်ငံ ရေးအချိုးအကွေ့များရှိခဲ့သည်။ ထိုနိုင်ငံရေးအချိုး အကွေ့များတွင် နိုင်ငံရေးပါတီများ၏ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များသည် နိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သည့် အကြောင်းအချက်များကိုသေချာစွာဆန်းစစ်ခြင်းမရှိခဲ့ကြ။ ဆန်းစစ်ခြင်း လည်းရှိဟန်မတူ။ မိမိတို့၏ တစ်ဖက် စောင်းနင်းအယူ အဆ၊ အတွေးအခေါ်များကိုသာ နှလုံးသွင်းကာ တိုင်း ပြည်၏မျက်နှာကိုမထောက်၊ မိမိတို့၏ကိုယ်ကျိုး အတ္တများကိုသာ မျက်မှောက်ပြုထားပြီး နိုင်ငံရေး ရေလိုက်လွဲလုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများအနေဖြင့် စစ်ပွဲ သံသရာတွင်လည်ရင်း ဆင်းရဲဒုက္ခရောက်ခဲ့ကြရ သည်။

နိုင်ငံရေး ရေလိုက်လွဲခဲ့သူများ
(၁) ဂဠုန် ဦးစော
နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဂဠုန် ဦးစောသည် အာဏာလောဘဇောကြောင့် နိုင်ငံရေး ရေလိုက်လွဲခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမရှိ တော့လျှင် သူသာ နန်းရင်းဝန်ဖြစ်လာမည်၊ ဝန်ကြီးချုပ်ဖြစ်လာ မည်ဟု ယုံကြည်မျှော်လင့်ခဲ့သည်။ ထိုသို့ ယုံကြည်အောင်လည်း ဗြိတိသျှတို့က အထောက် အကူပြုပေးထားသည်။ လုပ်ကြံမှု မတိုင်မီ လက်နက် အမြောက်အမြားထုတ်ပေးခဲ့ခြင်းဖြင့် လုပ်ကြံမှုအထ မြောက်အောင် ကူညီဆောင်ရွက် ပေးခဲ့သည်။ လက် နက်များထုတ်ပေးခဲ့ခြင်းမှာ ဗြိတိသျှစစ်အရာရှိ အချို့၏ဆောင်ရွက်ချက်သာဖြစ်သည်ဟုဆိုခြင်းမှာ ထမင်းရေပူ လာလျှာလွှဲ ပြောဆိုခြင်းသာဖြစ်သည်။
ဂဠုန်ဦးစော၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများ အား လုပ်ကြံမှုတွင် နိုင်ငံရေးသင် ခန်းစာ ရယူစရာများရှိသည်။ ဂဠုန်ဦးစောသည် တိုင်းတစ်ပါးသား ဗြိတိသျှတို့၏ သပ်လျှိုမွေးစားခြင်း ကိုခံလိုက်ရသူဖြစ်သည်။ လုပ်ကြံမှုအောင်မြင်ခဲ့ သော်လည်း တကယ့်အမှုအခင်း ဖြစ်ရပ်တွင် သူ့ ဆရာသခင်မွေးစားဘခင် ဗြိတိသျှတို့သည် သူ့ကို မျက်နှာလွှဲခဲ့ကြသည်။ ဦးစောသည် သူမှန်းထားသည့် အတိုင်းဖြစ် မလာခဲ့ရှာဘဲ သေဒဏ်ကျခံသွားရသည်။ နိုင်ငံအတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြု သောနိုင်ငံခေါင်းဆောင် ကောင်းများကိုဆုံးရှုံးလိုက်ရ သည်။ ပေးဆပ်ရမှုကြီးမားပါ၏။

(၂) ဗမာပြည်ကွန်မြူနစ်ပါတီနှင့်
တောခိုသောင်းကျန်းသူများ
နောက်ထပ်နိုင်ငံရေး ရေလိုက်လွဲခဲ့သူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)နှင့် ကွန်မြူနစ် ပါတီ (ဗမာပြည်)(အလံနီ)ပါတီခေါင်းဆောင်များ ဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှု ဖြင့်ရယူခဲ့သော မြန်မာနိုင်ငံလွတ်လပ်ရေးကို ရွှေရည် စိမ်လွတ်လပ်ရေး၊ အတုအယောင်လွတ်လပ်ရေးဟု ဆိုကာ အသိအမှတ်မပြုနိုင် ခဲ့ကြ။ နု-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် သည့်လုံးဝလွတ်လပ်ရေးကိုရရှိသည် မှန်သော်လည်း အင်္ဂလိပ်တို့က မြန်မာနိုင်ငံအတွက်ကုန်ကျခဲ့ရသည့် အကြွေးငွေ (၁၄၇)ကုဋေကို အရစ်ကျပြန်ဆပ်ရ မည်ဟုဆိုသည်။ အင်္ဂလိပ် ကြည်း၊ ရေ၊ လေ မစ်ရှင် ကိုလည်း မြန်မာနိုင်ငံတွင် ဆက်လက်ထားရှိရမည် ဟုဆိုသည်။ ထို့ကြောင့်ကွန်မြူနစ်တို့က မြန်မာ နိုင်ငံသည် စစ်ရေး၊ စီးပွားရေးကဏ္ဍတို့တွင် မလွတ် လပ်ဟု လက်ညှိုးထိုးဝေဖန်ခဲ့ကြ သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည်မြန်မာနိုင်ငံအား ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်းနိုင်ငံအဖြစ် သတ်မှတ်ခဲ့ သည်။ သို့ဖြင့် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုကိုင်စွဲပြီး လွတ်လပ်ရေးရပြီး ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော ဖဆပလ အစိုးရကိုဆန့်ကျင်တိုက်ခိုက်ခြင်းဖြင့် နိုင်ငံသားအ ချင်းချင်းသတ်ဖြတ်သည့်စစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။ မြန်မာနိုင်ငံသည် စစ်ပွဲအတွင်း နစ်မွန်းကာတိုင်းပြည် တိုးတက်ရေးကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။ ဗမာပြည် ကွန်မြူနစ်ပါတီသည် အိန္ဒိယကွန်မြူနစ်ပါတီ၏အတွေးအခေါ်များ လွှမ်းမိုးခြင်းကိုလည်းခံခဲ့ရသည်။ ဗမာပြည်ကွန်မြူ နစ်ပါတီသည်ရရှိခဲ့သော မြန်မာ့ လွတ်လပ်ရေး၏ပကတိအမြင်ကို ဆင်ခြင်သိရှိခြင်း မရှိခဲ့ဘဲ ပုဂ္ဂိုလ်ရေးအာဃာတများ၊ မိမိပါတီနှင့်မိမိတို့ အာဏာရရှိရေးကိုသာဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေး ရေလိုက်လွဲခဲ့ရာမှ တိုင်းပြည်မှာ မီးဟုန်းဟုန်း တောက်လောင်ခဲ့ရသည်။ ပြည်သူများ ဆင်းရဲတွင်း ရောက်ခဲ့ရသည်။ ပြည်သူများ၏ ပေးဆပ်ခဲ့ရမှုမှာ ရင်နင့်စရာလည်းဖြစ်သည်။

(၃) NLD ပါတီ
(၁၉၈၈)ခုနှစ်တွင် လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးကြီးသောဖြစ်စဉ် ကြီးတစ်ခုဖြစ်ခဲ့ သည်။ တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ခြေ လှမ်းနိုင်ခဲ့သော ကာလတစ်ခုလည်းဖြစ် သည်။ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် နိုင်ငံတော်အာဏာကို (၁၉၇၄)ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ရွေးကောက်ပွဲမှတစ်ဆင့်လွှဲပြောင်း ပေးရန်ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးမောင်မောင်က နိုင်ငံတော်အာဏာ လွှဲပြောင်းရေးကို ဖွဲ့စည်းပုံအခြေခံအတိုင်းသာဖြစ်စေချင်သည်။ သမိုင်းတွင် အမည်းစက်အထင်မခံစေချင်။ထို့ကြောင့် လွှတ်တော်ခေါ်ယူပြီး ရွေးကောက်ပွဲပြန် လည်ကျင်းပပေးရန် ဆုံးဖြတ်ပေးခဲ့ သည်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ သို့ရာတွင် NLD ပါတီ၏အမြုတေဖြစ်သည့် နိုင်ငံရေး အင်အားစုက ရွေးကောက်ပွဲဖြင့် နိုင်ငံတော် အာဏာလွှဲပြောင်းပေးခြင်းကိုလက်မခံခဲ့။ ကြားဖြတ် အစိုးရဖွဲ့စည်းပေး ရန်သာ တောင်းဆိုခဲ့သည်။ နိုင်ငံတော်အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်တိုးခဲ့သည်။ မိမိ တို့နှင့်အတူ ပြည်သူများရှိသည်ဟု ဘဝင်သွေးနားထင် ရောက်နေခဲ့ကြသည်။ ရရှိခဲ့သောအခွင့်အရေးကို ရယူနိုင်ခြင်းမရှိခဲ့ကြ။ သို့ဖြင့်ဆူပူအုံကြွမှုများပြင်း ထန်လာကာထိန်းမနိုင်သိမ်းမရဖြစ်လာပြီးတပ်မတော်ကနိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့ရသည်။ နိုင်ငံရေးရေလိုက်လွဲခဲ့ခြင်းဖြစ်ပါ၏။
(၁၉၉၀)ပြည့်နှစ်တွင် ထိုစဉ်ကအာဏာ သိမ်းအစိုးရက ပြည်လုံးကျွတ်ရွေးကောက်တင် မြှောက်ပွဲကိုလုပ်ပေးခဲ့ သည်။ NLD ပါတီသည် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည်။ အစိုးရဖွဲ့စည်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေး။ ထို့ကြောင့် အနိုင်ရပါတီနှင့်ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်တပ်မတော်ကစီစဉ်ဆောင်ရွက်ခဲ့သည်။ အနိုင်ရပါတီက လက်ခံခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့စည်း ရန်ကြိုးပမ်းခဲ့သည်။ ဦးစိန်ဝင်း ဦးဆောင်သော ပြည်ပြေးအစိုးရအဖွဲ့ကိုဖွဲ့စည်းကာ နိုင်ငံခြားထွက်သွားကြသည်။ ကျန်ရစ်သူပါတီဝင်များကလည်း နိုင်ငံတော် မှဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး အမျိုးသားညီလာခံမှထွက်သွားခဲ့ခြင်းဖြင့် နိုင်ငံရေး ဇာတ်မျောကြီးဖြစ်ခဲ့ရပြီး စစ်အုပ်ချုပ်ရေး ကာလက သာ သက်ဆိုးရှည်ခဲ့သည်။ မိမိတို့ပါတီ၏သဘောထား အမြင်များပါဝင်ခြင်းမရှိနိုင်ခဲ့။ သို့ရာတွင် NLD ပါတီသည် တပ်မတော်အစိုးရအဖွဲ့မှရေးဆွဲခဲ့သော (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပသောရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားချက်အတိုင်း နိုင်ငံရေးအာဏာကို ရယူနိုင် ခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။ NLD ပါတီ သည် အတွေးမှား၍ အမြင်မှားခဲ့ကာ နိုင်ငံရေးရေ လိုက်လွဲခဲ့သည် ကိုတွေ့မြင်ရသည်။
(၂၀၂၁)ခုနှစ်တွင်လည်း ရွေးကောက်ပွဲ မသမာမှုများကိုနိုင်ငံရေးပါတီများနှင့် တပ်မတော်က အဆင့်ဆင့်တင်ပြ တောင်းဆိုခဲ့သော်လည်း ပြုလုပ် ပေးခြင်းမရှိခဲ့။ ငါတို့သာအနိုင်ရသည်ဟူသော အမြင်(မာန)ဖြင့် လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့စည်း ရန်ကြိုးစားခဲ့သဖြင့် တပ်မတော်က (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်အတိုင်း နိုင်ငံတော်အာဏာကိုရယူထိန်းသိမ်းခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခြင်း မပြုခဲ့ပေ။

CRPH နှင့် NUG
(၂၀၂၁) ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်တွင် တပ်မတော်မှနိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ (၆)လသာ တာဝန်ယူမည်။ အများဆုံး (၂)နှစ်သာတာဝန်ယူခွင့်ရှိသည်။ ဤကာလအတွင်း မဲစာရင်းများကိုစစ်ဆေးမည်။ ပြီးလျှင် ရွေးကောက်ပွဲကိုပြန်လည်ကျင်းပကာ အနိုင် ရသောပါတီအား နိုင်ငံ့တာဝန်ကို လွှဲပြောင်းပေးမည် ဟုကြေညာခဲ့သည်။ သို့သော် (၂၀၂၀) ရွေးကောက် ပွဲတွင်အနိုင်ရခဲ့သည်ဆိုသော NLD လွှတ်တော် ကိုယ်စားလှယ်များက ထိုအချိန်ကိုပင်စောင့်စား နိုင်ခြင်းမရှိခဲ့ကြ။ မိမိတို့ကိုယ်မိမိတို့အမတ်အဖြစ် အတည်ပြုပြီး CRPH ကိုဖွဲ့စည်းကာ NUG စင်ပြိုင် အစိုးရအဖွဲ့ကိုဖွဲ့စည်းပြီး နိုင်ငံတော်အား ပုန်ကန် ခြားနားလျက်ရှိ သည်။ NLD အဖွဲ့အနေဖြင့် လက်ခံ သည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းတို့သည် (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီဖြစ် ပေါ်လာရသည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ လိုက်နာကျင့်သုံးရန် သာရှိသည်။
CRPH နှင့် NUG တို့သည် နိုင်ငံရေး အတ္တမာနလွှမ်းမိုးကာ နိုင်ငံရေး ရေလိုက်လွဲခဲ့သည်။ အကျိုးဆက် ကား နိုင်ငံသားအချင်းချင်း အပြန်အလှန်သတ်ဖြတ်မှုကိုဖြစ်ပေါ်စေပြီး ပြည်သူများအား ဆင်းရဲဒုက္ခရောက်စေကာ ဆင်းရဲခြင်းနွံအတွင်းသို့ ဆွဲချသလိုဖြစ်နေခဲ့ရသည်။ NUG အဖွဲ့မှာလည်း နိုင်ငံရေးနွံနစ်သွားခဲ့ကာ နွံအတွင်းမှရုန်းထွက် နိုင်ခြင်း မရှိတော့။ နိုင်ငံရေးရေလိုက်လွဲရင်း နိုင်ငံအား စစ်ပွဲ အန္တရာယ်အတွင်းနစ်သည်ထက်နစ် မွန်းစေခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့သည့် ANDO (ကရင်တိုင်းသားလက်နက်ကိုင်) များ၏သောင်း ကျန်းမှုနှင့်အတူ နိုင်ငံတော်အတွင်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် မိမိတို့တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် အရေးဆိုတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအဆက်ဆက်သည် တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက်လည်း တတ်နိုင် သမျှလုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားပြည်သူများ၏ခေါင်းဆောင်ဆိုသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းများကိုလုပ် ဆောင် ခဲ့သည်။ နောက်ဆုံး (၂၀၁၅) ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကိုလက်မှတ် ရေးထိုးခြင်းဖြင့် ငြိမ်းချမ်း ရေးလမ်းစကိုစတင်နိုင်ခဲ့သည်။ သို့ရာတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများသည် (၂၀၂၁) ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏နိုင်ငံရေး အကျပ်အတည်းတွင် မိမိတို့၏အခွင့်ကောင်း ဟုယူဆကာ လက်နက်ကိုင်တိုက်ပွဲများကို အရှိန်မြှင့်ဆောင် ရွက်ခဲ့ကြသည်။ (NCA)ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့သည်လည်း (NCA)စာချုပ်ကိုမျက်ကွယ်ပြုသွားခဲ့သည်။ (NCA) စာချုပ် ဖြစ်ပေါ်လာရေးအတွက် စတင်ဦးဆောင်သည့် အဖွဲ့အစည်းတွင်ပါဝင်ခဲ့သည့် (KIA) ကချင် သောင်းကျန်းသူအဖွဲ့သည် (ဃြဗ)စာချုပ်လက် မှတ်ရေးထိုးရာတွင် မပါဝင်ဘဲရှောင်ထွက်နေခဲ့သလို မိမိ၏သိမ်းသွင်းမှုဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သစ်များ ကိုပါ လေ့ကျင့်မွေးထုတ်ပေးခဲ့သည်။သို့ဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဖြစ်ခဲ့ရသော လက်နက် ကိုင်ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်ပြီး သက်ဆိုးရှည်ခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက် ကိုင်တိုက်ပွဲဝင်လာခြင်းမှာ နိုင်ငံတော်အာဏာကို ရယူရန်မဟုတ်ဘဲ မိမိတို့ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အာဏာကိုရယူခဲ့သည့် နိုင်ငံတော် အစိုးရအဆက် ဆက်သည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း လုပ်ဆောင်ပေးနိုင်သမျှ လုပ်ဆောင်ပေးခဲ့သည်။
(၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပေးထားချက်များကို ကျေနပ်လက်ခံခြင်းမရှိ သည်များကိုလည်း ဖြေလျှော့ပြင်ဆင်ပေးနိုင်ရေး ဆွေးနွေးသဘောတူညီချက်အချို့လည်းရရှိနိုင်သ လောက်ရရှိခဲ့ပြီးဖြစ်စေကာမူ (၂၀၂၃) ခုနှစ်တွင် တရုတ်နိုင်ငံမှစတင်ခဲ့သည့် ကျားဖျန့်နှိမ်နင်းရေး ခေါင်းစဉ်အောက်မှ (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် လက်နက်ကိုင်ပဋိပက္ခကို တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ခိုက် ခဲ့သောတိုက်ပွဲများ ကြောင့် မိမိတို့ဒေသနေ တိုင်းရင်းသားပြည်သူများသာ အတိဒုက္ခရောက်ခဲ့ကြရသည်။ နေအိမ်စွန့်ခွာရမှု၊ ပညာရေး နိမ့်ကျမှု၊ စီးပွားရေးအခွင့်အလမ်းတွေဆုံးရှုံးမှု စသည်များဖြင့်သာ ကြုံတွေ့နေကြရသည်။ (၁၀၂၇) စစ်ပွဲများ မှာ ယခုအခါ တစ်နှစ်ကျော်လာပြီဖြစ်သည့်တိုင်အဖြေပေါ်ခြင်းမရှိသလို တိုင်းရင်းသားလူငယ်များ သေကျေဆုံးရှုံးရမှုဖြင့် လူသား အရင်းအမြစ်တွေ ပြုန်းတီးခဲ့ရပြီး ဒေသနေပြည်သူများ၏အတိဒုက္ခ သာပို၍ဆိုးရွားလာခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး စကားဝိုင်းသို့ရောက်ရှိရန် စတင်ကြိုးပမ်းလာနေကြသည်ကိုကြားသိနေရသည်။ မြောက်ပိုင်းအဖွဲ့များ၏ခေါင်းကိုင် ဖခင်ကြီးဖြစ်သောကချင် (KIA)အဖွဲ့ ကပင် စစ်ပွဲများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ပြောကြားလာသည်ကိုတွေ့ရသည်။ တကယ်တော့ (၁၀၂၇)စစ်ပွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင် များနယ်မြေချဲ့ထွင် တိုက်ခိုက်သိမ်းပိုက်ရယူခြင်းမှာ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်သည်များသာဖြစ်သော်ငြား လက်နက်ကိုင်တိုက် ပွဲဖြင့် နယ်မြေသိမ်းယူရေးဆောင်ရွက်နေကြသည်မှာ နိုင်ငံရေးရေလိုက်လွဲခြင်းပင်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် အခြေအနေမှန်ကို မသိမဟုတ်။ သိလျက်နှင့်နိုင်ငံရေး ရေလိုက်လွဲကာ တိုက်ပွဲများဖြင့်သာ မိမိတို့လိုလားချက်ကိုရရှိနိုင်မည်ဟု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက် ကိုင်များအနေဖြင့် မိမိတို့ကိုယ်ကျိုးစီးပွားထက် ပြည်သူအားလုံး၏အကျိုးစီးပွားကိုရှုမြင်သုံးသပ် ကြရန်လို နေပြီဖြစ်သည်။

နိုင်ငံရေး ရေလိုက်မလွဲစေချင်

မြန်မာနိုင်ငံ၏ သမိုင်းဆိုင်ရာများ တစ် စိုက်မတ်မတ် လေ့လာဖော်ထုတ်ရေးသားခဲ့သူ သမိုင်း ပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်း သင်ကြားခြင်းမှာ မအအောင်ဟုဆိုခဲ့သည်။ သမိုင်း ကြောင်းအမှန်ကိုသိမှ ကောင်းသည်၊ ဆိုးသည်များ ကိုသင်ခန်းစာရယူနိုင်ကြမည်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်ဆိုသူများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများအားလုံး သမိုင်းကြောင်းကို သိရှိထားကြရန်လိုသည်။ နိုင်ငံရေး တွင်ပါဝင် ပတ် သက်နေသူအားလုံး၏ စေတနာမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားပြည်သူ များတို့၏ လူမှုစီးပွား ဘဝတိုးတက်ရေးပင်ဖြစ်သည်။ဤသို့ဆောင်ရွက်နိုင်ရန်မှာ မိမိတို့နိုင်ငံ၏နိုင်ငံသမိုင်း ကြောင်းဆိုင်ရာများကို ဓမ္မဓိဋ္ဌာန် ကျကျ လေ့လာသိမြင်ကြရန်ဖြစ်သည်။ မိမိတို့နိုင်ငံ၏သမိုင်းကြောင်း တွင်ကောင်းသည်များရှိခဲ့မည်၊ ထို့အတူဆိုးရွား သည့် ဖြစ်စဉ်များရှိခဲ့မည်။ ကောင်းသည်များကိုပို၍ကောင်းအောင် လုပ်ဆောင်သွားနိုင်ရေး ၊ ဆိုးရွားသည့်ဖြစ်စဉ် ဖြစ်ရပ်များဆိုပါက ယင်းကဲ့သို့ဖြစ်စဉ်ဖြစ်ရပ်များ ဆက်လက်မဖြစ်ပွားရအောင် တားဆီးကာကွယ်နိုင် ရေးဆောင် ရွက်ကြရန်မှာ သမိုင်းကြောင်းကို ပကတိ အမြင်ဖြင့်လေ့လာသုံးသပ်ရှုမြင်ကြရန်ဖြစ်သည်။နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူနိုင်ငံသားများ၏လူမှု စီးပွားတိုးတက်ရေးဆောင်ရွက်သွားနိုင်ကြရန်၊ သမိုင်းကို မြင်အောင်ကြည့် တတ်ကြရန်လိုသည်။
နိုင်ငံတစ်နိုင်ငံကိုထူထောင်ရာတွင် ပြည်သူများပါဝင်သော နိုင်ငံရေးလမ်းစဉ်ဖြင့်ဆောင် ရွက်ကြခြင်းဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများကသာ နိုင်ငံနှင့်နိုင်ငံသားတို့၏ ကံကြမ္မာကိုဖန်တီးပေးနေခြင်းဖြစ်သည်။ မြန် မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့သမားတို့၏ နယ်ချဲ့သိမ်း ပိုက်ခြင်းကို (၁၈၈၅) ခုနှစ်တွင် ခံခဲ့ရသည်။ မြန်မာ ပဒေသရာဇ်မင်းတို့၏ အုပ်စိုးခြင်းချုပ်ငြိမ်းကာ ဗြိတိသျှကိုလိုနီလက်အောက်သို့ရောက်ခဲ့ရသည်။ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများကို ဆင်နွှဲခဲ့ကြသော် လည်း တစ်ဗိုလ်တစ်မင်းလုပ်ရေး စိတ် ဓာတ်ဖြင့်ခေါင်းဆောင်တစ်ဦး၏ ခေါင်းဆောင်မှု အောက်တွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် တစ်ဗိုလ်တစ်မင်းလုပ်ရေးမှသည် နိုင်ငံနှင့်လူမျိုး လွတ်မြောက်ရေး ကိုဦးတည်သော အမျိုးသား ရေးစိတ်ဓာတ်ဖြင့် နိုင်ငံရေးနိုးကြားလာခဲ့သည်မှာ (၁၉၀၆)ခုနှစ်တွင်ဖြစ်သည်။ ထိုမှစတင်၍ (၁၉၂၀) ပြည့်နှစ်မှသာပြည်သူများပါဝင်သည့် နိုင်ငံချစ်စိတ် ဓာတ်များနိုးကြားလာခဲ့ပြီး (၁၉၃၀) ပြည့်ကာ လမှ စတင်ကာအမျိုးသားရေးစိတ်ဓာတ်အင်အားဖြင့် ပြည်သူများ၏ နိုင်ငံရေးနိုးကြားမှုမှာအရှိန် ရလာခဲ့သည်။ ထိုအချိန်မှစတွက်လျှင် မြန်မာနိုင်ငံ၌ ပြည် သူများပါဝင်သောနိုင်ငံရေး ယဉ်ကျေးမှုစတင် ထွန်း ကားခဲ့သည်မှာ နှစ်ပေါင်း (၁၀ဝ)ကျော်ကာလမျှ သာရှိသေးသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင် ငံရေးပါတီများအနေဖြင့် မြန်မာနိုင်ငံအရေး စဉ်း စားလျှင် နှစ်ပေါင်း (၁၀ဝ) ကျော်ကာလ၊ (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးသည့် အချိန်မှယနေ့အထိ ကာလအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ သမိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို အမှားနှင့်အမှန် သိမြင်နိုင်အောင် ဆင်ခြင်သုံးသပ် တတ်ရန်လိုသည်။သို့မှသာ နိုင်ငံရေးရေလိုက်မလွဲဘဲ တိုင်းပြည်နှင့်လူမျိုး တို့၏ကောင်းကျိုးကို သယ်ပိုးနိုင်ကြပေလိမ့်မည်။

Zawgyi Version:
ျမင္ေအာင္ၾကည့္၊ သိေအာင္ဆင္ျခင္၊ ႏိုင္ငံေရး ေရလိုက္မလြဲေစခ်င္ (၂)
စစ္မုန္း (NP News) - မတ္ ၁၁

ျမန္မာ့ႏိုင္ငံေရးသမိုင္းကိုၾကည့္လွ်င္ ႏိုင္ငံ ေရးအခ်ိဳးအေကြ႕မ်ားရွိခဲ့သည္။ ထိုႏိုင္ငံေရးအခ်ိဳး အေကြ႕မ်ားတြင္ ႏိုင္ငံေရးပါတီမ်ား၏ေခါင္းေဆာင္မ်ား၊ တိုင္းရင္းသားအဖြဲ႕အစည္းေခါင္းေဆာင္မ်ားသည္ ႏိုင္ငံအတြင္းျဖစ္ေပၚခဲ့သည့္ အေၾကာင္းအခ်က္မ်ားကိုေသခ်ာစြာဆန္းစစ္ျခင္းမရွိခဲ့ၾက။ ဆန္းစစ္ျခင္း လည္းရွိဟန္မတူ။ မိမိတို႔၏ တစ္ဖက္ ေစာင္းနင္းအယူ အဆ၊ အေတြးအေခၚမ်ားကိုသာ ႏွလုံးသြင္းကာ တိုင္း ျပည္၏မ်က္ႏွာကိုမေထာက္၊ မိမိတို႔၏ကိုယ္က်ိဳး အတၱမ်ားကိုသာ မ်က္ေမွာက္ျပဳထားၿပီး ႏိုင္ငံေရး ေရလိုက္လြဲလုပ္ေဆာင္ခဲ့ၾကသည္။ ထို႔ေၾကာင့္လည္း ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားျပည္သူမ်ားအေနျဖင့္ စစ္ပြဲ သံသရာတြင္လည္ရင္း ဆင္းရဲဒုကၡေရာက္ခဲ့ၾကရ သည္။

ႏိုင္ငံေရး ေရလိုက္လြဲခဲ့သူမ်ား
(၁) ဂဠဳန္ ဦးေစာ
ႏိုင္ငံေရးေခါင္းေဆာင္တစ္ဦးျဖစ္သူ ဂဠဳန္ ဦးေစာသည္ အာဏာေလာဘေဇာေၾကာင့္ ႏိုင္ငံေရး ေရလိုက္လြဲခဲ့သူ ျဖစ္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမရွိ ေတာ့လွ်င္ သူသာ နန္းရင္းဝန္ျဖစ္လာမည္၊ ဝန္ႀကီးခ်ဳပ္ျဖစ္လာ မည္ဟု ယုံၾကည္ေမွ်ာ္လင့္ခဲ့သည္။ ထိုသို႔ ယုံၾကည္ေအာင္လည္း ၿဗိတိသွ်တို႔က အေထာက္ အကူျပဳေပးထားသည္။ လုပ္ႀကံမႈ မတိုင္မီ လက္နက္ အေျမာက္အျမားထုတ္ေပးခဲ့ျခင္းျဖင့္ လုပ္ႀကံမႈအထ ေျမာက္ေအာင္ ကူညီေဆာင္႐ြက္ ေပးခဲ့သည္။ လက္ နက္မ်ားထုတ္ေပးခဲ့ျခင္းမွာ ၿဗိတိသွ်စစ္အရာရွိ အခ်ိဳ႕၏ေဆာင္႐ြက္ခ်က္သာျဖစ္သည္ဟုဆိုျခင္းမွာ ထမင္းေရပူ လာလွ်ာလႊဲ ေျပာဆိုျခင္းသာျဖစ္သည္။
ဂဠဳန္ဦးေစာ၏ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အေပါင္းအပါမ်ား အား လုပ္ႀကံမႈတြင္ ႏိုင္ငံေရးသင္ ခန္းစာ ရယူစရာမ်ားရွိသည္။ ဂဠဳန္ဦးေစာသည္ တိုင္းတစ္ပါးသား ၿဗိတိသွ်တို႔၏ သပ္လွ်ိဳေမြးစားျခင္း ကိုခံလိုက္ရသူျဖစ္သည္။ လုပ္ႀကံမႈေအာင္ျမင္ခဲ့ ေသာ္လည္း တကယ့္အမႈအခင္း ျဖစ္ရပ္တြင္ သူ႔ ဆရာသခင္ေမြးစားဘခင္ ၿဗိတိသွ်တို႔သည္ သူ႔ကို မ်က္ႏွာလႊဲခဲ့ၾကသည္။ ဦးေစာသည္ သူမွန္းထားသည့္ အတိုင္းျဖစ္ မလာခဲ့ရွာဘဲ ေသဒဏ္က်ခံသြားရသည္။ ႏိုင္ငံအတြက္လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမႉးျပဳ ေသာႏိုင္ငံေခါင္းေဆာင္ ေကာင္းမ်ားကိုဆုံးရႈံးလိုက္ရ သည္။ ေပးဆပ္ရမႈႀကီးမားပါ၏။

(၂) ဗမာျပည္ကြန္ျမဴနစ္ပါတီႏွင့္
ေတာခိုေသာင္းက်န္းသူမ်ား
ေနာက္ထပ္ႏိုင္ငံေရး ေရလိုက္လြဲခဲ့သူမ်ားမွာ ဗမာျပည္ကြန္ျမဴနစ္ပါတီ(အလံျဖဴ)ႏွင့္ ကြန္ျမဴနစ္ ပါတီ (ဗမာျပည္)(အလံနီ)ပါတီေခါင္းေဆာင္မ်ား ျဖစ္ၾကသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဦးေဆာင္မႈ ျဖင့္ရယူခဲ့ေသာ ျမန္မာႏိုင္ငံလြတ္လပ္ေရးကို ေ႐ႊရည္ စိမ္လြတ္လပ္ေရး၊ အတုအေယာင္လြတ္လပ္ေရးဟု ဆိုကာ အသိအမွတ္မျပဳႏိုင္ ခဲ့ၾက။ ႏု-အက္တလီ စာခ်ဳပ္အရ ျမန္မာႏိုင္ငံသည္ အခ်ဳပ္အျခာအာဏာပိုင္ သည့္လုံးဝလြတ္လပ္ေရးကိုရရွိသည္ မွန္ေသာ္လည္း အဂၤလိပ္တို႔က ျမန္မာႏိုင္ငံအတြက္ကုန္က်ခဲ့ရသည့္ အေႂကြးေငြ (၁၄၇)ကုေဋကို အရစ္က်ျပန္ဆပ္ရ မည္ဟုဆိုသည္။ အဂၤလိပ္ ၾကည္း၊ ေရ၊ ေလ မစ္ရွင္ ကိုလည္း ျမန္မာႏိုင္ငံတြင္ ဆက္လက္ထားရွိရမည္ ဟုဆိုသည္။ ထို႔ေၾကာင့္ကြန္ျမဴနစ္တို႔က ျမန္မာ ႏိုင္ငံသည္ စစ္ေရး၊ စီးပြားေရးက႑တို႔တြင္ မလြတ္ လပ္ဟု လက္ညႇိဳးထိုးေဝဖန္ခဲ့ၾက သည္။
ဗမာျပည္ကြန္ျမဴနစ္ပါတီသည္ျမန္မာႏိုင္ငံအား ကိုလိုနီတစ္ပိုင္း၊ ပေဒသရာဇ္တစ္ပိုင္းႏိုင္ငံအျဖစ္ သတ္မွတ္ခဲ့ သည္။ သို႔ျဖင့္ ကြန္ျမဴနစ္ပါတီသည္ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကိုကိုင္စြဲၿပီး လြတ္လပ္ေရးရၿပီး ဖြဲ႕စည္းျဖစ္ေပၚခဲ့ေသာ ဖဆပလ အစိုးရကိုဆန႔္က်င္တိုက္ခိုက္ျခင္းျဖင့္ ႏိုင္ငံသားအ ခ်င္းခ်င္းသတ္ျဖတ္သည့္စစ္ပြဲကို ဆင္ႏႊဲခဲ့ၾကသည္။ ျမန္မာႏိုင္ငံသည္ စစ္ပြဲအတြင္း နစ္မြန္းကာတိုင္းျပည္ တိုးတက္ေရးကို ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့။ ဗမာျပည္ ကြန္ျမဴနစ္ပါတီသည္ အိႏၵိယကြန္ျမဴနစ္ပါတီ၏အေတြးအေခၚမ်ား လႊမ္းမိုးျခင္းကိုလည္းခံခဲ့ရသည္။ ဗမာျပည္ကြန္ျမဴ နစ္ပါတီသည္ရရွိခဲ့ေသာ ျမန္မာ့ လြတ္လပ္ေရး၏ပကတိအျမင္ကို ဆင္ျခင္သိရွိျခင္း မရွိခဲ့ဘဲ ပုဂၢိဳလ္ေရးအာဃာတမ်ား၊ မိမိပါတီႏွင့္မိမိတို႔ အာဏာရရွိေရးကိုသာေဆာင္႐ြက္ခဲ့ၾကၿပီး ႏိုင္ငံေရး ေရလိုက္လြဲခဲ့ရာမွ တိုင္းျပည္မွာ မီးဟုန္းဟုန္း ေတာက္ေလာင္ခဲ့ရသည္။ ျပည္သူမ်ား ဆင္းရဲတြင္း ေရာက္ခဲ့ရသည္။ ျပည္သူမ်ား၏ ေပးဆပ္ခဲ့ရမႈမွာ ရင္နင့္စရာလည္းျဖစ္သည္။

(၃) NLD ပါတီ
(၁၉၈၈)ခုႏွစ္တြင္ လြတ္လပ္ေရးရၿပီး ျမန္မာ့ႏိုင္ငံေရးသမိုင္းတြင္ အေရးႀကီးေသာျဖစ္စဥ္ ႀကီးတစ္ခုျဖစ္ခဲ့ သည္။ တစ္ပါတီ အာဏာရွင္စနစ္ကို ျဖဳတ္ခ်ၿပီး ပါတီစုံဒီမိုကေရစီစနစ္ကို စတင္ေျခ လွမ္းႏိုင္ခဲ့ေသာ ကာလတစ္ခုလည္းျဖစ္ သည္။ထိုစဥ္က ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီအစိုးရသည္ ႏိုင္ငံေတာ္အာဏာကို (၁၉၇၄)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္အညီ ေ႐ြးေကာက္ပြဲမွတစ္ဆင့္လႊဲေျပာင္း ေပးရန္ကမ္းလွမ္းခဲ့သည္။ ထိုစဥ္က ႏိုင္ငံေတာ္သမၼတႀကီး ဦးေမာင္ေမာင္က ႏိုင္ငံေတာ္အာဏာ လႊဲေျပာင္းေရးကို ဖြဲ႕စည္းပုံအေျခခံအတိုင္းသာျဖစ္ေစခ်င္သည္။ သမိုင္းတြင္ အမည္းစက္အထင္မခံေစခ်င္။ထို႔ေၾကာင့္ လႊတ္ေတာ္ေခၚယူၿပီး ေ႐ြးေကာက္ပြဲျပန္ လည္က်င္းပေပးရန္ ဆုံးျဖတ္ေပးခဲ့ သည္။ ေ႐ြးေကာက္ပြဲက်င္းပေရးေကာ္မရွင္ကို ဖြဲ႕စည္းေပးခဲ့သည္။ သို႔ရာတြင္ NLD ပါတီ၏အျမဳေတျဖစ္သည့္ ႏိုင္ငံေရး အင္အားစုက ေ႐ြးေကာက္ပြဲျဖင့္ ႏိုင္ငံေတာ္ အာဏာလႊဲေျပာင္းေပးျခင္းကိုလက္မခံခဲ့။ ၾကားျဖတ္ အစိုးရဖြဲ႕စည္းေပး ရန္သာ ေတာင္းဆိုခဲ့သည္။ ႏိုင္ငံေတာ္အစိုးရႏွင့္ထိပ္တိုက္ရင္ဆိုင္တိုးခဲ့သည္။ မိမိ တို႔ႏွင့္အတူ ျပည္သူမ်ားရွိသည္ဟု ဘဝင္ေသြးနားထင္ ေရာက္ေနခဲ့ၾကသည္။ ရရွိခဲ့ေသာအခြင့္အေရးကို ရယူႏိုင္ျခင္းမရွိခဲ့ၾက။ သို႔ျဖင့္ဆူပူအုံႂကြမႈမ်ားျပင္း ထန္လာကာထိန္းမႏိုင္သိမ္းမရျဖစ္လာၿပီးတပ္မေတာ္ကႏိုင္ငံေတာ္အာဏာကိုလႊဲေျပာင္းရယူခဲ့ရသည္။ ႏိုင္ငံေရးေရလိုက္လြဲခဲ့ျခင္းျဖစ္ပါ၏။
(၁၉၉၀)ျပည့္ႏွစ္တြင္ ထိုစဥ္ကအာဏာ သိမ္းအစိုးရက ျပည္လုံးကြၽတ္ေ႐ြးေကာက္တင္ ေျမႇာက္ပြဲကိုလုပ္ေပးခဲ့ သည္။ NLD ပါတီသည္ ေတာင္ၿပိဳကမ္းၿပိဳအႏိုင္ရခဲ့သည္။ အစိုးရဖြဲ႕စည္းေရး ဖြဲ႕စည္းပုံအေျခခံဥပေဒမရွိေသး။ ထို႔ေၾကာင့္ အႏိုင္ရပါတီႏွင့္ပူးေပါင္းၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒ ေရးဆြဲရန္တပ္မေတာ္ကစီစဥ္ေဆာင္႐ြက္ခဲ့သည္။ အႏိုင္ရပါတီက လက္ခံျခင္းမရွိခဲ့ဘဲ အစိုးရဖြဲ႕စည္း ရန္ႀကိဳးပမ္းခဲ့သည္။ ဦးစိန္ဝင္း ဦးေဆာင္ေသာ ျပည္ေျပးအစိုးရအဖြဲ႕ကိုဖြဲ႕စည္းကာ ႏိုင္ငံျခားထြက္သြားၾကသည္။ က်န္ရစ္သူပါတီဝင္မ်ားကလည္း ႏိုင္ငံေတာ္ မွေဆာင္႐ြက္သည့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒေရးဆြဲေရး အမ်ိဳးသားညီလာခံမွထြက္သြားခဲ့ျခင္းျဖင့္ ႏိုင္ငံေရး ဇာတ္ေမ်ာႀကီးျဖစ္ခဲ့ရၿပီး စစ္အုပ္ခ်ဳပ္ေရး ကာလက သာ သက္ဆိုးရွည္ခဲ့သည္။ မိမိတို႔ပါတီ၏သေဘာထား အျမင္မ်ားပါဝင္ျခင္းမရွိႏိုင္ခဲ့။ သို႔ရာတြင္ NLD ပါတီသည္ တပ္မေတာ္အစိုးရအဖြဲ႕မွေရးဆြဲခဲ့ေသာ (၂၀ဝ၈) ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ က်င္းပေသာေ႐ြးေကာက္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ ၿပိဳင္ခဲ့ၿပီး (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒမွ ေပးထားခ်က္အတိုင္း ႏိုင္ငံေရးအာဏာကို ရယူႏိုင္ ခဲ့ၾကသည္မွာ အထင္အရွားပင္ျဖစ္သည္။ NLD ပါတီ သည္ အေတြးမွား၍ အျမင္မွားခဲ့ကာ ႏိုင္ငံေရးေရ လိုက္လြဲခဲ့သည္ ကိုေတြ႕ျမင္ရသည္။
(၂၀၂၁)ခုႏွစ္တြင္လည္း ေ႐ြးေကာက္ပြဲ မသမာမႈမ်ားကိုႏိုင္ငံေရးပါတီမ်ားႏွင့္ တပ္မေတာ္က အဆင့္ဆင့္တင္ျပ ေတာင္းဆိုခဲ့ေသာ္လည္း ျပဳလုပ္ ေပးျခင္းမရွိခဲ့။ ငါတို႔သာအႏိုင္ရသည္ဟူေသာ အျမင္(မာန)ျဖင့္ လႊတ္ေတာ္ေခၚယူၿပီး အစိုးရဖြဲ႕စည္း ရန္ႀကိဳးစားခဲ့သျဖင့္ တပ္မေတာ္က (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးထားခ်က္အတိုင္း ႏိုင္ငံေတာ္အာဏာကိုရယူထိန္းသိမ္းခဲ့သည္။ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒကိုဖ်က္သိမ္းျခင္း မျပဳခဲ့ေပ။

CRPH ႏွင့္ NUG
(၂၀၂၁) ခုႏွစ္ေဖေဖာ္ဝါရီလ (၁) ရက္တြင္ တပ္မေတာ္မွႏိုင္ငံေတာ္အာဏာကို လႊဲေျပာင္းရယူခဲ့သည္။ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ (၆)လသာ တာဝန္ယူမည္။ အမ်ားဆုံး (၂)ႏွစ္သာတာဝန္ယူခြင့္ရွိသည္။ ဤကာလအတြင္း မဲစာရင္းမ်ားကိုစစ္ေဆးမည္။ ၿပီးလွ်င္ ေ႐ြးေကာက္ပြဲကိုျပန္လည္က်င္းပကာ အႏိုင္ ရေသာပါတီအား ႏိုင္ငံ့တာဝန္ကို လႊဲေျပာင္းေပးမည္ ဟုေၾကညာခဲ့သည္။ သို႔ေသာ္ (၂၀၂၀) ေ႐ြးေကာက္ ပြဲတြင္အႏိုင္ရခဲ့သည္ဆိုေသာ NLD လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ထိုအခ်ိန္ကိုပင္ေစာင့္စား ႏိုင္ျခင္းမရွိခဲ့ၾက။ မိမိတို႔ကိုယ္မိမိတို႔အမတ္အျဖစ္ အတည္ျပဳၿပီး CRPH ကိုဖြဲ႕စည္းကာ NUG စင္ၿပိဳင္ အစိုးရအဖြဲ႕ကိုဖြဲ႕စည္းၿပီး ႏိုင္ငံေတာ္အား ပုန္ကန္ ျခားနားလ်က္ရွိ သည္။ NLD အဖြဲ႕အေနျဖင့္ လက္ခံ သည္ျဖစ္ေစ၊ လက္မခံသည္ျဖစ္ေစ ၎တို႔သည္ (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္အညီျဖစ္ ေပၚလာရသည့္အဖြဲ႕အစည္းတစ္ရပ္ျဖစ္ရာ (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒ လိုက္နာက်င့္သုံးရန္ သာရွိသည္။
CRPH ႏွင့္ NUG တို႔သည္ ႏိုင္ငံေရး အတၱမာနလႊမ္းမိုးကာ ႏိုင္ငံေရး ေရလိုက္လြဲခဲ့သည္။ အက်ိဳးဆက္ ကား ႏိုင္ငံသားအခ်င္းခ်င္း အျပန္အလွန္သတ္ျဖတ္မႈကိုျဖစ္ေပၚေစၿပီး ျပည္သူမ်ားအား ဆင္းရဲဒုကၡေရာက္ေစကာ ဆင္းရဲျခင္းႏြံအတြင္းသို႔ ဆြဲခ်သလိုျဖစ္ေနခဲ့ရသည္။ NUG အဖြဲ႕မွာလည္း ႏိုင္ငံေရးႏြံနစ္သြားခဲ့ကာ ႏြံအတြင္းမွ႐ုန္းထြက္ ႏိုင္ျခင္း မရွိေတာ့။ ႏိုင္ငံေရးေရလိုက္လြဲရင္း ႏိုင္ငံအား စစ္ပြဲ အႏၲရာယ္အတြင္းနစ္သည္ထက္နစ္ မြန္းေစခဲ့သည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား
ျမန္မာႏိုင္ငံလြတ္လပ္ေရးႏွင့္အတူေပၚေပါက္ခဲ့သည့္ ANDO (ကရင္တိုင္းသားလက္နက္ကိုင္) မ်ား၏ေသာင္း က်န္းမႈႏွင့္အတူ ႏိုင္ငံေတာ္အတြင္း တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ေပၚေပါက္လာခဲ့သည္။ ၎တို႔အေနျဖင့္ ဖက္ဒရယ္ဒီမိုကေရစီဆိုသည့္ မိမိတို႔တိုင္းရင္းသားမ်ား၏ အခြင့္အေရးအတြက္ အေရးဆိုတိုက္ပြဲဝင္ခဲ့ၾကျခင္းျဖစ္သည္။ ႏိုင္ငံေတာ္ အစိုးရအဆက္ဆက္သည္ တိုင္းရင္းသားလက္နက္ ကိုင္ပဋိပကၡ ခ်ဳပ္ၿငိမ္းေရးအတြက္လည္း တတ္ႏိုင္ သမွ်လုပ္ေဆာင္ခဲ့သည္။ တိုင္းရင္းသားျပည္သူမ်ား၏ေခါင္းေဆာင္ဆိုသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကိုလုပ္ ေဆာင္ ခဲ့သည္။ ေနာက္ဆုံး (၂၀၁၅) ခုႏွစ္တြင္ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ (NCA) ကိုလက္မွတ္ ေရးထိုးျခင္းျဖင့္ ၿငိမ္းခ်မ္း ေရးလမ္းစကိုစတင္ႏိုင္ခဲ့သည္။ သို႔ရာတြင္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ (၂၀၂၁) ခုႏွစ္တြင္ျဖစ္ေပၚခဲ့သည့္ ႏိုင္ငံေတာ္၏ႏိုင္ငံေရး အက်ပ္အတည္းတြင္ မိမိတို႔၏အခြင့္ေကာင္း ဟုယူဆကာ လက္နက္ကိုင္တိုက္ပြဲမ်ားကို အရွိန္ျမႇင့္ေဆာင္ ႐ြက္ခဲ့ၾကသည္။ (NCA)ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အခ်ိဳ႕သည္လည္း (NCA)စာခ်ဳပ္ကိုမ်က္ကြယ္ျပဳသြားခဲ့သည္။ (NCA) စာခ်ဳပ္ ျဖစ္ေပၚလာေရးအတြက္ စတင္ဦးေဆာင္သည့္ အဖြဲ႕အစည္းတြင္ပါဝင္ခဲ့သည့္ (KIA) ကခ်င္ ေသာင္းက်န္းသူအဖြဲ႕သည္ (ၾဃဗ)စာခ်ဳပ္လက္ မွတ္ေရးထိုးရာတြင္ မပါဝင္ဘဲေရွာင္ထြက္ေနခဲ့သလို မိမိ၏သိမ္းသြင္းမႈျဖင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕သစ္မ်ား ကိုပါ ေလ့က်င့္ေမြးထုတ္ေပးခဲ့သည္။သို႔ျဖင့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ျဖစ္ခဲ့ရေသာ လက္နက္ ကိုင္ပဋိပကၡမွာ ပိုမိုက်ယ္ျပန႔္ၿပီး သက္ဆိုးရွည္ခဲ့ရသည္။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ လက္နက္ ကိုင္တိုက္ပြဲဝင္လာျခင္းမွာ ႏိုင္ငံေတာ္အာဏာကို ရယူရန္မဟုတ္ဘဲ မိမိတို႔ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ အခြင့္အေရးအတြက္ တိုက္ပြဲဝင္ေနခဲ့ျခင္းျဖစ္သည္။ ႏိုင္ငံေတာ္အာဏာကိုရယူခဲ့သည့္ ႏိုင္ငံေတာ္ အစိုးရအဆက္ ဆက္သည္လည္း ဖြဲ႕စည္းပုံအေျခခံ ဥပေဒေဘာင္အတြင္း လုပ္ေဆာင္ေပးႏိုင္သမွ် လုပ္ေဆာင္ေပးခဲ့သည္။
(၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒ တြင္ေပးထားခ်က္မ်ားကို ေက်နပ္လက္ခံျခင္းမရွိ သည္မ်ားကိုလည္း ေျဖေလွ်ာ့ျပင္ဆင္ေပးႏိုင္ေရး ေဆြးေႏြးသေဘာတူညီခ်က္အခ်ိဳ႕လည္းရရွိႏိုင္သ ေလာက္ရရွိခဲ့ၿပီးျဖစ္ေစကာမူ (၂၀၂၃) ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံမွစတင္ခဲ့သည့္ က်ားဖ်န႔္ႏွိမ္နင္းေရး ေခါင္းစဥ္ေအာက္မွ (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ လက္နက္ကိုင္ပဋိပကၡကို တိုးခ်ဲ႕လုပ္ေဆာင္ခဲ့ၾကသည္။ တိုင္းရင္းသားလက္နက္ကိုင္မ်ား တိုက္ခိုက္ ခဲ့ေသာတိုက္ပြဲမ်ား ေၾကာင့္ မိမိတို႔ေဒသေန တိုင္းရင္းသားျပည္သူမ်ားသာ အတိဒုကၡေရာက္ခဲ့ၾကရသည္။ ေနအိမ္စြန႔္ခြာရမႈ၊ ပညာေရး နိမ့္က်မႈ၊ စီးပြားေရးအခြင့္အလမ္းေတြဆုံးရႈံးမႈ စသည္မ်ားျဖင့္သာ ႀကဳံေတြ႕ေနၾကရသည္။ (၁၀၂၇) စစ္ပြဲမ်ား မွာ ယခုအခါ တစ္ႏွစ္ေက်ာ္လာၿပီျဖစ္သည့္တိုင္အေျဖေပၚျခင္းမရွိသလို တိုင္းရင္းသားလူငယ္မ်ား ေသေက်ဆုံးရႈံးရမႈျဖင့္ လူသား အရင္းအျမစ္ေတြ ျပဳန္းတီးခဲ့ရၿပီး ေဒသေနျပည္သူမ်ား၏အတိဒုကၡ သာပို၍ဆိုး႐ြားလာခဲ့သည္။ ထို႔ေၾကာင့္ ၿငိမ္းခ်မ္းေရး စကားဝိုင္းသို႔ေရာက္ရွိရန္ စတင္ႀကိဳးပမ္းလာေနၾကသည္ကိုၾကားသိေနရသည္။ ေျမာက္ပိုင္းအဖြဲ႕မ်ား၏ေခါင္းကိုင္ ဖခင္ႀကီးျဖစ္ေသာကခ်င္ (KIA)အဖြဲ႕ ကပင္ စစ္ပြဲမ်ားကို ရပ္တန႔္သင့္ၿပီျဖစ္ေၾကာင္း ေျပာၾကားလာသည္ကိုေတြ႕ရသည္။ တကယ္ေတာ့ (၁၀၂၇)စစ္ပြဲျဖင့္ တိုင္းရင္းသားလက္နက္ကိုင္ မ်ားနယ္ေျမခ်ဲ႕ထြင္ တိုက္ခိုက္သိမ္းပိုက္ရယူျခင္းမွာ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအရ မျဖစ္ႏိုင္သည္မ်ားသာျဖစ္ေသာ္ျငား လက္နက္ကိုင္တိုက္ ပြဲျဖင့္ နယ္ေျမသိမ္းယူေရးေဆာင္႐ြက္ေနၾကသည္မွာ ႏိုင္ငံေရးေရလိုက္လြဲျခင္းပင္ျဖစ္သည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း မ်ားအေနျဖင့္ အေျခအေနမွန္ကို မသိမဟုတ္။ သိလ်က္ႏွင့္ႏိုင္ငံေရး ေရလိုက္လြဲကာ တိုက္ပြဲမ်ားျဖင့္သာ မိမိတို႔လိုလားခ်က္ကိုရရွိႏိုင္မည္ဟု လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ တိုင္းရင္းသား လက္နက္ ကိုင္မ်ားအေနျဖင့္ မိမိတို႔ကိုယ္က်ိဳးစီးပြားထက္ ျပည္သူအားလုံး၏အက်ိဳးစီးပြားကိုရႈျမင္သုံးသပ္ ၾကရန္လို ေနၿပီျဖစ္သည္။

ႏိုင္ငံေရး ေရလိုက္မလြဲေစခ်င္

ျမန္မာႏိုင္ငံ၏ သမိုင္းဆိုင္ရာမ်ား တစ္ စိုက္မတ္မတ္ ေလ့လာေဖာ္ထုတ္ေရးသားခဲ့သူ သမိုင္း ပညာရွင္ ဆရာႀကီး ေဒါက္တာသန္းထြန္းက သမိုင္း သင္ၾကားျခင္းမွာ မအေအာင္ဟုဆိုခဲ့သည္။ သမိုင္း ေၾကာင္းအမွန္ကိုသိမွ ေကာင္းသည္၊ ဆိုးသည္မ်ား ကိုသင္ခန္းစာရယူႏိုင္ၾကမည္။ အထူးသျဖင့္ ႏိုင္ငံေရးေခါင္းေဆာင္ဆိုသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ႏိုင္ငံေရးတြင္ ပါဝင္ပတ္သက္ေနသူမ်ားအားလုံး သမိုင္းေၾကာင္းကို သိရွိထားၾကရန္လိုသည္။ ႏိုင္ငံေရး တြင္ပါဝင္ ပတ္ သက္ေနသူအားလုံး၏ ေစတနာမွာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ႏိုင္ငံသူႏိုင္ငံသားျပည္သူ မ်ားတို႔၏ လူမႈစီးပြား ဘဝတိုးတက္ေရးပင္ျဖစ္သည္။ဤသို႔ေဆာင္႐ြက္ႏိုင္ရန္မွာ မိမိတို႔ႏိုင္ငံ၏ႏိုင္ငံသမိုင္း ေၾကာင္းဆိုင္ရာမ်ားကို ဓမၼဓိ႒ာန္ က်က် ေလ့လာသိျမင္ၾကရန္ျဖစ္သည္။ မိမိတို႔ႏိုင္ငံ၏သမိုင္းေၾကာင္း တြင္ေကာင္းသည္မ်ားရွိခဲ့မည္၊ ထို႔အတူဆိုး႐ြား သည့္ ျဖစ္စဥ္မ်ားရွိခဲ့မည္။ ေကာင္းသည္မ်ားကိုပို၍ေကာင္းေအာင္ လုပ္ေဆာင္သြားႏိုင္ေရး ၊ ဆိုး႐ြားသည့္ျဖစ္စဥ္ ျဖစ္ရပ္မ်ားဆိုပါက ယင္းကဲ့သို႔ျဖစ္စဥ္ျဖစ္ရပ္မ်ား ဆက္လက္မျဖစ္ပြားရေအာင္ တားဆီးကာကြယ္ႏိုင္ ေရးေဆာင္ ႐ြက္ၾကရန္မွာ သမိုင္းေၾကာင္းကို ပကတိ အျမင္ျဖင့္ေလ့လာသုံးသပ္ရႈျမင္ၾကရန္ျဖစ္သည္။ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏိုင္ငံသူႏိုင္ငံသားမ်ား၏လူမႈ စီးပြားတိုးတက္ေရးေဆာင္႐ြက္သြားႏိုင္ၾကရန္၊ သမိုင္းကို ျမင္ေအာင္ၾကည့္ တတ္ၾကရန္လိုသည္။
ႏိုင္ငံတစ္ႏိုင္ငံကိုထူေထာင္ရာတြင္ ျပည္သူမ်ားပါဝင္ေသာ ႏိုင္ငံေရးလမ္းစဥ္ျဖင့္ေဆာင္ ႐ြက္ၾကျခင္းျဖစ္သည္။ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးပါတီမ်ားကသာ ႏိုင္ငံႏွင့္ႏိုင္ငံသားတို႔၏ ကံၾကမၼာကိုဖန္တီးေပးေနျခင္းျဖစ္သည္။ ျမန္ မာႏိုင္ငံသည္ ၿဗိတိသွ်နယ္ခ်ဲ႕သမားတို႔၏ နယ္ခ်ဲ႕သိမ္း ပိုက္ျခင္းကို (၁၈၈၅) ခုႏွစ္တြင္ ခံခဲ့ရသည္။ ျမန္မာ ပေဒသရာဇ္မင္းတို႔၏ အုပ္စိုးျခင္းခ်ဳပ္ၿငိမ္းကာ ၿဗိတိသွ်ကိုလိုနီလက္ေအာက္သို႔ေရာက္ခဲ့ရသည္။ နယ္ခ်ဲ႕ဆန႔္က်င္ေရး တိုက္ပြဲမ်ားကို ဆင္ႏႊဲခဲ့ၾကေသာ္ လည္း တစ္ဗိုလ္တစ္မင္းလုပ္ေရး စိတ္ ဓာတ္ျဖင့္ေခါင္းေဆာင္တစ္ဦး၏ ေခါင္းေဆာင္မႈ ေအာက္တြင္ တိုက္ခိုက္ခဲ့ၾကျခင္းျဖစ္သည္။ သို႔ရာတြင္ တစ္ဗိုလ္တစ္မင္းလုပ္ေရးမွသည္ ႏိုင္ငံႏွင့္လူမ်ိဳး လြတ္ေျမာက္ေရး ကိုဦးတည္ေသာ အမ်ိဳးသား ေရးစိတ္ဓာတ္ျဖင့္ ႏိုင္ငံေရးႏိုးၾကားလာခဲ့သည္မွာ (၁၉၀၆)ခုႏွစ္တြင္ျဖစ္သည္။ ထိုမွစတင္၍ (၁၉၂၀) ျပည့္ႏွစ္မွသာျပည္သူမ်ားပါဝင္သည့္ ႏိုင္ငံခ်စ္စိတ္ ဓာတ္မ်ားႏိုးၾကားလာခဲ့ၿပီး (၁၉၃၀) ျပည့္ကာ လမွ စတင္ကာအမ်ိဳးသားေရးစိတ္ဓာတ္အင္အားျဖင့္ ျပည္သူမ်ား၏ ႏိုင္ငံေရးႏိုးၾကားမႈမွာအရွိန္ ရလာခဲ့သည္။ ထိုအခ်ိန္မွစတြက္လွ်င္ ျမန္မာႏိုင္ငံ၌ ျပည္ သူမ်ားပါဝင္ေသာႏိုင္ငံေရး ယဥ္ေက်းမႈစတင္ ထြန္း ကားခဲ့သည္မွာ ႏွစ္ေပါင္း (၁၀ဝ)ေက်ာ္ကာလမွ် သာရွိေသးသည္။ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ ႏိုင္ ငံေရးပါတီမ်ားအေနျဖင့္ ျမန္မာႏိုင္ငံအေရး စဥ္း စားလွ်င္ ႏွစ္ေပါင္း (၁၀ဝ) ေက်ာ္ကာလ၊ (၁၉၄၈) ခုႏွစ္ လြတ္လပ္ေရးရၿပီးသည့္ အခ်ိန္မွယေန႔အထိ ကာလအတြင္း ႏိုင္ငံေရးျဖစ္ေပၚတိုးတက္မႈမ်ား၊ သမိုင္းတြင္ ျဖစ္ပ်က္ခဲ့သည္မ်ားကို အမွားႏွင့္အမွန္ သိျမင္ႏိုင္ေအာင္ ဆင္ျခင္သုံးသပ္ တတ္ရန္လိုသည္။သို႔မွသာ ႏိုင္ငံေရးေရလိုက္မလြဲဘဲ တိုင္းျပည္ႏွင့္လူမ်ိဳး တို႔၏ေကာင္းက်ိဳးကို သယ္ပိုးႏိုင္ၾကေပလိမ့္မည္။

Related news

© 2021. All rights reserved.