ယူကရိန်းထက် ရုရှားနဲ့ဆက်ဆံရတာက ပိုပြီးလွယ်ကူတယ်လို့ အမေရိကန်သမ္မတ ပြော

 457

Pika (NP News) - မတ် ၁၂

ရုရှားနဲ့ဆက်ဆံမှုတွေ လုပ်ဆောင်ရတာက ယူကရိန်းနဲ့ဆက်ဆံမှုတွေ လုပ်ဆောင်ရတာထက် ပိုမိုလွယ်ကူတယ်ဆို တာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထပ်မံထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ငြိမ်းချမ်းရေးရရှိစေဖို့ ကြိုးပမ်းနေချိန်မှာ ယူကရိန်းနဲ့ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရုရှားက သဘောတူညီလိမ့်မယ်လို့လည်း မျှော်လင့်မိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

ဆော်ဒီအာရေးဗျနိုင်ငံမှာ အမေရိကန် နဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကြား တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆော်ဒီအာရေးဗျမှာ လုပ်ဆောင်ခဲ့တဲ့ အစည်းအဝေးအပြီး ယူကရိန်းအတွက် စစ်ရေးနဲ့ထောက်လှမ်းရေးအကူအညီတွေကို ပြန်လည်စတင်ဖို့ အမေရိကန် ဘက်က သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ယူကရိန်းထက် ရုရှားနဲ့ဆက်ဆံမှုတွေ လုပ်ဆောင်ရတာက ပိုပြီးလွယ်ကူတယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အဲဒါက မဖြစ်သင့်ပေမယ့်လည်း ဆက်ပြီးဖြစ်နေပါတယ်။ ယူကရိန်းမှာ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ သဘောတူညီချက်ကို ရုရှားဘက်က သဘောတူညီလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းမှာ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲမယ့်သဘောတူညီချက်ကို ရယူနိုင်တာဟာ ပဋိပက္ခ အဆုံးသတ်ဖို့ နောက်ဆုံးသဘောတူညီချက်ဆီကိုသွားမယ့် အဓိကခြေလှမ်းတစ်ခုဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းထက္ ႐ုရွားနဲ႔ဆက္ဆံရတာက ပိုၿပီးလြယ္ကူတယ္လို႔ အေမရိကန္သမၼတ ေျပာ
Pika (NP News) - မတ္ ၁၂

႐ုရွားနဲ႔ဆက္ဆံမႈေတြ လုပ္ေဆာင္ရတာက ယူကရိန္းနဲ႔ဆက္ဆံမႈေတြ လုပ္ေဆာင္ရတာထက္ ပိုမိုလြယ္ကူတယ္ဆို တာကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထပ္မံထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား ၿငိမ္းခ်မ္းေရးရရွိေစဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ ယူကရိန္းနဲ႔ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ႐ုရွားက သေဘာတူညီလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္မိတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာခဲ့ပါတယ္။

ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ အေမရိကန္ နဲ႔ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕ၾကား ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေဆာ္ဒီအာေရးဗ်မွာ လုပ္ေဆာင္ခဲ့တဲ့ အစည္းအေဝးအၿပီး ယူကရိန္းအတြက္ စစ္ေရးနဲ႔ေထာက္လွမ္းေရးအကူအညီေတြကို ျပန္လည္စတင္ဖို႔ အေမရိကန္ ဘက္က သေဘာတူခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ယူကရိန္းထက္ ႐ုရွားနဲ႔ဆက္ဆံမႈေတြ လုပ္ေဆာင္ရတာက ပိုၿပီးလြယ္ကူတယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့ဖူးပါတယ္။ အဲဒါက မျဖစ္သင့္ေပမယ့္လည္း ဆက္ၿပီးျဖစ္ေနပါတယ္။ ယူကရိန္းမွာ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ဖို႔ သေဘာတူညီခ်က္ကို ႐ုရွားဘက္က သေဘာတူညီလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းမွာ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲမယ့္သေဘာတူညီခ်က္ကို ရယူႏိုင္တာဟာ ပဋိပကၡ အဆုံးသတ္ဖို႔ ေနာက္ဆုံးသေဘာတူညီခ်က္ဆီကိုသြားမယ့္ အဓိကေျခလွမ္းတစ္ခုျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.