အမေရိကန်စစ်လေယာဉ်ဆီတင်သင်္ဘောကို ဝင်တိုက်မိခဲ့တဲ့ကုန်တင်သင်္ဘောရဲ့ကပ္ပတိန်ကို ဗြိတိန်ရဲတပ်ဖွဲ့ဖမ်းဆီး

1019

Pika (NP News) - မတ် ၁၂
အင်္ဂလန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ အမေရိကန်စစ်လေယာဉ်ဆီတင် သင်္ဘောကိုဝင်တိုက်မိခဲ့တဲ့ ကုန်တင် သင်္ဘောရဲ့ကပ္ပတိန်ကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်စစ်လေယာဉ်ဆီတင် သင်္ဘောနဲ့ကုန်တင်သင်္ဘောတို့ တိုက်မိမှုကြောင့် မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာမှာ အဲဒီဖမ်းဆီးမှုထွက်ပေါ်လာတာဖြစ်ပါတယ်။
ကုန်တင်သင်္ဘောကပ္ပတိန်ရဲ့ပေါ့ဆမှုတွေကြောင့် ယခုလိုဖြစ်ရပ်ဖြစ်ပွားခဲ့ရတာဖြစ်တယ်ဆိုပြီး ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း သင်္ဘောနှစ်စီးစလုံးဟာ နစ်မြုပ်သွားနိုင်ဖွယ်မရှိဘူးလို့ ထုတ်ပြန်ပြောကြားချက်တွေ ထွက်ပေါ်လာပြီးနောက် ယခုလိုဖမ်းဆီးမှုထွက်ပေါ် လာတာဖြစ်ပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့က “ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ဆဆမောင်းနှင်မှုအတွက် ကုန်တင်သင်္ဘောရဲ့ အသက်(၅၉)နှစ် အရွယ် ကပ္ပတိန်ကို ကျွန်တော်တို့ဖမ်းဆီးခဲ့ပါတယ်” လို့ ထုတ်ပြန်ပြောထားပါတယ်။
ဒါ့ပြင် ဗြိတိန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ညစ်ညမ်းမှုတန်ပြန်တုံ့ပြန်မှုဆိုင်ရာ အကဲဖြတ်ချက်တွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ဗြိတိန်ရုပ်သံချန်နယ်က တင်ထားတဲ့ဓါတ်ပုံတွေမှာ ကမ်းရိုးတန်းက (၁၀)မိုင်အကွာက အခင်းဖြစ်ပွားရာနေရာကနေ အနက်ရောင်မီးခိုးတွေနဲ့ မီးတောက်တွေ ထွက်ပေါ်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
အေမရိကန္စစ္ေလယာဥ္ဆီတင္သေဘၤာကို ဝင္တိုက္မိခဲ့တဲ့ကုန္တင္သေဘၤာရဲ႕ကပၸတိန္ကို ၿဗိတိန္ရဲတပ္ဖြဲ႕ဖမ္းဆီး
Pika (NP News) - မတ္ ၁၂
အဂၤလန္ႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ အေမရိကန္စစ္ေလယာဥ္ဆီတင္ သေဘၤာကိုဝင္တိုက္မိခဲ့တဲ့ ကုန္တင္ သေဘၤာရဲ႕ကပၸတိန္ကို ၿဗိတိန္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္စစ္ေလယာဥ္ဆီတင္ သေဘၤာနဲ႔ကုန္တင္သေဘၤာတို႔ တိုက္မိမႈေၾကာင့္ မီးေလာင္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ အဲဒီဖမ္းဆီးမႈထြက္ေပၚလာတာျဖစ္ပါတယ္။
ကုန္တင္သေဘၤာကပၸတိန္ရဲ႕ေပါ့ဆမႈေတြေၾကာင့္ ယခုလိုျဖစ္ရပ္ျဖစ္ပြားခဲ့ရတာျဖစ္တယ္ဆိုၿပီး ၿဗိတိန္ရဲတပ္ဖြဲ႕က ဖမ္းဆီးမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း သေဘၤာႏွစ္စီးစလုံးဟာ နစ္ျမဳပ္သြားႏိုင္ဖြယ္မရွိဘူးလို႔ ထုတ္ျပန္ေျပာၾကားခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ ယခုလိုဖမ္းဆီးမႈထြက္ေပၚ လာတာျဖစ္ပါတယ္။
ၿဗိတိန္ရဲတပ္ဖြဲ႕က “ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေပါ့ေပါ့ဆဆေမာင္းႏွင္မႈအတြက္ ကုန္တင္သေဘၤာရဲ႕ အသက္(၅၉)ႏွစ္ အ႐ြယ္ ကပၸတိန္ကို ကြၽန္ေတာ္တို႔ဖမ္းဆီးခဲ့ပါတယ္” လို႔ ထုတ္ျပန္ေျပာထားပါတယ္။
ဒါ့ျပင္ ၿဗိတိန္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ညစ္ညမ္းမႈတန္ျပန္တုံ႔ျပန္မႈဆိုင္ရာ အကဲျဖတ္ခ်က္ေတြကို ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ ၿဗိတိန္႐ုပ္သံခ်န္နယ္က တင္ထားတဲ့ဓါတ္ပုံေတြမွာ ကမ္း႐ိုးတန္းက (၁၀)မိုင္အကြာက အခင္းျဖစ္ပြားရာေနရာကေန အနက္ေရာင္မီးခိုးေတြနဲ႔ မီးေတာက္ေတြ ထြက္ေပၚေနတာကိုေတြ႕ျမင္ခဲ့ရပါတယ္။