“(၂၀၂၅)အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲကို ပြည်ပ (၇) နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပါ တက်ရောက်မည်

1117

ချယ်ရီ(NP News)- မတ် ၁၃
“(၂၀၂၅)အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” အမည်ရှိသုံးသပ်ဆွေးနွေးပွဲကို နိုင်ငံ(၇)နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပါ တက်ရောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲကို လာမည့်(မတ်လ ၂၁ ရက်)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-(၁)၌ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့( Myanmar Narrative Think Tank ) က စီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရည်ရွယ်ချက်မှာ နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံပုံရိပ်မြှင့်တင်ရန်နှင့် (၂၀၂၅) ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာတွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန်ဖြစ်ကြောင်း သိရသည်။
သုံးသပ်ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”၊ “(၂၀၂၅) အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” ၊ “(၂၀၂၅)အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို ပါဝင်ဆွေးနွေးသွားမည်ဟု သိရသည်။
၎င်းဆွေးနွေးပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှင့် ပြည်တွင်းမှ ပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှလေ့လာသုံးသပ်သူများလည်း ပါဝင်တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
“(၂၀၂၅)အလြန္ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏိုင္ငံႀကဳံေတြ႕လာရမည့္ စိန္ေခၚမႈမ်ားႏွင့္ အခြင့္အလမ္းမ်ား” သုံးသပ္ေဆြးေႏြးပြဲကို ျပည္ပ (၇) ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္မ်ားပါ တက္ေရာက္မည္
ခ်ယ္ရီ(NP News)- မတ္ ၁၃
“(၂၀၂၅)အလြန္ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏိုင္ငံႀကဳံေတြ႕လာရမည့္ စိန္ေခၚမႈမ်ားႏွင့္ အခြင့္အလမ္းမ်ား” အမည္ရွိသုံးသပ္ေဆြးေႏြးပြဲကို ႏိုင္ငံ(၇)ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္မ်ားပါ တက္ေရာက္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ သုံးသပ္ေဆြးေႏြးပြဲကို လာမည့္(မတ္လ ၂၁ ရက္)တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-(၁)၌ ျပန္ၾကားေရးဝန္ႀကီးဌာနက ႀကီးမႉး၍ ျမန္မာ့ပုံရိပ္ေဖာ္ၫႊန္းေရးအဖြဲ႕( Myanmar Narrative Think Tank ) က စီစဥ္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ရည္႐ြယ္ခ်က္မွာ ႏိုင္ငံေရးအေျပာင္းအလဲႏွင့္အတူ ႏိုင္ငံေတာ္၏အေျခအေနမွန္ကို ကမာၻကသိရွိေစၿပီး ျမန္မာႏိုင္ငံအေပၚ နားလည္မႈ၊ စာနာမႈမ်ားျဖင့္ ပူးေပါင္းေဆာင္႐ြက္လာေစရန္၊ မဟုတ္မမွန္စြပ္စြဲေျပာဆိုမႈမ်ားကို တန္ျပန္ေခ်ဖ်က္၍ ႏိုင္ငံပုံရိပ္ျမႇင့္တင္ရန္ႏွင့္ (၂၀၂၅) ခုႏွစ္အလြန္ ေျပာင္းလဲလာေနသည့္ ကမာၻ႔အခင္းအက်င္းျဖစ္ေသာ ဗဟုဝင္႐ိုးကမာၻတြင္ ေပၚေပါက္လာမည့္ စိန္ေခၚမႈမ်ားႏွင့္ အခြင့္အလမ္းမ်ားကို သိရွိၿပီး ႀကိဳတင္ျပင္ဆင္ႏိုင္မည့္ နည္းလမ္းမ်ားရရွိေစရန္ျဖစ္ေၾကာင္း သိရသည္။
သုံးသပ္ေဆြးေႏြးပြဲတြင္ “ေျပာင္းလဲေနေသာ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏွင့္အာရွ၏ အခန္းက႑”၊ “(၂၀၂၅) အလြန္ ဗဟုဝင္႐ိုးကာလတြင္ ျမန္မာႏိုင္ငံႀကဳံေတြ႕ရမည့္ ပထဝီစီးပြားေရး စိန္ေခၚမႈမ်ားႏွင့္ ရရွိႏိုင္သည့္အခြင့္အလမ္းမ်ား” ၊ “(၂၀၂၅)အလြန္ ဗဟုဝင္႐ိုးကာလတြင္ ျမန္မာႏိုင္ငံ ႀကဳံေတြ႕ရမည့္ ပထဝီႏိုင္ငံေရး စိန္ေခၚမႈမ်ားႏွင့္ ရရွိႏိုင္သည့္ အခြင့္အလမ္းမ်ား” စသည့္ ေခါင္းစဥ္သုံးခုကို ပါဝင္ေဆြးေႏြးသြားမည္ဟု သိရသည္။
၎ေဆြးေႏြးပြဲကို တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ၊ ဂ်ပန္၊ ထိုင္း၊ အီတလီ၊ နီေပါႏိုင္ငံတို႔မွ ပထဝီစီးပြားေရးႏွင့္ ပထဝီႏိုင္ငံေရးဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ား ႏွင့္ ျပည္တြင္းမွ ပညာရွင္မ်ားက ပါဝင္ေဆြးေႏြးသြားမည္ျဖစ္ၿပီး ႏိုင္ငံတကာမွေလ့လာသုံးသပ္သူမ်ားလည္း ပါဝင္တက္ေရာက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။