(BLA)အမည်ရှိ လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့သော ခရီးသည်တင်မီးရထားပေါ်တွင်လိုက်ပါလာသူ ၃၀၀ ကို ကယ်တင်နိုင်ခဲ့ဟုဆို

 188

ဂျန်ဇက် (NP News) - မတ် ၁၄

ပါကစ္စတန်စစ်တပ်က အကြမ်းဖက်သမား တိုက်ခိုက်ခြင်းခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသော ခရီးတင်သည်မီးရထား ပေါ်တွင်လိုက်ပါခဲ့သည့်ခရီးသည်များအနက်မှ လူပေါင်း ၃၀၀ ကျော်ကို ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ပြီးခဲ့သောရက်ပိုင်း ဘလော့ချီစတန်ပြည်နယ်တွင် Baloch Liberation Army (BLA) အမည်ရှိ လက်နက်ကိုင်အဖွဲ့က ခရီးသည်တင် မီးရထားပေါ်တွင် လိုက်ပါလာသူများကို မဖမ်းဆီးခင် အရပ်သား ၂၁ ဦး နှင့် စစ်သား ၄ ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ပါကစ္စတန်စစ်သည် မီးရထားပေါ်တွင်ခရီးသည်ဘယ်နှစ်ဦး လိုက်ပါလာသူဘယ်နှစ်ဦး ရှိမှန်းမသိသေးကြောင်း သိရသည်။ လက်ရှိအချိန် ပါကစ္စတန်စစ်တပ်သည် ခရီးသည်တင် မီးရထားပေါ်တွင်လိုက်ပါလာသည့် လူများကို ကယ်တင်နိုင်ရန်အတွက် စစ်ဆင်ရေးများကို ထပ်မံလုပ်ဆောင်ကြောင်း သိရသည်။
ထွက်ပေါ်နေသည့်သတင်းများအရမှု အဆိုပါခရီးသည်မီးရထားပေါ်တွင် ခရီးသည် အနည်းဆုံး ၄၄၀ဦး လိုက်ပါခဲ့ပြီး လက်ရှိအချိန်တွင် လူပေါင်း ၃၀၀ ကို ပြန်ကယ်တင်နိုင်ခဲ့ရာ အကြမ်းဖက်သမားများလက်ထဲတွင် ခရီးတင်များကျန် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သမားအဖွဲ့ဝင်အချို့သည် မီးရထားကိုမောင်းနှင့်ပြီး ခရီးသည်အချို့ကို ထပ်မံခေါ်ဆောင်သွားခဲ့ရာ တောင်ကြောဧရိယာတစ်ဝိုက်တွင် ခရီးသည်ဘယ်နှစ်ဦး လိုက်ပါဖမ်းဆီးခံခဲ့ရသလဲဆိုသည့်အချက်ကိုမသိသေးကြောင်း ပြောသည်။
အမေရိကန်၊ ပါကစ္စတန်၊ ဗြိတိန် အပါအဝင် အနောက်အုပ်စုနိုင်ငံများသည် (BLA) အမည်ရှိ လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါလက်နက်ကိုင်အဖွဲ့သည် ဘလော့ချီစတန် ပြည်နယ်ကို ကိုယ်ပိုင်လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ပါကစ္စတန်အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေကြောင်း သိရသည်။ ပါကစ္စတန်စစ်တပ်သည် အကြမ်းဖက်သမားကို စီးနင်းတိုက်ခိုက်ချိန်အတွင်း အနည်းဆုံး ၃၃ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
(BLA)အမည္ရွိ လက္နက္ကိုင္အဖြဲ႕ကဖမ္းဆီးခဲ့ေသာ ခရီးသည္တင္မီးရထားေပၚတြင္လိုက္ပါလာသူ ၃၀၀ ကို ကယ္တင္ႏိုင္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၄

ပါကစၥတန္စစ္တပ္က အၾကမ္းဖက္သမား တိုက္ခိုက္ျခင္းခံရၿပီးေနာက္ ဖမ္းဆီးခံခဲ့ရေသာ ခရီးတင္သည္မီးရထား ေပၚတြင္လိုက္ပါခဲ့သည့္ခရီးသည္မ်ားအနက္မွ လူေပါင္း ၃၀၀ ေက်ာ္ကို ျပန္လည္ကယ္တင္ေပးႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။ ၿပီးခဲ့ေသာရက္ပိုင္း ဘေလာ့ခ်ီစတန္ျပည္နယ္တြင္ Baloch Liberation Army (BLA) အမည္ရွိ လက္နက္ကိုင္အဖြဲ႕က ခရီးသည္တင္ မီးရထားေပၚတြင္ လိုက္ပါလာသူမ်ားကို မဖမ္းဆီးခင္ အရပ္သား ၂၁ ဦး ႏွင့္ စစ္သား ၄ ဦးကို တိုက္ခိုက္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ပါကစၥတန္စစ္သည္ မီးရထားေပၚတြင္ခရီးသည္ဘယ္ႏွစ္ဦး လိုက္ပါလာသူဘယ္ႏွစ္ဦး ရွိမွန္းမသိေသးေၾကာင္း သိရသည္။ လက္ရွိအခ်ိန္ ပါကစၥတန္စစ္တပ္သည္ ခရီးသည္တင္ မီးရထားေပၚတြင္လိုက္ပါလာသည့္ လူမ်ားကို ကယ္တင္ႏိုင္ရန္အတြက္ စစ္ဆင္ေရးမ်ားကို ထပ္မံလုပ္ေဆာင္ေၾကာင္း သိရသည္။
ထြက္ေပၚေနသည့္သတင္းမ်ားအရမႈ အဆိုပါခရီးသည္မီးရထားေပၚတြင္ ခရီးသည္ အနည္းဆုံး ၄၄၀ဦး လိုက္ပါခဲ့ၿပီး လက္ရွိအခ်ိန္တြင္ လူေပါင္း ၃၀၀ ကို ျပန္ကယ္တင္ႏိုင္ခဲ့ရာ အၾကမ္းဖက္သမားမ်ားလက္ထဲတြင္ ခရီးတင္မ်ားက်န္ ရွိေနဆဲျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ပါကစၥတန္လုံၿခဳံေရးတပ္ဖြဲ႕က အၾကမ္းဖက္သမားအဖြဲ႕ဝင္အခ်ိဳ႕သည္ မီးရထားကိုေမာင္းႏွင့္ၿပီး ခရီးသည္အခ်ိဳ႕ကို ထပ္မံေခၚေဆာင္သြားခဲ့ရာ ေတာင္ေၾကာဧရိယာတစ္ဝိုက္တြင္ ခရီးသည္ဘယ္ႏွစ္ဦး လိုက္ပါဖမ္းဆီးခံခဲ့ရသလဲဆိုသည့္အခ်က္ကိုမသိေသးေၾကာင္း ေျပာသည္။
အေမရိကန္၊ ပါကစၥတန္၊ ၿဗိတိန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ားသည္ (BLA) အမည္ရွိ လက္နက္ကိုင္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕စည္းအျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။ အဆိုပါလက္နက္ကိုင္အဖြဲ႕သည္ ဘေလာ့ခ်ီစတန္ ျပည္နယ္ကို ကိုယ္ပိုင္လြတ္လပ္ေရး ရယူႏိုင္ရန္အတြက္ ပါကစၥတန္အစိုးရကို လက္နက္ကိုင္တိုက္ခိုက္ေနေၾကာင္း သိရသည္။ ပါကစၥတန္စစ္တပ္သည္ အၾကမ္းဖက္သမားကို စီးနင္းတိုက္ခိုက္ခ်ိန္အတြင္း အနည္းဆုံး ၃၃ ဦးကို သုတ္သင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.