လုပ်ဆောင်ခဲ့သည့်အရာများအတွက် တာဝန်ယူခြင်း/တာဝန်ခံခြင်း ရှိစေရန် ပြင်ဆင်နေကြောင်း ဖိလစ်ပိုင်သမ္မတပြော

331

ဂျန်ဇက် (NP News) - မတ် ၁၄
လစ်ပိုင်သမ္မတဟောင်း ဒူတာတေးက ၎င်းအနေဖြင့် နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ၎င်းလုပ်ဆောင်ခဲ့သည့်အရာများအတွက် တာဝန်ယူခြင်းတာဝန်ခံခြင်းရှိစေရန် ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါးစစ်ပွဲဆင်နွှဲခဲ့ခြင်းနှင့်ပတ်သက်ပြီး လူအခွင့် အရေးချိုးဖောက်ခဲ့မှုများအတွက် ICC တရားရုံးတွင် တရားစွဲခံခဲ့ရကြောင်း သိရသည်။ ICC အဖွဲ့က ဒူတာတေးသည် လူသားများအပေါ်ကျူးလွန်သည့် လူသတ်မှုများ ကျူးလွန်သည်ဟု ယုံကြည်ရကြောင်း ပြောထားသည်။
ICC အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒူတာတေးကိုဖမ်းဆီးခဲ့ပြီး စွဲချက်တင် စုံစမ်းစစ်ဆေးမည်ဖြစ်သည်။ ဒူတာတေးက "ကျွန်တော်ဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ဦးဆောင်ခဲ့ရသူဖြစ်တယ်။ ကျွန်တော်ဟာ သူတို့ကို ကာကွယ်ရမယ်။ ဖြစ်ခဲ့တဲ့အရာအားလုံးအတွက် တာဝန်ယူခြင်း/တာဝန်ခံခြင်း ရှိမှာပါ။ ကျွန်တော်ဟာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကိုပြောခဲ့တယ်။ ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့လုပ်တာဖြစ်လို့ တာဝန်ယူ ခြင်း/တာဝန်ခံခြင်းလည်းရှိမှာပါ" ဟု ပြောသည်။
ဒူတာတေးသည် လက်ရှိအချိန်တွင် အသက် ၇၉ နှစ်အရွယ်ရှိနေပြီး ၎င်းသည် ကိုယ်ပိုင်လေယာဉ်ဖြင့် နယ်သာလန် နိုင်ငံ ရော့စတာဒန်မြို့ကိုရောက်ရှိလာခဲ့ပြီးနောက် ၎င်းကို တရားရုံးအချုပ်ခန်းထဲတွင် ဖမ်းဆီးထားကြောင်း သိရသည်။ ဒူတာတေးကို ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒူတာတေးကို ထောက်ခံသူများ ကန့်ကွက်ဆန္ဒပြခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအလံဝှေ့ယမ်းကာ ၎င်းနှင့်အတူရပ်တည်ကြောင်း၊ မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် ကြိုးပမ်းမည်ဟု ပြောသည်။

Zawgyi Version:
လုပ္ေဆာင္ခဲ့သည့္အရာမ်ားအတြက္ တာဝန္ယူျခင္း/တာဝန္ခံျခင္း ရွိေစရန္ ျပင္ဆင္ေနေၾကာင္း ဖိလစ္ပိုင္သမၼတေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၄
လစ္ပိုင္သမၼတေဟာင္း ဒူတာေတးက ၎အေနျဖင့္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC က ဖမ္းဆီးခံရျခင္းႏွင့္ ပတ္သက္ၿပီး ၎လုပ္ေဆာင္ခဲ့သည့္အရာမ်ားအတြက္ တာဝန္ယူျခင္းတာဝန္ခံျခင္းရွိေစရန္ ျပင္ဆင္ေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ဒူတာေတးသည္ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း မူးယစ္ေဆးဝါးစစ္ပြဲဆင္ႏႊဲခဲ့ျခင္းႏွင့္ပတ္သက္ၿပီး လူအခြင့္ အေရးခ်ိဳးေဖာက္ခဲ့မႈမ်ားအတြက္ ICC တရား႐ုံးတြင္ တရားစြဲခံခဲ့ရေၾကာင္း သိရသည္။ ICC အဖြဲ႕က ဒူတာေတးသည္ လူသားမ်ားအေပၚက်ဴးလြန္သည့္ လူသတ္မႈမ်ား က်ဴးလြန္သည္ဟု ယုံၾကည္ရေၾကာင္း ေျပာထားသည္။
ICC အဖြဲ႕သည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ဒူတာေတးကိုဖမ္းဆီးခဲ့ၿပီး စြဲခ်က္တင္ စုံစမ္းစစ္ေဆးမည္ျဖစ္သည္။ ဒူတာေတးက "ကြၽန္ေတာ္ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ကို ဦးေဆာင္ခဲ့ရသူျဖစ္တယ္။ ကြၽန္ေတာ္ဟာ သူတို႔ကို ကာကြယ္ရမယ္။ ျဖစ္ခဲ့တဲ့အရာအားလုံးအတြက္ တာဝန္ယူျခင္း/တာဝန္ခံျခင္း ရွိမွာပါ။ ကြၽန္ေတာ္ဟာ ရဲတပ္ဖြဲ႕နဲ႔ စစ္တပ္ကိုေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔အလုပ္ကို ကြၽန္ေတာ္တို႔လုပ္တာျဖစ္လို႔ တာဝန္ယူ ျခင္း/တာဝန္ခံျခင္းလည္းရွိမွာပါ" ဟု ေျပာသည္။
ဒူတာေတးသည္ လက္ရွိအခ်ိန္တြင္ အသက္ ၇၉ ႏွစ္အ႐ြယ္ရွိေနၿပီး ၎သည္ ကိုယ္ပိုင္ေလယာဥ္ျဖင့္ နယ္သာလန္ ႏိုင္ငံ ေရာ့စတာဒန္ၿမိဳ႕ကိုေရာက္ရွိလာခဲ့ၿပီးေနာက္ ၎ကို တရား႐ုံးအခ်ဳပ္ခန္းထဲတြင္ ဖမ္းဆီးထားေၾကာင္း သိရသည္။ ဒူတာေတးကို ဖမ္းဆီးခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ဒူတာေတးကို ေထာက္ခံသူမ်ား ကန႔္ကြက္ဆႏၵျပခဲ့ၿပီး ဖိလစ္ပိုင္ႏိုင္ငံအလံေဝွ႔ယမ္းကာ ၎ႏွင့္အတူရပ္တည္ေၾကာင္း၊ မိခင္ႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ႏိုင္ရန္ ႀကိဳးပမ္းမည္ဟု ေျပာသည္။