မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို PPP ပါတီက ပြင်းထန်စွာ ကန့်ကွက်

 1595

ပီယ (NP News) - မတ် ၁၄

မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို ပြည်သူ့ရှေ့ဆောင် (PPP) ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း တွေ့မြင်ရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် Leishemba Sanajaoba က မတ်လ (၁၀)ရက်တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံအပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းရန် အဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပထမ အင်္ဂလိပ်-မြန်မာစစ်မတိုင်မီအချိန် မြန်မာဘုရင်များလက်ထက်ကတည်းကပင် ကဘော်ချိုင့်ဝှမ်းဒေသမှာ မြန်မာနိုင်ငံအပိုင်ဖြစ်ခဲ့ပြီး ပထမ အင်္ဂလိပ်-မြန်မာစစ်အတွင်း မဏိပူရ်မင်းသား Gambhir Singh သည် မြန်မာနိုင်ငံအပိုင် ကဘော်ချိုင့်ဝှမ်းဒေသအား သိမ်းပိုက်ရယူသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိသျှလူမျိုး အရေးပိုင်ဖြစ်သူ ဗိုလ်ချုပ်ကြီး Burney က မြန်မာပိုင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၈၃၄ ခုနှစ်တွင် ကဘော်ချိုင့်ဝှမ်းဒေသကို မြန်မာနိုင်ငံသို့ပြန်လည်အပ်နှင်းခဲ့ကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်မှုမှာ (၁၀၁၀)မိုင်ရှည်လျားပြီး (၉၀၇)မိုင်အား နှစ်နိုင်ငံအစိုးရများ အချင်းချင်းတိုင်းထွာသတ်မှတ်ပြီးဖြစ်ပြီး ယခုကဘော်ချိုင့်ဝှမ်းဒေသသည် နယ်နိမိတ်စည်းမျဉ်းတိုင်းထွာသဘောတူထားပြီးသော ဧရိယာများဖြစ်ကြောင်း နှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြားသတ်မှတ်ချက်အနေဖြင့် ၂၀၁၄ ခုနှစ်မေလ(၈)ရက်တွင် ချုပ်ဆိုထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအထက်လွှတ်တော်အမတ် Leishemba Sanajaoba ၏ ယခုကဲ့သို့ အဆိုတင်သွင်း ပြောဆိုမှုများသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအား ပျက်စီးစေနိုင်ခြင်း၊ နှစ်နိုင်ငံပြည်သူများအကြားနှင့်နယ်စပ်ဒေသရှိမျိုးနွယ်စုများအကြား မလိုမုန်းထား ရန်မီးတောက်စေနိုင်ခြင်းနှင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာအား တိုက်ရိုက် ထိပါးစော်ကားရာ ရောက်ခြင်းတို့ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် Leishemba Sanajaoba ၏ ကဘော်ချိုင့်ဝှမ်းဒေသနှင့် ပတ်သတ်သော ပြောဆိုတင်သွင်းမှုများအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ျမန္မာပိုင္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို သိမ္းယူၿပီး မဏိပူရ္ျပည္နယ္သို႔ ထည့္သြင္းရန္ အဆိုတင္သြင္းျခင္းကို PPP ပါတီက ျပင္းထန္စြာ ကန႔္ကြက္
ပီယ (NP News) - မတ္ ၁၄

ျမန္မာပိုင္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို သိမ္းယူၿပီး မဏိပူရ္ျပည္နယ္သို႔ ထည့္သြင္းရန္ အဆိုတင္သြင္းျခင္းကို ျပည္သူ႔ေရွ႕ေဆာင္ (PPP) ပါတီက ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။

အိႏၵိယႏိုင္ငံ၊ မဏိပူရ္ျပည္နယ္ကိုယ္စားျပဳ အိႏၵိယအထက္လႊတ္ေတာ္အမတ္ Leishemba Sanajaoba က မတ္လ (၁၀)ရက္တြင္ အိႏၵိယႏိုင္ငံ၊ မဏိပူရ္ျပည္နယ္ႏွင့္နယ္နိမိတ္ခ်င္း ထိစပ္ေနသည့္ ျမန္မာႏိုင္ငံအပိုင္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို သိမ္းယူၿပီး မဏိပူရ္ျပည္နယ္ထဲ ထည့္သြင္းရန္ အဆိုကို လႊတ္ေတာ္တြင္ တင္သြင္းခဲ့ျခင္း ျဖစ္သည္။

ပထမ အဂၤလိပ္-ျမန္မာစစ္မတိုင္မီအခ်ိန္ ျမန္မာဘုရင္မ်ားလက္ထက္ကတည္းကပင္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသမွာ ျမန္မာႏိုင္ငံအပိုင္ျဖစ္ခဲ့ၿပီး ပထမ အဂၤလိပ္-ျမန္မာစစ္အတြင္း မဏိပူရ္မင္းသား Gambhir Singh သည္ ျမန္မာႏိုင္ငံအပိုင္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသအား သိမ္းပိုက္ရယူသြားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ၿဗိတိသွ်လူမ်ိဳး အေရးပိုင္ျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး Burney က ျမန္မာပိုင္အျဖစ္ အသိအမွတ္ျပဳခဲ့ၿပီး ၁၈၃၄ ခုႏွစ္တြင္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို ျမန္မာႏိုင္ငံသို႔ျပန္လည္အပ္ႏွင္းခဲ့ေၾကာင္း၊ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံ နယ္နိမိတ္ ထိစပ္မႈမွာ (၁၀၁၀)မိုင္ရွည္လ်ားၿပီး (၉၀၇)မိုင္အား ႏွစ္ႏိုင္ငံအစိုးရမ်ား အခ်င္းခ်င္းတိုင္းထြာသတ္မွတ္ၿပီးျဖစ္ၿပီး ယခုကေဘာ္ခ်ိဳင့္ဝွမ္းေဒသသည္ နယ္နိမိတ္စည္းမ်ဥ္းတိုင္းထြာသေဘာတူထားၿပီးေသာ ဧရိယာမ်ားျဖစ္ေၾကာင္း ႏွင့္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံနယ္ျခားသတ္မွတ္ခ်က္အေနျဖင့္ ၂၀၁၄ ခုႏွစ္ေမလ(၈)ရက္တြင္ ခ်ဳပ္ဆိုထားေသာ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံနယ္စပ္ေဒသပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာနားလည္မႈစာခြၽန္လႊာလည္း ရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အိႏၵိယအထက္လႊတ္ေတာ္အမတ္ Leishemba Sanajaoba ၏ ယခုကဲ့သို႔ အဆိုတင္သြင္း ေျပာဆိုမႈမ်ားသည္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးေသာဆက္ဆံေရးအား ပ်က္စီးေစႏိုင္ျခင္း၊ ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကားႏွင့္နယ္စပ္ေဒသရွိမ်ိဳးႏြယ္စုမ်ားအၾကား မလိုမုန္းထား ရန္မီးေတာက္ေစႏိုင္ျခင္းႏွင့္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာအာဏာအား တိုက္႐ိုက္ ထိပါးေစာ္ကားရာ ေရာက္ျခင္းတို႔ေၾကာင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီအေနျဖင့္ Leishemba Sanajaoba ၏ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသႏွင့္ ပတ္သတ္ေသာ ေျပာဆိုတင္သြင္းမႈမ်ားအား ျပင္းထန္စြာကန႔္ကြက္ရႈံ႕ခ်ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.