နှစ်(၄၀)ပဋိပက္ခကို အဆုံးသတ်မည့် ငြိမ်းချမ်းရေးစာချုပ်ကို အာမေးနီးယား နှင့် အဇာဘိုင်ဂျန် သဘောတူ

 159

Pika (NP News) - မတ် ၁၄

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့ သည် နှစ်နိုင်ငံကြား နှစ်ပေါင်း(၄၀)နီးပါးကြာဖြစ်ပွား နေသော ပဋိပက္ခကို အဆုံးသတ်မည့် ငြိမ်းချမ်းရေးသ ဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များကို သ ဘောတူခဲ့ကြောင်း နှစ်နိုင်ငံစလုံး၏ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခဲ့သည်။ (၁၉၈၀)ခုနှစ်များအ တွင်း အာမေးနီးယားလူမျိုးစု အများဆုံးနေထိုင်သော အဇာဘိုင်ဂျန်နိုင်ငံရှိ Nagorno-Karabakh ဒေသ သည် အာမေးနီးယားနိုင်ငံ၏ ထောက်ခံမှုနှင့်အတူ အဇာဘိုင်ဂျန်နိုင်ငံမှ ခွဲထွက်သွားခဲ့ပြီးနောက်ပိုင်း ကတည်းက အဆိုပါဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဇာဘိုင်ဂျန်နိုင်ငံနှင့်ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေး သ ဘောတူညီချက်ကို ၎င်းတို့ဘက်က အပြီးသတ်ခဲ့ ကြောင်း အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ(၁၃)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက "ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အဆင် သင့်ဖြစ်နေပါပြီ။ အာမေးနီးယားနိုင်ငံဟာ ငြိမ်းချမ်း ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ့် နေရာနဲ့ အချိန်တို့ကို အဇာဘိုင်ဂျန်အစိုးရနဲ့ စတင်ညှိ နှိုင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ"ဟုပြောဆိုခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးဌာနက "အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ကြား ငြိမ်း ချမ်းရေးနဲ့ နှစ်နိုင်ငံကြားဆက်ဆံရေး ထူထောင်ရေး သဘောတူညီချက်မူကြမ်းမှာပါရှိတဲ့ စေ့စပ်ညှိနှိုင်းမှု တွေကို ကျွန်တော်တို့ဘက်က ကျေနပ်စွာ သတိပြုမိပါတယ်"ဟု ထုတ်ပြန်ပြောဆိုထားသည်။ သို့သော် လည်း ゞင်းတို့ဘက်က လက်မှတ်ရေးထိုးမှုနှင့်ပတ် သက်ပြီး မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်တစ်ခုမှာ အာမေးနီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲခြင်းဖြစ်ကြောင်း အဇာဘိုင်ဂျန်ဘက်ပြောဆိုထားမှုနှင့်အတူ ငြိမ်းချမ်းရေးသဘော တူညီချက်ကို လက်မှတ်ရေးထိုးရန် အချိန်ဇယားမှာ လက်ရှိအချိန် အထိ သေချာခြင်းမျိုးမရှိသေးကြောင်း သိရသည်။

zawgyi version
ႏွစ္(၄၀)ပဋိပကၡကို အဆုံးသတ္မည့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ကို အာေမးနီးယား ႏွင့္ အဇာဘိုင္ဂ်န္ သေဘာတူ
Pika (NP News) - မတ္ ၁၄

အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားႏိုင္ငံတို႔ သည္ ႏွစ္ႏိုင္ငံၾကား ႏွစ္ေပါင္း(၄၀)နီးပါးၾကာျဖစ္ပြား ေနေသာ ပဋိပကၡကို အဆုံးသတ္မည့္ ၿငိမ္းခ်မ္းေရးသ ေဘာတူညီခ်က္စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားကို သ ေဘာတူခဲ့ေၾကာင္း ႏွစ္ႏိုင္ငံစလုံး၏ တာဝန္ရွိသူမ်ားက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ (၁၉၈၀)ခုႏွစ္မ်ားအ တြင္း အာေမးနီးယားလူမ်ိဳးစု အမ်ားဆုံးေနထိုင္ေသာ အဇာဘိုင္ဂ်န္ႏိုင္ငံရွိ Nagorno-Karabakh ေဒသ သည္ အာေမးနီးယားႏိုင္ငံ၏ ေထာက္ခံမႈႏွင့္အတူ အဇာဘိုင္ဂ်န္ႏိုင္ငံမွ ခြဲထြက္သြားခဲ့ၿပီးေနာက္ပိုင္း ကတည္းက အဆိုပါေဒသတြင္ တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဇာဘိုင္ဂ်န္ႏိုင္ငံႏွင့္ျဖစ္ပြားေနေသာ ပဋိပကၡကို အဆုံးသတ္ရန္အတြက္ ၿငိမ္းခ်မ္းေရး သ ေဘာတူညီခ်က္ကို ၎တို႔ဘက္က အၿပီးသတ္ခဲ့ ေၾကာင္း အာေမးနီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ(၁၃)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ အာေမးနီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ အဆင္ သင့္ျဖစ္ေနပါၿပီ။ အာေမးနီးယားႏိုင္ငံဟာ ၿငိမ္းခ်မ္း ေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးမယ့္ ေနရာနဲ႔ အခ်ိန္တို႔ကို အဇာဘိုင္ဂ်န္အစိုးရနဲ႔ စတင္ညႇိ ႏႈိင္းဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ"ဟုေျပာဆိုခဲ့သည္။

အဇာဘိုင္ဂ်န္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "အဇာဘိုင္ဂ်န္နဲ႔ အာေမးနီးယားႏိုင္ငံတို႔ၾကား ၿငိမ္း ခ်မ္းေရးနဲ႔ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ထူေထာင္ေရး သေဘာတူညီခ်က္မူၾကမ္းမွာပါရွိတဲ့ ေစ့စပ္ညႇိႏႈိင္းမႈ ေတြကို ကြၽန္ေတာ္တို႔ဘက္က ေက်နပ္စြာ သတိျပဳမိပါတယ္"ဟု ထုတ္ျပန္ေျပာဆိုထားသည္။ သို႔ေသာ္ လည္း ゞင္းတို႔ဘက္က လက္မွတ္ေရးထိုးမႈႏွင့္ပတ္ သက္ၿပီး မရွိမျဖစ္ရွိထားရမည့္ လိုအပ္ခ်က္တစ္ခုမွာ အာေမးနီးယားႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေျပာင္းလဲျခင္းျဖစ္ေၾကာင္း အဇာဘိုင္ဂ်န္ဘက္ေျပာဆိုထားမႈႏွင့္အတူ ၿငိမ္းခ်မ္းေရးသေဘာ တူညီခ်က္ကို လက္မွတ္ေရးထိုးရန္ အခ်ိန္ဇယားမွာ လက္ရွိအခ်ိန္ အထိ ေသခ်ာျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.