အမေရိကန်က ဂရင်းလန်းကျွန်းကို လိုအပ်ကြောင်း နေတိုးအဖွဲ့အကြီးအကဲကို ဒေါ်နယ်ထရမ့်ပြော

 277

Pika (NP News) - မတ် ၁၅

နိုင်ငံတကာလုံခြုံရေးကို တိုးမြှင့်ရန်အတွက် ဂရင်းလန်းကျွန်းကို အမေရိကန်၏ထိန်းချုပ်မှုသည် မရှိမဖြစ်လိုအပ် သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရူတီကို ပြောကြားခဲ့ပြီး မဟာ ဗျူဟာမြောက်အာတိတ်ကျွန်းကို သိမ်းပိုက်ရန်အတွက် ၎င်း၏လှုပ်ရှားမှုကို ပိုမိုအရှိန်မြှင့်ခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်က “နိုင်ငံတကာလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့်အလားအလာများနှင့်ပတ်သက်ပြီး သတင်းထောက်များ၏မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
ဒေါ်နယ်ထရမ့်က “ဂရင်းလန်းကျွန်းကို သိမ်းပိုက်မှုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ဇန်နဝါရီလ(၂၀)ရက်တွင် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှစတင်ပြီး ဂရင်းလန်းကျွန်းကို အမေရိကန်၏ သိမ်းပိုက်မှုအား အဓိကအချက်တစ်ချက်အဖြစ် ဖော်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန်ကြိုးပမ်းမှုတွင် နေတိုးအဖွဲ့ကို ပါဝင်စေလိုကြောင်း လည်း အကြံပြုပြောခဲ့သည်။ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို နေတိုးအဖွဲ့နှင့် အမေရိကန်ရှိ ဒိန်းမတ်သံရုံးတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္က ဂရင္းလန္းကြၽန္းကို လိုအပ္ေၾကာင္း ေနတိုးအဖြဲ႕အႀကီးအကဲကို ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၁၅

ႏိုင္ငံတကာလုံၿခဳံေရးကို တိုးျမႇင့္ရန္အတြက္ ဂရင္းလန္းကြၽန္းကို အေမရိကန္၏ထိန္းခ်ဳပ္မႈသည္ မရွိမျဖစ္လိုအပ္ သည္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေနတိုးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ မာ့ခ္႐ူတီကို ေျပာၾကားခဲ့ၿပီး မဟာ ဗ်ဴဟာေျမာက္အာတိတ္ကြၽန္းကို သိမ္းပိုက္ရန္အတြက္ ၎၏လႈပ္ရွားမႈကို ပိုမိုအရွိန္ျမႇင့္ခဲ့ေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္က “ႏိုင္ငံတကာလုံၿခဳံေရးကို တိုးျမႇင့္ဖို႔အတြက္ ဂရင္းလန္းကြၽန္းကို အေမရိကန္က ထိန္းခ်ဳပ္ဖို႔ လိုအပ္ပါတယ္” ဟု ေျပာခဲ့သည္။ ထို႔ျပင္ ဂရင္းလန္းကြၽန္းကို သိမ္းပိုက္မည့္အလားအလာမ်ားႏွင့္ပတ္သက္ၿပီး သတင္းေထာက္မ်ား၏ေမးခြန္းမ်ားကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္းလည္း သိရသည္။
ေဒၚနယ္ထရမ့္က “ဂရင္းလန္းကြၽန္းကို သိမ္းပိုက္မႈျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” ဟု ေျပာခဲ့သည္။
ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့သည့္ဇန္နဝါရီလ(၂၀)ရက္တြင္ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူခ်ိန္မွစတင္ၿပီး ဂရင္းလန္းကြၽန္းကို အေမရိကန္၏ သိမ္းပိုက္မႈအား အဓိကအခ်က္တစ္ခ်က္အျဖစ္ ေဖာ္ျပေျပာဆိုခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ဂရင္းလန္းကြၽန္းကို သိမ္းပိုက္ရန္ႀကိဳးပမ္းမႈတြင္ ေနတိုးအဖြဲ႕ကို ပါဝင္ေစလိုေၾကာင္း လည္း အႀကံျပဳေျပာခဲ့သည္။ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို ေနတိုးအဖြဲ႕ႏွင့္ အေမရိကန္ရွိ ဒိန္းမတ္သံ႐ုံးတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.