တရုတ်နိုင်ငံ၏လုပ်ရပ်များအတိုင်း ပြန်လည်တုံ့ပြန်မည်ဖြစ်ကြောင်း တရုတ်တိုင်ပေသမ္မတ သတိပေး

141

ဂျန်ဇက် (NP News) - မတ် ၁၅
တရုတ်ထိုင်ပေသမ္မတ လိုင်ချန်တေးက တရုတ်နိုင်ငံအနေဖြင့် တရုတ်တိုင်ပေကို စိမ့်ဝင်ထိုးဖောက်ရန် နှင့် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများမလုပ်ဆောင်ရန်နှင့် ဆက်လက်လုပ်ဆောင်မည်ဆိုပါက တရုတ်အစိုးရ၏ လုပ်ရပ်များအတိုင်း တန်ပြန်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုလိုက်သည်။
တရုတ်တိုင်ပေအစိုးရက တရုတ်နိုင်ငံသည် စစ်ရေးလေ့ကျင့်ခန်းများ၊ ကုန်သွယ်ရေးပိတ်ဆို့မှုများ၊ ကျွန်းနှင့် ပတ်သက်ပြီး သြဇာလွမ်းမိုးရန်ကြိုးပမ်းမှုများ လုပ်ဆောင်နေကြောင်း ပြောသည်။ တရုတ်တိုင်ပေသမ္မတ လိုင်ချန်တေးသည် လုံခြုံရေးအဖွဲ့တာဝန်ရှိသူများနှင့် အစည်းအဝေးလုပ်ဆောင်ခဲ့ပြီးနောက် မတ်လ ၁၄ ရက်တွင် တရုတ်ကို သတိပေးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက တရုတ်တိုင်ပေကျွန်းကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး တရုတ်တိုင်ပေကလည်း တရုတ် နိုင်ငံလက်အောက်မှ ခွဲထွက်ကာကိုယ်ပိုင်လွတ်လပ်ရေး ရယူနိုင်ရန် ကြိုးပမ်းခဲ့ရာ အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် တရုတ်တိုင်ပေကျွန်းနှင့်ပတ်သက်ပြီး ရာဇဝတ်ဂိုဏ်းများ၊ မီဒီယာလုပ်ငန်းများ၊ စစ်ဘက်နှင့်အရပ်ဘက်အဖွဲ့ဝင်ဟောင်းများထဲတွင် စိမ့်ဝင်ထိုးဖောက်ခြင်းများလုပ်ဆောင်ခဲ့ ကြောင်း တရုတ်တိုင်ပေအစိုးရဘက်က စွပ်စွဲပြောဆိုခဲ့သည်။
တရုတ်တိုင်ပေ သမ္မတလိုင်ချန်တေးက "တရုတ်ဟာ ကျွန်တော်တို့အတွင်းကနေ ခွဲထွက်ခြင်း၊ ဖျက်ဆီးခြင်း နဲ့ အဖျက်အမှောင့်များ လုပ်ငန်းတွေလုပ်ဆောင်ဖို့ စိမ့်ဝင်ထိုးဖောက်နေတယ်" ဟု ပြောသည်။
တရုတ်နိုင်ငံ၏ တရုတ်တိုင်ပေရုံးက တရုတ်တိုင်ပေသမ္မတ၏ ပြောဆိုချက်များကို ပြစ်တင်ရှုတ်ချထားပြီး တုံ့ပြန်မှု များ ပြန်လည်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံ၏ တရုတ်တိုင်ပေရုံးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက "တရုတ်တိုင်ပေ အစိုးရအဖွဲ့ဟာ မီးနဲ့ကစားနေတယ်။ လောင်ကျွမ်းခံရမယ်။ အပင်ရဲ့ အမြစ်ကိုမေ့တဲ့သူတွေဟာ ကောင်းမွန်စွာအဆုံးသတ်ရမှာ မဟုတ်ဘူး" ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က တရုတ်တိုင်ပေသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ်ရှိနေခြင်း ပြောင်းလဲမည်မဟုတ်ကြောင်း၊ ပြန်လည်ပေါင်းစည်းရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ၏လုပ္ရပ္မ်ားအတိုင္း ျပန္လည္တုံ႔ျပန္မည္ျဖစ္ေၾကာင္း တ႐ုတ္တိုင္ေပသမၼတ သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၁၅
တ႐ုတ္ထိုင္ေပသမၼတ လိုင္ခ်န္ေတးက တ႐ုတ္ႏိုင္ငံအေနျဖင့္ တ႐ုတ္တိုင္ေပကို စိမ့္ဝင္ထိုးေဖာက္ရန္ ႏွင့္ ၾသဇာလႊမ္းမိုးရန္ ႀကိဳးပမ္းမႈမ်ားမလုပ္ေဆာင္ရန္ႏွင့္ ဆက္လက္လုပ္ေဆာင္မည္ဆိုပါက တ႐ုတ္အစိုးရ၏ လုပ္ရပ္မ်ားအတိုင္း တန္ျပန္သြားမည္ျဖစ္ေၾကာင္း သတိေပးေျပာဆိုလိုက္သည္။
တ႐ုတ္တိုင္ေပအစိုးရက တ႐ုတ္ႏိုင္ငံသည္ စစ္ေရးေလ့က်င့္ခန္းမ်ား၊ ကုန္သြယ္ေရးပိတ္ဆို႔မႈမ်ား၊ ကြၽန္းႏွင့္ ပတ္သက္ၿပီး ၾသဇာလြမ္းမိုးရန္ႀကိဳးပမ္းမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေျပာသည္။ တ႐ုတ္တိုင္ေပသမၼတ လိုင္ခ်န္ေတးသည္ လုံၿခဳံေရးအဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ အစည္းအေဝးလုပ္ေဆာင္ခဲ့ၿပီးေနာက္ မတ္လ ၁၄ ရက္တြင္ တ႐ုတ္ကို သတိေပးခဲ့ျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံက တ႐ုတ္တိုင္ေပကြၽန္းကို ၎တို႔ပိုင္နက္အျဖစ္ သတ္မွတ္ထားၿပီး တ႐ုတ္တိုင္ေပကလည္း တ႐ုတ္ ႏိုင္ငံလက္ေအာက္မွ ခြဲထြက္ကာကိုယ္ပိုင္လြတ္လပ္ေရး ရယူႏိုင္ရန္ ႀကိဳးပမ္းခဲ့ရာ အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသည္ တ႐ုတ္တိုင္ေပကြၽန္းႏွင့္ပတ္သက္ၿပီး ရာဇဝတ္ဂိုဏ္းမ်ား၊ မီဒီယာလုပ္ငန္းမ်ား၊ စစ္ဘက္ႏွင့္အရပ္ဘက္အဖြဲ႕ဝင္ေဟာင္းမ်ားထဲတြင္ စိမ့္ဝင္ထိုးေဖာက္ျခင္းမ်ားလုပ္ေဆာင္ခဲ့ ေၾကာင္း တ႐ုတ္တိုင္ေပအစိုးရဘက္က စြပ္စြဲေျပာဆိုခဲ့သည္။
တ႐ုတ္တိုင္ေပ သမၼတလိုင္ခ်န္ေတးက "တ႐ုတ္ဟာ ကြၽန္ေတာ္တို႔အတြင္းကေန ခြဲထြက္ျခင္း၊ ဖ်က္ဆီးျခင္း နဲ႔ အဖ်က္အေမွာင့္မ်ား လုပ္ငန္းေတြလုပ္ေဆာင္ဖို႔ စိမ့္ဝင္ထိုးေဖာက္ေနတယ္" ဟု ေျပာသည္။
တ႐ုတ္ႏိုင္ငံ၏ တ႐ုတ္တိုင္ေပ႐ုံးက တ႐ုတ္တိုင္ေပသမၼတ၏ ေျပာဆိုခ်က္မ်ားကို ျပစ္တင္ရႈတ္ခ်ထားၿပီး တုံ႔ျပန္မႈ မ်ား ျပန္လည္ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ တ႐ုတ္ႏိုင္ငံ၏ တ႐ုတ္တိုင္ေပ႐ုံးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက "တ႐ုတ္တိုင္ေပ အစိုးရအဖြဲ႕ဟာ မီးနဲ႔ကစားေနတယ္။ ေလာင္ကြၽမ္းခံရမယ္။ အပင္ရဲ႕ အျမစ္ကိုေမ့တဲ့သူေတြဟာ ေကာင္းမြန္စြာအဆုံးသတ္ရမွာ မဟုတ္ဘူး" ဟု ေျပာသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က တ႐ုတ္တိုင္ေပသည္ တ႐ုတ္ႏိုင္ငံ၏ အစိတ္အပိုင္းအျဖစ္ရွိေနျခင္း ေျပာင္းလဲမည္မဟုတ္ေၾကာင္း၊ ျပန္လည္ေပါင္းစည္းရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။