ရာထူးမှဆိုင်းငံ့ခံထားရသည့် ယွန်ဆက်ယိုလ်နှင့်ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြရန် တောင်ကိုရီးယားယာယီသမ္မတ တောင်းဆို

 518

ဂျန်ဇက် (NP News) - မတ် ၁၅

တောင်ကိုရီးယားယာယီသမ္မတ ချိုဆန်မွတ်က သမ္မတရာထူးမှဆိုင်းငံ့ခံထားရသည့် ယွန်ဆက်ယိုလ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက စုံစမ်းစစ်ဆေးမှုများမလုပ်ဆောင်ခင်နိုင်ငံသားများအနေဖြင့် ဆုံးဖြတ်ချက်ကို လေးစား လိုက်နာရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ ယွန်ဆက်ယိုလ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက တောင်ကိုရီးယားနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ပြီးနောက် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှ ဆိုင်းငံ့ခဲ့ရခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ယွန်ဆက်ယိုလ်ကို သမ္မတအဖြစ်ဆက်လက်ခန့်ထားရန် သင့်/မသင့်ဆိုသော အချက်ကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ယွန်ဆက်ယိုလ်ကို ရာထူးမှ ဆိုင်းငံ့ခဲ့ခြင်းနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံတွင် ထောက်ခံသူနှင့်ဆန့်ကျင်သူများကြား အပြိုင်ဆန္ဒပြမှုများဖြစ်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားယာယီသမ္မတက တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့၏ နေရာအချို့တွင် ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကြတ်ချထားမည်ဖြစ်ပြီး အများပြည်သူကို ထိခိုက်နှောင့်ယှက်စေသောအရာများကို သည်းခံမည်မဟုတ် ကြောင်း ပြောသည်။

ထို့ပြင် တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဝန်းကျင်နားတွင်လည်း လုံခြုံရေးတင်းကြပ်ထားမည်ဖြစ်သလို ဒရုန်းပျံသန်းခြင်းများကိုလည်း ပိတ်ပင်ထားမည်ဖြစ်ကြောင်း ပြောသည်။ လာမည့်ရက်ပိုင်းအတွင်း ယွန်ဆက်ယိုလ်၏အမှုကို စတင်ကြားနာစစ်ဆေးမည်ဖြစ်ရာ ယွန်ဆက်ယိုလ်ကိုထောက်ခံသူအဖွဲ့ နှင့် ကန့်ကွက် ဆန့်ကျင်သူများ အပြိုင်ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ တောင်ကိုရီးယားယာယီသမ္မတက " နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ တောင်ကိုရီးယားနိုင်ငံကို အနီးကပ်စောင့်ကြည့်နေတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေအရေး ခုခံနိုင်မှုကို စမ်းသပ်တာလည်းဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ပြည်သူအားလုံးဟာ တည်ငြိမ်အေးဆေးစွာ နေထိုင်ရမယ်။ တရားရုံးဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်" ဟု ပြောကြားခဲ့သည်။
ယွန်ဆက်ယိုလ်ကို အားပေးထောက်ခံသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနီးတွင် စုရုံးနေထိုင်ရန် စီစဉ်ထား ပြီး ၎င်းတို့နားတွင် ရဲတပ်ဖွဲ့ဝင်များ၊ ကားများဖြန့်ကြတ်ချထားရန် စီစဉ်ထားသည်ဟု သိရသည်။ တောင်ကိုရီးယား ရဲတပ်ဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ မီတာ ၁ဝဝ အကွာတွင် လုံခြုံရေးတင်းကြပ်ထားမည်ဟု သတင်းထုတ်ပြန်ထားသည်။ တောင်ကိုရီးယားရဲတပ်ဖွဲ့သည် နံပါတ်တုတ်များ နှင့် မျက်ရည်ယိုဗုံးများအသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။

Zawgyi Version:
ရာထူးမွဆိုင္းငံ့ခံထားရသည့္ ယြန္ဆက္ယိုလ္ႏွင့္ပတ္သက္ၿပီး တရား႐ုံးဆုံးျဖတ္ခ်က္ကို ေလးစားလိုက္နာၾကရန္ ေတာင္ကိုရီးယားယာယီသမၼတ ေတာင္းဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၅

ေတာင္ကိုရီးယားယာယီသမၼတ ခ်ိဳဆန္မြတ္က သမၼတရာထူးမွဆိုင္းငံ့ခံထားရသည့္ ယြန္ဆက္ယိုလ္ကို ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးက စုံစမ္းစစ္ေဆးမႈမ်ားမလုပ္ေဆာင္ခင္ႏိုင္ငံသားမ်ားအေနျဖင့္ ဆုံးျဖတ္ခ်က္ကို ေလးစား လိုက္နာရန္ တိုက္တြန္းေတာင္းဆိုလိုက္သည္။ ယြန္ဆက္ယိုလ္သည္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလအတြင္းက ေတာင္ကိုရီးယားႏိုင္ငံတြင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့ၿပီးေနာက္ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံရကာ ရာထူးမွ ဆိုင္းငံ့ခဲ့ရျခင္းျဖစ္သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ ယြန္ဆက္ယိုလ္ကို သမၼတအျဖစ္ဆက္လက္ခန႔္ထားရန္ သင့္/မသင့္ဆိုေသာ အခ်က္ကို စုံစမ္းစစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။ ယြန္ဆက္ယိုလ္ကို ရာထူးမွ ဆိုင္းငံ့ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ေတာင္ကိုရီးယားႏိုင္ငံတြင္ ေထာက္ခံသူႏွင့္ဆန႔္က်င္သူမ်ားၾကား အၿပိဳင္ဆႏၵျပမႈမ်ားျဖစ္ခဲ့ေၾကာင္း သိရသည္။ ေတာင္ကိုရီးယားယာယီသမၼတက ေတာင္ကိုရီးယားၿမိဳ႕ေတာ္ ဆိုးလ္ၿမိဳ႕၏ ေနရာအခ်ိဳ႕တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ျဖန႔္ၾကတ္ခ်ထားမည္ျဖစ္ၿပီး အမ်ားျပည္သူကို ထိခိုက္ေႏွာင့္ယွက္ေစေသာအရာမ်ားကို သည္းခံမည္မဟုတ္ ေၾကာင္း ေျပာသည္။

ထို႔ျပင္ ေတာင္ကိုရီးယားဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံး ဝန္းက်င္နားတြင္လည္း လုံၿခဳံေရးတင္းၾကပ္ထားမည္ျဖစ္သလို ဒ႐ုန္းပ်ံသန္းျခင္းမ်ားကိုလည္း ပိတ္ပင္ထားမည္ျဖစ္ေၾကာင္း ေျပာသည္။ လာမည့္ရက္ပိုင္းအတြင္း ယြန္ဆက္ယိုလ္၏အမႈကို စတင္ၾကားနာစစ္ေဆးမည္ျဖစ္ရာ ယြန္ဆက္ယိုလ္ကိုေထာက္ခံသူအဖြဲ႕ ႏွင့္ ကန႔္ကြက္ ဆန႔္က်င္သူမ်ား အၿပိဳင္ဆႏၵျပရန္ စီစဥ္ေနေၾကာင္း သိရသည္။ ေတာင္ကိုရီးယားယာယီသမၼတက " ႏိုင္ငံတကာ အဖြဲ႕အစည္းေတြဟာ ေတာင္ကိုရီးယားႏိုင္ငံကို အနီးကပ္ေစာင့္ၾကည့္ေနတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဒီမိုကေရအေရး ခုခံႏိုင္မႈကို စမ္းသပ္တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ကြၽန္ေတာ္တို႔ ျပည္သူအားလုံးဟာ တည္ၿငိမ္ေအးေဆးစြာ ေနထိုင္ရမယ္။ တရား႐ုံးဆုံးျဖတ္ခ်က္ကို ေလးစားလိုက္နာရမယ္" ဟု ေျပာၾကားခဲ့သည္။
ယြန္ဆက္ယိုလ္ကို အားေပးေထာက္ခံသူမ်ားသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးအနီးတြင္ စု႐ုံးေနထိုင္ရန္ စီစဥ္ထား ၿပီး ၎တို႔နားတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ကားမ်ားျဖန႔္ၾကတ္ခ်ထားရန္ စီစဥ္ထားသည္ဟု သိရသည္။ ေတာင္ကိုရီးယား ရဲတပ္ဖြဲ႕သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံး၏ မီတာ ၁ဝဝ အကြာတြင္ လုံၿခဳံေရးတင္းၾကပ္ထားမည္ဟု သတင္းထုတ္ျပန္ထားသည္။ ေတာင္ကိုရီးယားရဲတပ္ဖြဲ႕သည္ နံပါတ္တုတ္မ်ား ႏွင့္ မ်က္ရည္ယိုဗုံးမ်ားအသုံးျပဳရန္ စီစဥ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.