မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် AA က ဘင်္ဂါလီလက်နက်ကိုင်များ နှင့် စစ်မျက်နှာသစ် ဖွင့်ရဖွယ်ရှိနေ

 1298

သန့်ဇင် (NP News) - မတ် ၁၅

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် AA က ဘင်္ဂါလီ လက်နက်ကိုင်များ နှင့် စစ်မျက်နှာသစ်ဖွင့်ရဖွယ် ရှိနေကြောင်း NP News သတင်းဌာန၏ မေးမြန်းထားသော သတင်းအချက်များအရ သိရသည်။
ဘူးသီးတောင်၊ မောင်တောဒေသကို ထိန်းချုပ်ထားသော AA သည် ARSA၊ ARA နှင့် RSO အပါအဝင် ဘင်္ဂါလီ လက်နက်ကိုင်များနှင့် တိုက်ပွဲများဖြစ်ပွားလာဖွယ်ရှိနေပြီး ယင်းအတွက် ကြိုဆင်ပြင်ဆင်နေသော အနေအထား မြင်တွေ့ရသော်လည်း တဖက်တွင် တပ်မတော်နှင့်လည်း စစ်မျက်နှာသုံးခုထက်မနည်း ဆက်လက် ဆိုင်ထားရ သည်။
လက်ရှိ အထက်ပါ ဒေသများတွင် AA က အွန်လိုင်းထက်တွင် ဝါဒဖြန့်ဓာတ်ပုံများဖြင့် လူမျိုးမခွဲခြားကြောင်း ဖော်ပြ နေသော်လည်း လက်ရှိ မြေပြင်အခြေအနေတွင်မူ ခွဲခြားမှုများရှိနေပြီး ဌာနေတိုင်းရင်းသားတစ်မျိုးဖြစ်သော မြို တိုင်းရင်းသားများကိုလည်း ဘင်္ဂါလီ ရန်ကို ကာကွယ်ရန်အတွက် ပြည်သူ့စစ်သင်တန်းပေးခြင်းများ ရှိနေကြောင်း သိရသည်။
“အခုတော့ AAက နယ်စပ်ဖက်မှာ အဲဒီ (ဘင်္ဂါလီလက်နက်ကိုင်) အဖွဲ့တွေကို လိုက်ရှင်းနေတယ်ကြားပါတယ်။ ဒီဇာတ်လမ်းက ပြီးမှာ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဘင်္ဂါလီလက်နက်ကိုင်များဘက်ကလည်း လူသစ်စုဆောင်းမှုများ လုပ်နေပြီး တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသော အရိပ်အယောင်များကို ပြသနေပြီဖြစ်သည်။
“ဟိုဖက်မှာက ARSA တို့ ကလူစုလို့ရမယ့် ရင်းမြစ်ကြီးရှိနေတယ်လေ။ ဘင်္ဂလားဒေ့ရှ့်က Camp တွေပေါ့။ ဖြစ်လာ မှာ အာဆာရယ် ARA ရယ် RSO ရယ်နဲ့ နောက်တစ်ဖွဲ့ပေါင်းပြီး AA ကိုတိုက်မယ် ပြောထားတော့ မပြီးနိုင်သေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA နှင့် ARSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်ကလည်း မောင်တောမြို့နယ်တွင် ARSA က အရပ်သားကားတစ်စီးကို တိုက်ခိုက်ခဲ့ သည့်အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္တြင္ AA က ဘဂၤါလီလက္နက္ကိုင္မ်ား ႏွင့္ စစ္မ်က္ႏွာသစ္ ဖြင့္ရဖြယ္ရွိေန
သန႔္ဇင္ (NP News) - မတ္ ၁၅

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္တြင္ AA က ဘဂၤါလီ လက္နက္ကိုင္မ်ား ႏွင့္ စစ္မ်က္ႏွာသစ္ဖြင့္ရဖြယ္ ရွိေနေၾကာင္း NP News သတင္းဌာန၏ ေမးျမန္းထားေသာ သတင္းအခ်က္မ်ားအရ သိရသည္။
ဘူးသီးေတာင္၊ ေမာင္ေတာေဒသကို ထိန္းခ်ဳပ္ထားေသာ AA သည္ ARSA၊ ARA ႏွင့္ RSO အပါအဝင္ ဘဂၤါလီ လက္နက္ကိုင္မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားလာဖြယ္ရွိေနၿပီး ယင္းအတြက္ ႀကိဳဆင္ျပင္ဆင္ေနေသာ အေနအထား ျမင္ေတြ႕ရေသာ္လည္း တဖက္တြင္ တပ္မေတာ္ႏွင့္လည္း စစ္မ်က္ႏွာသုံးခုထက္မနည္း ဆက္လက္ ဆိုင္ထားရ သည္။
လက္ရွိ အထက္ပါ ေဒသမ်ားတြင္ AA က အြန္လိုင္းထက္တြင္ ဝါဒျဖန႔္ဓာတ္ပုံမ်ားျဖင့္ လူမ်ိဳးမခြဲျခားေၾကာင္း ေဖာ္ျပ ေနေသာ္လည္း လက္ရွိ ေျမျပင္အေျခအေနတြင္မူ ခြဲျခားမႈမ်ားရွိေနၿပီး ဌာေနတိုင္းရင္းသားတစ္မ်ိဳးျဖစ္ေသာ ၿမိဳ တိုင္းရင္းသားမ်ားကိုလည္း ဘဂၤါလီ ရန္ကို ကာကြယ္ရန္အတြက္ ျပည္သူ႔စစ္သင္တန္းေပးျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
“အခုေတာ့ AAက နယ္စပ္ဖက္မွာ အဲဒီ (ဘဂၤါလီလက္နက္ကိုင္) အဖြဲ႕ေတြကို လိုက္ရွင္းေနတယ္ၾကားပါတယ္။ ဒီဇာတ္လမ္းက ၿပီးမွာ မဟုတ္ဘူး” ဟု ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိ ဘူးသီးေတာင္၊ ေမာင္ေတာေဒသရွိ ဘဂၤါလီလက္နက္ကိုင္မ်ားဘက္ကလည္း လူသစ္စုေဆာင္းမႈမ်ား လုပ္ေနၿပီး တိုက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနေသာ အရိပ္အေယာင္မ်ားကို ျပသေနၿပီျဖစ္သည္။
“ဟိုဖက္မွာက ARSA တို႔ ကလူစုလို႔ရမယ့္ ရင္းျမစ္ႀကီးရွိေနတယ္ေလ။ ဘဂၤလားေဒ့ရွ္႕က Camp ေတြေပါ့။ ျဖစ္လာ မွာ အာဆာရယ္ ARA ရယ္ RSO ရယ္နဲ႔ ေနာက္တစ္ဖြဲ႕ေပါင္းၿပီး AA ကိုတိုက္မယ္ ေျပာထားေတာ့ မၿပီးႏိုင္ေသးဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ၿပီးခဲ့သည့္ေဖေဖာ္ဝါရီ ၁၉ ရက္ကလည္း ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းတြင္ AA ႏွင့္ ARSA တို႔ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ ၂၄ ရက္ကလည္း ေမာင္ေတာၿမိဳ႕နယ္တြင္ ARSA က အရပ္သားကားတစ္စီးကို တိုက္ခိုက္ခဲ့ သည့္အတြက္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.