အမေရိကန်နဲ့ အစ္စရေးတို့က ဂါဇာကပါလက်စတိုင်းတွေကို အာဖရိကကို ရွှေ့ပြောင်းဖို့ကြိုးပမ်းနေ

351

Pika (NP News) - မတ် ၁၅
ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေကို ပြန်လည်နေရာချထားရေးနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ နယ်မြေတွေကို အသုံးပြုဖို့အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဆူဒန်၊ ဆိုမာလီယာနဲ့ ခွဲထွက်ဒေသ Somaliland တို့ရဲ့တာဝန်ရှိသူတွေကို အမေရိကန်နဲ့အစ္စရေးတို့က ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်နဲ့ အစ္စရေး အရာရှိတို့ရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး Associated Press က ရေးသားဖော်ပြခဲ့ပါတယ်။
ဆူဒန်အစိုးရတာဝန်ရှိသူတွေက ၎င်းတို့ဟာ အမေရိကန်နိုင်ငံရဲ့အဆိုပြုချက်တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ဆိုမာလီယာနဲ့ ခွဲထွက်ဒေသ Somaliland တို့ကတော့ ၎င်းတို့ဟာ လက်ရှိအချိန်အထိ ဘယ်လို ဆက်သွယ်မှုကိုမှ သတိထားမိတာမျိုးမရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို အမေရိကန်အစိုးရနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်း ပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ဒါ့ပြင် ဆိုမာလီယာနဲ့ Somaliland တို့ရဲ့ပြန်ကြားရေးဝန်ကြီးတွေဟာ မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ပြန်လည် တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ လူပေါင်း(၁၂)သန်းခန့်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီး အငတ်ဘေးကို ကြုံတွေ့ခဲ့ရတဲ့ပြင်းထန်တဲ့ပြည်တွင်းစစ်ကို ကိုင်တွယ်ဖြေရှင်းနေရတဲ့ ဆူဒန်နိုင်ငံရဲ့နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

အေမရိကန္နဲ႔ အစၥေရးတို႔က ဂါဇာကပါလက္စတိုင္းေတြကို အာဖရိကကို ေ႐ႊ႕ေျပာင္းဖို႔ႀကိဳးပမ္းေန
Pika (NP News) - မတ္ ၁၅
ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းျပည္သူေတြကို ျပန္လည္ေနရာခ်ထားေရးနဲ႔ပတ္သက္ၿပီး ၎တို႔ရဲ႕ နယ္ေျမေတြကို အသုံးျပဳဖို႔အတြက္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဆူဒန္၊ ဆိုမာလီယာနဲ႔ ခြဲထြက္ေဒသ Somaliland တို႔ရဲ႕တာဝန္ရွိသူေတြကို အေမရိကန္နဲ႔အစၥေရးတို႔က ဆက္သြယ္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္နဲ႔ အစၥေရး အရာရွိတို႔ရဲ႕ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး Associated Press က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဆူဒန္အစိုးရတာဝန္ရွိသူေတြက ၎တို႔ဟာ အေမရိကန္ႏိုင္ငံရဲ႕အဆိုျပဳခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ ေျပာဆိုခဲ့ၿပီး ဆိုမာလီယာနဲ႔ ခြဲထြက္ေဒသ Somaliland တို႔ကေတာ့ ၎တို႔ဟာ လက္ရွိအခ်ိန္အထိ ဘယ္လို ဆက္သြယ္မႈကိုမွ သတိထားမိတာမ်ိဳးမရွိေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ အဲဒီအစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို အေမရိကန္အစိုးရနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔က ခ်က္ခ်င္း ျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ ဆိုမာလီယာနဲ႔ Somaliland တို႔ရဲ႕ျပန္ၾကားေရးဝန္ႀကီးေတြဟာ မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ျပန္လည္ တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ လူေပါင္း(၁၂)သန္းခန႔္ကို အိုးမဲ့အိမ္မဲ့ျဖစ္ေစခဲ့ၿပီး အငတ္ေဘးကို ႀကဳံေတြ႕ခဲ့ရတဲ့ျပင္းထန္တဲ့ျပည္တြင္းစစ္ကို ကိုင္တြယ္ေျဖရွင္းေနရတဲ့ ဆူဒန္ႏိုင္ငံရဲ႕ႏိုင္ငံျခားေရး ဝန္ႀကီးဌာနဟာ မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။