ရက်(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံဖို့ ရုရှားကို G7 အဖွဲ့ သတိပေး

708

Pika (NP News) - မတ် ၁၅
ယူကရိန်းနဲ့အပစ်အခတ်ရပ်စဲရေးကို လက်မခံဘူးဆိုရင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေကို ချမှတ်သွား မယ်လို့ G7 အဖွဲ့က သတိပေးပြောဆိုခဲ့ပါတယ်။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ပါဝင်တဲ့ G7 အဖွဲ့ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြားကိုချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ “ယူကရိန်းက လက်ခံထားတဲ့ အမေရိကန်ဦးဆောင်တဲ့ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ကို G7 အဖွဲ့က ထောက်ခံပါတယ်။ အပစ်အခတ်ရပ်စဲရေးကို တန်းတူညီမျှတဲ့စည်းကမ်းချက်တွေနဲ့အတူ အပြည့်အဝအကောင်အထည်ဖော်ဖို့ ရုရှားကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် ရုရှားဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မခံဘူးဆိုပါက ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ G7 အဖွဲ့က ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ထပ်ပိတ်ဆို့အရေးယူ တွေမှာ ရေနံဈေးနှုန်းတွေ ကန့်သတ်တာမျိုးနဲ့ ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ယူကရိန်းအတွက် နောက်ထပ် ထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးတာမျိုးတွေ ပါဝင်တယ်လို့ သိရပါတယ်။
ယူကရိန်းမှာရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့နဲ့ပတ်သက် ပြီး လိုချင်တဲ့အာမခံချက်တွေကို ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ G7 အဖွဲ့ရဲ့ သတိပေးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ရက္(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လက္ခံဖို႔ ႐ုရွားကို G7 အဖြဲ႕ သတိေပး
Pika (NP News) - မတ္ ၁၅
ယူကရိန္းနဲ႔အပစ္အခတ္ရပ္စဲေရးကို လက္မခံဘူးဆိုရင္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ေတြကို ခ်မွတ္သြား မယ္လို႔ G7 အဖြဲ႕က သတိေပးေျပာဆိုခဲ့ပါတယ္။
ၿဗိတိန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္နဲ႔ အေမရိကန္ႏိုင္ငံတို႔ပါဝင္တဲ့ G7 အဖြဲ႕ဟာ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈ အမ်ားအျပားကိုခ်မွတ္ခဲ့တာလည္းျဖစ္ပါတယ္။ ထုတ္ျပန္ခ်က္မွာ “ယူကရိန္းက လက္ခံထားတဲ့ အေမရိကန္ဦးေဆာင္တဲ့ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီ ခ်က္ကို G7 အဖြဲ႕က ေထာက္ခံပါတယ္။ အပစ္အခတ္ရပ္စဲေရးကို တန္းတူညီမွ်တဲ့စည္းကမ္းခ်က္ေတြနဲ႔အတူ အျပည့္အဝအေကာင္အထည္ေဖာ္ဖို႔ ႐ုရွားကို ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ ႐ုရွားဘက္က အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လက္မခံဘူးဆိုပါက ႐ုရွားအေပၚ ေနာက္ထပ္ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ဖို႔ G7 အဖြဲ႕က ေဆြးေႏြးခဲ့တယ္လို႔လည္း သိရပါတယ္။ ေနာက္ထပ္ပိတ္ဆို႔အေရးယူ ေတြမွာ ေရနံေဈးႏႈန္းေတြ ကန႔္သတ္တာမ်ိဳးနဲ႔ ႐ုရွားရဲ႕ပိုင္ဆိုင္မႈေတြကိုအသုံးျပဳၿပီး ယူကရိန္းအတြက္ ေနာက္ထပ္ ေထာက္ပံ့ေပးမႈေတြ လုပ္ေဆာင္ေပးတာမ်ိဳးေတြ ပါဝင္တယ္လို႔ သိရပါတယ္။
ယူကရိန္းမွာရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔နဲ႔ပတ္သက္ ၿပီး လိုခ်င္တဲ့အာမခံခ်က္ေတြကို ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ G7 အဖြဲ႕ရဲ႕ သတိေပးမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။