အမေရိကန်နဲ့ ဥရောပတို့က ရုရှားနဲ့ဆက်ဆံရေးကို ပြန်လည်ထူထောင်သင့်တယ်လို့ နေတိုးအဖွဲ့အကြီးအကဲပြော

 143

Pika (NP News) - မတ် ၁၅

ယူကရိန်းပဋိပက္ခ ပြီးဆုံးသွားပြီဆိုတာနဲ့ ဥရောပနဲ့အမေရိကန်တို့ဟာ ရုရှားနဲ့ဆက်ဆံရေးကို ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်သွားသင့်တယ်လို့ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ မာ့ခ်ရူတီနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကြား တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အဲဒီထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့ပြင် ရုရှားသမ္မတပူတင်က ထောက်ခံထားတဲ့အကြံတစ်ခုဖြစ်တဲ့ ရုရှားနဲ့စီးပွားရေးဆက်ဆံရေးတွေ ပြန်လည် ထူထောင်ဖို့ စိတ်ဝင်စားမှုတွေကို ဒေါ်နယ်ထရမ့်က ပြသခဲ့တယ်လို့လည်း သိရပါတယ်။
မာ့ခ်ရူတီက “ရေရှည်ကြည့်မယ်ဆိုရင် ရုရှားက ဒီနေရာမှာ ဆက်လက်တည်ရှိနေမှာပါ။ ရုရှားက ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ပါဘူး။ စစ်ပွဲသာ ရပ်တန့်သွားခဲ့မယ်ဆိုရင် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားပြီဆိုတာနဲ့ အမေရိကန်နဲ့ ဥရောပတို့ဟာ ရုရှားနဲ့ဆက်ဆံရေးကို ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်အောင် လုပ်ဆောင်သွားသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ယူကရိန်းရဲ့နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ခြေဟာ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စားပွဲဝိုင်းပေါ်မှာရှိ တော့မှာ မဟုတ်ဘူးလို့လည်း မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ ဥေရာပတို႔က ႐ုရွားနဲ႔ဆက္ဆံေရးကို ျပန္လည္ထူေထာင္သင့္တယ္လို႔ ေနတိုးအဖြဲ႕အႀကီးအကဲေျပာ
Pika (NP News) - မတ္ ၁၅

ယူကရိန္းပဋိပကၡ ၿပီးဆုံးသြားၿပီဆိုတာနဲ႔ ဥေရာပနဲ႔အေမရိကန္တို႔ဟာ ႐ုရွားနဲ႔ဆက္ဆံေရးကို ျဖည္းျဖည္းခ်င္း ပုံမွန္ျပန္ျဖစ္ေအာင္ လုပ္ေဆာင္သြားသင့္တယ္လို႔ ေနတိုးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။ အိမ္ျဖဴေတာ္မွာ မာ့ခ္႐ူတီနဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ၾကား ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ အဲဒီထုတ္ျပန္ခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါ့ျပင္ ႐ုရွားသမၼတပူတင္က ေထာက္ခံထားတဲ့အႀကံတစ္ခုျဖစ္တဲ့ ႐ုရွားနဲ႔စီးပြားေရးဆက္ဆံေရးေတြ ျပန္လည္ ထူေထာင္ဖို႔ စိတ္ဝင္စားမႈေတြကို ေဒၚနယ္ထရမ့္က ျပသခဲ့တယ္လို႔လည္း သိရပါတယ္။
မာ့ခ္႐ူတီက “ေရရွည္ၾကည့္မယ္ဆိုရင္ ႐ုရွားက ဒီေနရာမွာ ဆက္လက္တည္ရွိေနမွာပါ။ ႐ုရွားက ဘယ္ကိုမွ ထြက္သြားမွာ မဟုတ္ပါဘူး။ စစ္ပြဲသာ ရပ္တန႔္သြားခဲ့မယ္ဆိုရင္ အရာအားလုံးက ပုံမွန္ျပန္ျဖစ္သြားမွာပါ။ ယူကရိန္းစစ္ပြဲ ၿပီးဆုံးသြားၿပီဆိုတာနဲ႔ အေမရိကန္နဲ႔ ဥေရာပတို႔ဟာ ႐ုရွားနဲ႔ဆက္ဆံေရးကို ျဖည္းျဖည္းခ်င္း ပုံမွန္ ျပန္ျဖစ္ေအာင္ လုပ္ေဆာင္သြားသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ ယူကရိန္းရဲ႕ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာႏိုင္ေျခဟာ လက္ရွိၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ စားပြဲဝိုင္းေပၚမွာရွိ ေတာ့မွာ မဟုတ္ဘူးလို႔လည္း မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။

© 2021. All rights reserved.