စင်ကာပူမှာ အဆောက်အဦဆောက်လုပ်ရာမှ ပင်မရေလိုင်းပျက်စီးပြီး Marine Parade ကို ရေလွှမ်းမိုးမှုဖြစ်စေတဲ့အတွက် ကန်ထရိုက်ကို ဒေါ်လာ ၄၉ သန်း ဒဏ်ရိုက်

 179

ရောင်နီ (NP News) - မတ် ၁၅

စင်ကာပူနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာက လူကူးတံတား တည်ဆောက်ရင်း ရေပင်မလိုင်းကို ထိကာ ရေလွှမ်းမှု ဖြစ်စေခဲ့တဲ့ Pal Link ကန်ထရိုက်ကို မတ်လ ၁၁ ရက် က ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၉ သန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံ၊ Still Road South တစ်လျှောက်၊ လူကူးတံတား ဓာတ်လှေကားတွေ တည်ဆောက်ခြင်းအတွက် တာဝန်ရှိတဲ့ ကန်ထရိုက်တာ Pal-Link ဟာ ရေပင်မအနီးတစ်ဝိုက် ယာယီမြေအောက် မြေထိန်းအဆောက်အဦတွေ တပ်ဆင်ဖို့ ကြိုတင်ခွင့်ပြုချက်မရယူပဲ မြေအောက်တူးဖော်မှုပြုလုပ်ခဲ့ပါတယ်။ တူးဖော်မှုကြောင့် မြေအောက်ရေ ပင်မကို ၁.၈ မီတာ အနက်ကို ထိခိုက်ကာ ပျက်စီးသွားခဲ့ပြီး အချင်း ၃၀၀ မီလီမီတာရှိ ရေပင်မမှ ရေတွေ စီးထွက်လာ ကာ Still Road South နနဲ့ Marine Drive အိမ်ရာရှိ လေးလမ်းသွား နေရာတွေ အားလုံး ရေလွှမ်းသွားခဲ့ပါတယ်။ နိုင်ငံပိုင် ရေထုတ်လုပ်ရေးအေဂျင်စီ PUB က ယိုစိမ့်မှုကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မိနစ် ၃၀ ကျော်ကြာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိလာတယ်လို့ သိရပါတယ်။

ပြုပြင်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့အတွက် လမ်းကို တစ်ရက်ကျော် ပိတ်ထားခဲ့လိုက်ရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် အမှတ် 67 Marine Drive ဓာတ်လှေကားဝင်ပေါက်မှာ ရေကြီးခဲ့ပြီး ဓာတ်လှေကား ပျက်ကျမှုဖြစ်ခဲ့ပါတယ်။ အလားတူ ဘလောက်ရှိ ကုန်စုံစတိုးဆိုင်တစ်ဆိုင်မှာလည်း ရေကြီးရေလျှံမှုကြောင့် နာရီ အနည်းငယ်ကြာ လုပ်ငန်းလည်ပတ်မှု ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် ဆုံးရှုံးမှုတွေအတွက် Pal Link ကန်ထရိုက်ကို ဒေါ်လာ ၄၉ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။

Zawgyi Version:
စင္ကာပူမွာ အေဆာက္အဦေဆာက္လုပ္ရာမွ ပင္မေရလိုင္းပ်က္စီးၿပီး Marine Parade ကို ေရလႊမ္းမိုးမႈျဖစ္ေစတဲ့အတြက္ ကန္ထ႐ိုက္ကို ေဒၚလာ ၄၉ သန္း ဒဏ္႐ိုက္
ေရာင္နီ (NP News) - မတ္ ၁၅

စင္ကာပူႏိုင္ငံမွာ ၂၀၂၄ ေအာက္တိုဘာက လူကူးတံတား တည္ေဆာက္ရင္း ေရပင္မလိုင္းကို ထိကာ ေရလႊမ္းမႈ ျဖစ္ေစခဲ့တဲ့ Pal Link ကန္ထ႐ိုက္ကို မတ္လ ၁၁ ရက္ က ဒဏ္ေငြ စင္ကာပူေဒၚလာ ၄၉ သန္း ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

စင္ကာပူႏိုင္ငံ၊ Still Road South တစ္ေလွ်ာက္၊ လူကူးတံတား ဓာတ္ေလွကားေတြ တည္ေဆာက္ျခင္းအတြက္ တာဝန္ရွိတဲ့ ကန္ထ႐ိုက္တာ Pal-Link ဟာ ေရပင္မအနီးတစ္ဝိုက္ ယာယီေျမေအာက္ ေျမထိန္းအေဆာက္အဦေတြ တပ္ဆင္ဖို႔ ႀကိဳတင္ခြင့္ျပဳခ်က္မရယူပဲ ေျမေအာက္တူးေဖာ္မႈျပဳလုပ္ခဲ့ပါတယ္။ တူးေဖာ္မႈေၾကာင့္ ေျမေအာက္ေရ ပင္မကို ၁.၈ မီတာ အနက္ကို ထိခိုက္ကာ ပ်က္စီးသြားခဲ့ၿပီး အခ်င္း ၃၀၀ မီလီမီတာရွိ ေရပင္မမွ ေရေတြ စီးထြက္လာ ကာ Still Road South နနဲ႔ Marine Drive အိမ္ရာရွိ ေလးလမ္းသြား ေနရာေတြ အားလုံး ေရလႊမ္းသြားခဲ့ပါတယ္။ ႏိုင္ငံပိုင္ ေရထုတ္လုပ္ေရးေအဂ်င္စီ PUB က ယိုစိမ့္မႈကို ျပင္ဆင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မိနစ္ ၃၀ ေက်ာ္ၾကာ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ရွိလာတယ္လို႔ သိရပါတယ္။

ျပဳျပင္ေရးလုပ္ငန္းေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ လမ္းကို တစ္ရက္ေက်ာ္ ပိတ္ထားခဲ့လိုက္ရပါတယ္။ အဆိုပါျဖစ္စဥ္ေၾကာင့္ အမွတ္ 67 Marine Drive ဓာတ္ေလွကားဝင္ေပါက္မွာ ေရႀကီးခဲ့ၿပီး ဓာတ္ေလွကား ပ်က္က်မႈျဖစ္ခဲ့ပါတယ္။ အလားတူ ဘေလာက္ရွိ ကုန္စုံစတိုးဆိုင္တစ္ဆိုင္မွာလည္း ေရႀကီးေရလွ်ံမႈေၾကာင့္ နာရီ အနည္းငယ္ၾကာ လုပ္ငန္းလည္ပတ္မႈ ျပတ္ေတာက္ခဲ့တယ္လို႔ သိရပါတယ္။ ေရႀကီးမႈေၾကာင့္ ဆုံးရႈံးမႈေတြအတြက္ Pal Link ကန္ထ႐ိုက္ကို ေဒၚလာ ၄၉ သန္း ဒဏ္႐ိုက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.