ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

 821

ဂျန်ဇက် (NP News) - မတ် ၁၅

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဆီးထားသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို မတ်လ(၁၄) ရက်တွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ် ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အသက်(၇၉)နှစ်အရွယ်ရှိ ဒူတာတေးသည် ဖိလစ်ပိုင်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါးစစ်ပွဲ လုပ်ဆောင်ခဲ့ရာ လူအများ သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး မတ်လ(၁၁)ရက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သည် ဒူတာတေးကို ကိုယ်ပိုင်လေယာဉ်ဖြင့်ခေါ်ဆောင်ကာ ဖမ်းဆီးချုပ် နှောင်ခဲ့ပြီး မတ်လ(၁၄) ရက်တွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများက ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်ရောင်းဝယ်သူများကို ပစ်မှတ်ထားဖြိုခွင်းသည့်မူးယစ်ဆေးဝါးစစ်ပွဲ အတွင်း လူပေါင်းထောင်ချီသေဆုံးခဲ့ သည်ဟုစွပ်စွဲကာ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
(ICC) က “ဒူတာတေးရဲ့အမှုအတွက် ပထမဆုံး ရုံးချိန်ကို မတ်လ(၁၄)ရက်မှာ စတင်ခဲ့တယ်။ ဒူတာတေးဟာ တရားခံအခွင့်အရေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။ ဒူတာတေးက ၎င်းအနေဖြင့် မူးယစ်ဆေးဝါး စစ်ပွဲနှင့် ပတ်သက်ပြီး ဖြစ်ခဲ့သောအရာအားလုံးအတွက် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ဒူတာတေးက ‘‘ကျွန်တော်ဟာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို òန်ကြားခဲ့တယ်။ ကျွန်တော်ဟာ ဖိလစ်ပိုင်သမ္မတ၊ ခေါင်းဆောင်ဖြစ်တဲ့အတွက် နိုင်ငံအတွင်း မူးယစ်ဆေးဝါး ကင်းစင်အောင်လုပ်ရမှာက ကျွန်တော့်အလုပ်ဖြစ်တယ်။ ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး တာဝန်ယူခြင်းတာဝန်ခံခြင်းရှိမှာပါ” ဟု ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာမိသားစုနှင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မိသားစုကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ဒူတာတေး ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဒူတာတေး၏ သမီးဖြစ်သူ သည် ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတတစ်ဦးဖြစ်ပြီး သမ္မတဖာဒီနန်မားကို့စ်နှင့် ပြီးခဲ့သောလများအတွင်း အငြင်းပွားမှု များဖြစ်လာခဲ့ရာ ဖိလစ်ပိုင်အစိုးရအဖွဲ့သည် ဒူတာတေးကို ဖမ်းဆီးရန် ခွင့်ပြုခဲ့သည်ဟုသိရသည်။ မူးယစ်ဆေးဝါး စစ်ပွဲနှင့်ဆက်နွယ်ပြီး ဒူတာတေးကို ဖမ်းဆီးစစ်ဆေးရန် (ICC) သည် ယခင်က ကြိုးပမ်းခဲ့သော်လည်း ဖိလစ်ပိုင် အစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သူ ဆာရာဒူတာတေးသည် ဖခင်ဖြစ်သူ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး (ICC)ရုံး စိုက်ရာမြို့ဖြစ်သော နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကိုရောက်ရှိနေကြောင်း သိရသည်။ ဆာရာဒူတာတေးက “ကျွန်မရဲ့ဖခင်ဖမ်းဆီးခံရတာဟာ ညှဉ်းပန်းခံရခြင်းနဲ့ ခွဲခြားဖိနှိပ်ခံရတာမျိုးဖြစ်တယ်” ဟု ပြောသည်။ မူးယစ်ဆေးဝါးစစ်ပွဲအတွင်း သေဆုံးခဲ့သူများ၏မိသားစုဝင်များက ဒူတာတေးသည် နောက်ဆုံးတွင် စွပ်စွဲခံရမှုများ အတွက် တရားမျှတမှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောသည်။ မူးယစ် ဆေးဝါးစစ်ပွဲအတွင်း ဖမ်းဆီးခံရသူများ ဘက်မှ လိုက်ပါသည့် ရှေ့နေဖြစ်သူ ဂီလ်ဘတ်အန်ဒရက်စ်က ‘‘ဒူတာတေးဖမ်းဆီးခံရခြင်းဟာ နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တရားမျှတမှုတွေ ရရှိဖို့အဓိကအရေးပါမှုဖြစ်ခဲ့တယ်။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိဘူး ဆိုတာ ပြသနိုင်တော့မယ်” ဟု ပြောသည်။
ဒူတာတေးကို ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒူတာတေးကို အားပေးထောက်ခံသူများက ကန့်ကွက်ဆန္ဒပြခဲ့ ကြောင်း သိရသည်။ ထို့ပြင် မူးယစ်ဆေးဝါးစစ်ပွဲအတွင်း သေဆုံးခဲ့သူများ၏မိသားစုဝင်များ၊ ရှေ့နေများနှင့် လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူများကလည်း မတ်လ(၁၄)ရက်က မနီလာမြို့တွင် ဒူတာတေး၏အမှုကြားနာမှုကို livestream ကြည့်ခဲ့ကြောင်း သိရသည်။
(ICC) တရားရုံးသည် လက်ရှိအချိန်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၊ ရုရှားသမ္မတပူတင်တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။ တရားရုံးသည် မတ်လ(၁၄)ရက်တွင် ပထမဆုံးရုံးချိန် အတွင်း ဒူတာတေးကို စစ်ဆေးမေးမြန်းခဲ့ပြီး စွဲချက် တင်ရန် သင့်/မသင့်ဆိုသောအချက်ကို လာမည့်ရုံးချိန်းများအတွင်း ဆုံးဖြတ်မည်ဖြစ်သည်။ (ICC)တရားရုံးသည် ဒူတာတေးအပေါ် စွဲဆိုထားသည့် စွပ်စွဲချက်များကို လက်ခံစစ်ဆေး ရန် ဆုံးဖြတ်ခဲ့ပါက အမှုကို နှစ်နှင့်ချီပြီး စစ်ဆေးရမည်ဖြစ်သည်။
(ICC) တရားရုံးမှရှေ့နေဖြစ်သူ ကာရင်ခန်းက ဒူတာတေးကို ဖမ်းဆီးစစ်ဆေးနိုင်ခြင်းသည် နိုင်ငံတကာနှင့် မူးယစ်ဆေးဝါးစစ်ပွဲအတွင်း သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုပြန်လည်ရရှိစေရန် အဓိက ခြေလှမ်းဖြစ်လာစေခဲ့ကြောင်း ပြောသည်။

Zawgyi Version:
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးကို ICC က ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆး
ဂ်န္ဇက္ (NP News) - မတ္ ၁၅

ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) က ဖမ္းဆီးထားသည့္ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးကို မတ္လ(၁၄) ရက္တြင္ ပထမဆုံးအႀကိမ္႐ုံးထုတ္စစ္ ေဆးခဲ့ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။ အသက္(၇၉)ႏွစ္အ႐ြယ္ရွိ ဒူတာေတးသည္ ဖိလစ္ပိုင္သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း မူးယစ္ေဆးဝါးစစ္ပြဲ လုပ္ေဆာင္ခဲ့ရာ လူအမ်ား ေသဆုံးခဲ့မႈႏွင့္ပတ္သက္ၿပီး မတ္လ(၁၁)ရက္က ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) သည္ ဒူတာေတးကို ကိုယ္ပိုင္ေလယာဥ္ျဖင့္ေခၚေဆာင္ကာ ဖမ္းဆီးခ်ဳပ္ ေႏွာင္ခဲ့ၿပီး မတ္လ(၁၄) ရက္တြင္ ႐ုံးထုတ္ခဲ့ျခင္းျဖစ္သည္။ လူ႔အခြင့္အေရးအဖြဲ႕အစည္းမ်ားက ဖိလစ္ပိုင္ႏိုင္ငံတြင္ ျပဳလုပ္ခဲ့ေသာ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားႏွင့္ေရာင္းဝယ္သူမ်ားကို ပစ္မွတ္ထားၿဖိဳခြင္းသည့္မူးယစ္ေဆးဝါးစစ္ပြဲ အတြင္း လူေပါင္းေထာင္ခ်ီေသဆုံးခဲ့ သည္ဟုစြပ္စြဲကာ တိုင္ၾကားမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
(ICC) က “ဒူတာေတးရဲ႕အမႈအတြက္ ပထမဆုံး ႐ုံးခ်ိန္ကို မတ္လ(၁၄)ရက္မွာ စတင္ခဲ့တယ္။ ဒူတာေတးဟာ တရားခံအခြင့္အေရးရမွာျဖစ္ပါတယ္” ဟု ေျပာသည္။ ဒူတာေတးက ၎အေနျဖင့္ မူးယစ္ေဆးဝါး စစ္ပြဲႏွင့္ ပတ္သက္ၿပီး ျဖစ္ခဲ့ေသာအရာအားလုံးအတြက္ တာဝန္ယူျခင္း၊ တာဝန္ခံျခင္းမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။
ဒူတာေတးက ‘‘ကြၽန္ေတာ္ဟာ ရဲတပ္ဖြဲ႕နဲ႔ စစ္တပ္ကို òန္ၾကားခဲ့တယ္။ ကြၽန္ေတာ္ဟာ ဖိလစ္ပိုင္သမၼတ၊ ေခါင္းေဆာင္ျဖစ္တဲ့အတြက္ ႏိုင္ငံအတြင္း မူးယစ္ေဆးဝါး ကင္းစင္ေအာင္လုပ္ရမွာက ကြၽန္ေတာ့္အလုပ္ျဖစ္တယ္။ ကြၽန္ေတာ့္အလုပ္နဲ႔ပတ္သက္ၿပီး တာဝန္ယူျခင္းတာဝန္ခံျခင္းရွိမွာပါ” ဟု ေျပာသည္။
ဖိလစ္ပိုင္ႏိုင္ငံတြင္ လက္ရွိသမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာမိသားစုႏွင့္ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတး မိသားစုၾကား အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဒူတာေတး ဖမ္းဆီးခံရျခင္းျဖစ္သည္။ ဒူတာေတး၏ သမီးျဖစ္သူ သည္ ဖိလစ္ပိုင္ႏိုင္ငံ ဒုတိယသမၼတတစ္ဦးျဖစ္ၿပီး သမၼတဖာဒီနန္မားကို႔စ္ႏွင့္ ၿပီးခဲ့ေသာလမ်ားအတြင္း အျငင္းပြားမႈ မ်ားျဖစ္လာခဲ့ရာ ဖိလစ္ပိုင္အစိုးရအဖြဲ႕သည္ ဒူတာေတးကို ဖမ္းဆီးရန္ ခြင့္ျပဳခဲ့သည္ဟုသိရသည္။ မူးယစ္ေဆးဝါး စစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး ဒူတာေတးကို ဖမ္းဆီးစစ္ေဆးရန္ (ICC) သည္ ယခင္က ႀကိဳးပမ္းခဲ့ေသာ္လည္း ဖိလစ္ပိုင္ အစိုးရအဖြဲ႕က ပူးေပါင္းေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ ဖမ္းဆီးႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။
ဖိလစ္ပိုင္ ဒုတိယသမၼတျဖစ္သူ ဆာရာဒူတာေတးသည္ ဖခင္ျဖစ္သူ ဖမ္းဆီးခံရျခင္းႏွင့္ပတ္သက္ၿပီး (ICC)႐ုံး စိုက္ရာၿမိဳ႕ျဖစ္ေသာ နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ကိုေရာက္ရွိေနေၾကာင္း သိရသည္။ ဆာရာဒူတာေတးက “ကြၽန္မရဲ႕ဖခင္ဖမ္းဆီးခံရတာဟာ ညႇဥ္းပန္းခံရျခင္းနဲ႔ ခြဲျခားဖိႏွိပ္ခံရတာမ်ိဳးျဖစ္တယ္” ဟု ေျပာသည္။ မူးယစ္ေဆးဝါးစစ္ပြဲအတြင္း ေသဆုံးခဲ့သူမ်ား၏မိသားစုဝင္မ်ားက ဒူတာေတးသည္ ေနာက္ဆုံးတြင္ စြပ္စြဲခံရမႈမ်ား အတြက္ တရားမွ်တမႈမ်ားကို ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း ေျပာသည္။ မူးယစ္ ေဆးဝါးစစ္ပြဲအတြင္း ဖမ္းဆီးခံရသူမ်ား ဘက္မွ လိုက္ပါသည့္ ေရွ႕ေနျဖစ္သူ ဂီလ္ဘတ္အန္ဒရက္စ္က ‘‘ဒူတာေတးဖမ္းဆီးခံရျခင္းဟာ ႏိုင္ငံတကာ ရာဇဝတ္မႈမ်ားအတြက္ တရားမွ်တမႈေတြ ရရွိဖို႔အဓိကအေရးပါမႈျဖစ္ခဲ့တယ္။ ဘယ္သူမွ ဥပေဒရဲ႕အထက္မွာ မရွိဘူး ဆိုတာ ျပသႏိုင္ေတာ့မယ္” ဟု ေျပာသည္။
ဒူတာေတးကို ဖမ္းဆီးခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ဒူတာေတးကို အားေပးေထာက္ခံသူမ်ားက ကန႔္ကြက္ဆႏၵျပခဲ့ ေၾကာင္း သိရသည္။ ထို႔ျပင္ မူးယစ္ေဆးဝါးစစ္ပြဲအတြင္း ေသဆုံးခဲ့သူမ်ား၏မိသားစုဝင္မ်ား၊ ေရွ႕ေနမ်ားႏွင့္ လူ႔အခြင့္ အေရးတက္ႂကြလႈပ္ရွားသူမ်ားကလည္း မတ္လ(၁၄)ရက္က မနီလာၿမိဳ႕တြင္ ဒူတာေတး၏အမႈၾကားနာမႈကို livestream ၾကည့္ခဲ့ေၾကာင္း သိရသည္။
(ICC) တရား႐ုံးသည္ လက္ရွိအခ်ိန္တြင္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု၊ ႐ုရွားသမၼတပူတင္တို႔ကိုလည္း ဖမ္းဝရမ္းထုတ္ထားေၾကာင္း သိရသည္။ တရား႐ုံးသည္ မတ္လ(၁၄)ရက္တြင္ ပထမဆုံး႐ုံးခ်ိန္ အတြင္း ဒူတာေတးကို စစ္ေဆးေမးျမန္းခဲ့ၿပီး စြဲခ်က္ တင္ရန္ သင့္/မသင့္ဆိုေသာအခ်က္ကို လာမည့္႐ုံးခ်ိန္းမ်ားအတြင္း ဆုံးျဖတ္မည္ျဖစ္သည္။ (ICC)တရား႐ုံးသည္ ဒူတာေတးအေပၚ စြဲဆိုထားသည့္ စြပ္စြဲခ်က္မ်ားကို လက္ခံစစ္ေဆး ရန္ ဆုံးျဖတ္ခဲ့ပါက အမႈကို ႏွစ္ႏွင့္ခ်ီၿပီး စစ္ေဆးရမည္ျဖစ္သည္။
(ICC) တရား႐ုံးမွေရွ႕ေနျဖစ္သူ ကာရင္ခန္းက ဒူတာေတးကို ဖမ္းဆီးစစ္ေဆးႏိုင္ျခင္းသည္ ႏိုင္ငံတကာႏွင့္ မူးယစ္ေဆးဝါးစစ္ပြဲအတြင္း ေသဆုံးခဲ့ရသူမ်ားအတြက္ တရားမွ်တမႈျပန္လည္ရရွိေစရန္ အဓိက ေျခလွမ္းျဖစ္လာေစခဲ့ေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.