ဒူတာတေးကို ထောက်ခံသူများ ဖိလစ်ပိုင်နိုင်ငံအတွင်း ကန့်ကွက်ဆန္ဒပြနေ

 437

ဂျန်ဇက် (NP News) - မတ် ၁၅

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးထိန်းသိမ်းကာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တရားရုံးကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံမှာအငြင်းပွားမှုတွေပိုမိုဖြစ်ပွားလာခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံတဝှမ်းရှိမြို့တွေမှာ ဒူတာတေးကို အားပေးထောက်ခံသူတွေက ဒူတာတေး ဖမ်းဆီးခံရမှုအပေါ် ကန့်ကွက်ဆန္ဒပြကြနေပြီး မတ်လ ၁၄ ရက်ကလည်း ဒါဗာအိုပြည်နယ်အတွင်းရှိ ဒူတာတေးရဲ့ နေအိမ်မှာ ဆုတောင်းပွဲတွေ လုပ်ဆောင်ပေးခဲ့သလို ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမြို့ရဲ့တရားရုံးချုပ် အပြင်ဘက် မှာလည်း ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ဒူတာတေး ပြန်လည်လွတ်မြောက်ရေးအတွက် ဖယောင်းတိုင်ထွန်းကာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ်လ ၁၃ ရက်ကလည်း San Fernando မြို့မှာ ဒူတာတေးကို အားပေးထောက်ခံသူ ၁၀၀ ကျော်ဟာ ဆုတောင်းပွဲတွေလုပ်ဆာင်ခဲ့ပြီး ဒူတာတေးရုပ်ပုံများ ကိုင်ဆောင်ကာ အားပေးထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ ပါတယ်။ သမ္မတဟောင်း ဒူတာတေးဟာ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်းပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးစစ်ပွဲမှာ လူပေါင်းထောင်ချီသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခံရကာ မတ်လ ၁၄ ရက်က သည်ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ ရုံးတင်စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးကလည်း ဖိလစ်ပိုင်ပြည်သူတွေကို စုစည်းညီညွတ်စွာရပ်တည်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒူတာတေးရဲ့ရှေ့နေအဖွဲ့ဟာ ဒူတာတေးကို ယာယီပြန်လွှတ်ပေးဖို့ ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မတ်လ ၁၄ ရက်က နိုင်ငံတကာရာဇဝတ်တရားရုံးမှာ စစ်ဆေးမှုစတင်ခင် ဒူတာတေးရဲ့ရှေ့နေဖြစ်သူက ဒူတာတေး ဟာ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အသက် ၇၉ နှစ်အရွယ်ရှိ ဒူတာတေးဟာ မတ်လ ၁၁ ရက်မှာ ဖမ်းဆီးခံရပြီးနောက် အမှုကို စုံစမ်းစစ်ဆေးဖို့ မတ်လ ၁၄ ရက်က နိုင်ငံတကာရာဇဝတ်တရားရုံးမှာ ပထမဆုံး ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သလို ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးက စုံစမ်းစစ်ဆေးမှုတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံးတရားသူကြီးက ဒူတာတေးဟာ စိတ်ပိုင်းဆိုင်ရာကောင်းမွန်သလို ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောပါတယ်။

Zawgyi Version:
ဒူတာေတးကို ေထာက္ခံသူမ်ား ဖိလစ္ပိုင္ႏိုင္ငံအတြင္း ကန႔္ကြက္ဆႏၵျပေန
ဂ်န္ဇက္ (NP News) - မတ္ ၁၅

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးကို ဖမ္းဆီးထိန္းသိမ္းကာ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕တရား႐ုံးကို လႊဲေျပာင္းေပးအပ္ခဲ့ျခင္းနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံမွာအျငင္းပြားမႈေတြပိုမိုျဖစ္ပြားလာခဲ့တယ္လို႔သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဖိလစ္ပိုင္ႏိုင္ငံတဝွမ္းရွိၿမိဳ႕ေတြမွာ ဒူတာေတးကို အားေပးေထာက္ခံသူေတြက ဒူတာေတး ဖမ္းဆီးခံရမႈအေပၚ ကန႔္ကြက္ဆႏၵျပၾကေနၿပီး မတ္လ ၁၄ ရက္ကလည္း ဒါဗာအိုျပည္နယ္အတြင္းရွိ ဒူတာေတးရဲ႕ ေနအိမ္မွာ ဆုေတာင္းပြဲေတြ လုပ္ေဆာင္ေပးခဲ့သလို ဖိလစ္ပိုင္ႏိုင္ငံ ၿမိဳ႕ေတာ္မနီလာၿမိဳ႕ရဲ႕တရား႐ုံးခ်ဳပ္ အျပင္ဘက္ မွာလည္း ဆႏၵျပခဲ့ေၾကာင္း သိရပါတယ္။ ဒူတာေတး ျပန္လည္လြတ္ေျမာက္ေရးအတြက္ ဖေယာင္းတိုင္ထြန္းကာ ဆႏၵျပခဲ့တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ မတ္လ ၁၃ ရက္ကလည္း San Fernando ၿမိဳ႕မွာ ဒူတာေတးကို အားေပးေထာက္ခံသူ ၁၀၀ ေက်ာ္ဟာ ဆုေတာင္းပြဲေတြလုပ္ဆာင္ခဲ့ၿပီး ဒူတာေတး႐ုပ္ပုံမ်ား ကိုင္ေဆာင္ကာ အားေပးေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ ပါတယ္။ သမၼတေဟာင္း ဒူတာေတးဟာ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္းျပဳလုပ္ခဲ့တဲ့ မူးယစ္ေဆးဝါးစစ္ပြဲမွာ လူေပါင္းေထာင္ခ်ီေသဆုံးခဲ့မႈနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဖမ္းဆီးခံရကာ မတ္လ ၁၄ ရက္က သည္ဟိတ္ၿမိဳ႕ရွိ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွာ ႐ုံးတင္စစ္ေဆးခံေနရတယ္လို႔ သိရပါတယ္။ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးရဲ႕သမီးျဖစ္သူ ဆာရာဒူတာေတးကလည္း ဖိလစ္ပိုင္ျပည္သူေတြကို စုစည္းညီၫြတ္စြာရပ္တည္ဖို႔ တိုက္တြန္းေတာင္းဆိုထားပါတယ္။
ဒူတာေတးရဲ႕ေရွ႕ေနအဖြဲ႕ဟာ ဒူတာေတးကို ယာယီျပန္လႊတ္ေပးဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။
မတ္လ ၁၄ ရက္က ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွာ စစ္ေဆးမႈစတင္ခင္ ဒူတာေတးရဲ႕ေရွ႕ေနျဖစ္သူက ဒူတာေတး ဟာ ျပန္ေပးဆြဲခံရျခင္းျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။
အသက္ ၇၉ ႏွစ္အ႐ြယ္ရွိ ဒူတာေတးဟာ မတ္လ ၁၁ ရက္မွာ ဖမ္းဆီးခံရၿပီးေနာက္ အမႈကို စုံစမ္းစစ္ေဆးဖို႔ မတ္လ ၁၄ ရက္က ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွာ ပထမဆုံး ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။
ဖိလစ္ပိုင္ ဒုတိယသမၼတျဖစ္သလို ဒူတာေတးရဲ႕သမီးျဖစ္သူ ဆာရာဒူတာေတးက စုံစမ္းစစ္ေဆးမႈေတြကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
ႏိုင္ငံတကာရာဇဝတ္တရား႐ုံးတရားသူႀကီးက ဒူတာေတးဟာ စိတ္ပိုင္းဆိုင္ရာေကာင္းမြန္သလို က်န္းမာေရး ေကာင္းမြန္တယ္လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.