ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံး အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံထားရသူကို သုတ်သင်နိုင်ခဲ့ဟုဆို

 179

ဂျန်ဇက် (NP News) - မတ် ၁၅

အီရတ်ဝန်ကြီးချုပ်က ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးအကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံထားရသူကို သုတ်သင် နိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရတ်ထောက်လှမ်းရေးအဖွဲ့ဝင်များ နဲ့ အမေရိကန်တပ်ဖွဲ့များ ပူးပေါင်းပြီးစစ်ဆင်ရေးလုပ်ဆောင်ချိန်ကာလအတွင်း ဆီးရီးယားနဲ့ အီရတ်မှာ အခြေကျလှုပ်ရှားနေတဲ့ (IS) အဖွဲ့ခေါင်းဆောင်ဖြစ်သူ Abu Khadija ကို သုတ်သင်နိုင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတကလည်း ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်များဟာ ရန်သူကို မဆုတ်မနစ် လိုက်လံဖျက်ဆီးသုတ်သင်ခဲ့တယ် လို့ ပြောပါတယ်။ ၎င်းဟာ(IS) အဖွဲ့ရဲ့အကြီးတန်းဆုံးဖြတ်ချက်ချသူအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ၎င်းဟာ ကမ္ဘာတဝှမ်းရှိ (IS) အဖွဲ့ရဲ့လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက် ညွှန်ကြားနေသူဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရတ် ပူးပေါင်းအဖွဲ့တွေဟာ အီရတ်နိုင်ငံအနောက်ပိုင်း Al Anbar ဒေသမှာ မတ်လ ၁၃ ရက်က ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ချိန်အတွင်း ၎င်းကို သုတ်သင်နိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် Central Command အဖွဲ့က သုတ်သင်ခံလိုက်ရသူဟာ ကမ္ဘာတဝှမ်းရှိ (IS) အဖွဲ့တွေရဲ့ဘဏ္ဍာရေး လုပ်ငန်းကို စီစဉ်ညွှန်ကြားနေသူဖြစ်တယ်လို့ ဆိုပါတယ်။ Central Command အဖွဲ့က " အကြမ်းဖက်သမား နှစ်ဦးကို မပေါက်ကွဲသေးတဲ့ အသေခံအင်္ကျီ နဲ့ လက်နက်အများအပြားတွေနဲ့အတူ တွေ့မြင်ခဲ့တယ်။ အီရတ် တပ်ဖွဲ့ဝင်တွေဟာ သေဆုံးသူရဲ့ DNA ကို စစ်ဆေးခဲ့တယ်" လို့ ပြောပါတယ်။
အမေရိကန်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Michael Erik Kurilla ကလည်း "Abu Khadija ဟာ (IS) အဖွဲ့ရဲ့အဖွဲ့ဝင်တွေ ထဲမှာအဓိကအရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေကို ဆက်လက်သုတ်သင် မယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကိုခြိမ်းခြောက်နေတဲ့အကြမ်းဖက်သမားတွေကို သုတ်သင်မယ်" လို့ ပြောပါတယ်။

Zawgyi Version:
ဂျန်ဇက် (NP News) - မတ် ၁၅



Related news

© 2021. All rights reserved.