အမည်ပျက်စာရင်းသွင်းခံထားရသည့် ဆရာဝန်(၁၀ဝဝ)ကျော် ဖြေလျှော့ခွင့်လျှောက်ထား

 6218

သန့်ဇင် (NP News) - မတ် ၁၇

(၂၀၂၁) နိုင်ငံရေးအခင်းအကျင်းတွင် အမည်ပျက်စာရင်းအသွင်းခံထားရသည့် ဆရာဝန် (၁၀ဝဝ) ကျော် ဖြေလျှော့ ခွင့်လျှောက်ထားကြောင်း ဆရာဝန်အသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။ လက်ရှိ အမည်ပျက်စာရင်း အသွင်းခံရသည့် ဆရာဝန်များသည် ဌာနစွန့်ခွာသူများဖြစ်ပြီး ပြည်ပထွက်ခွာခွင့်၊ ဆေးခန်းဖွင့်ခွင့်နှင့် ဆေးဝါး ကုသခွင့် လက်မှတ်အသိမ်းခံရခြင်းဖြင့် အရေးယူခံရထားရသူများသာဖြစ်ကြောင်း ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိရှိသူဆရာဝန်တစ်ဦးက ဆိုသည်။

“လွယ်လွယ်နဲ့တော့ ဖြည်ပေးနေတာမဟုတ်ဘူး။ Blacklist ဖြည်ဖို့စောင့်နေတဲ့ ဆရာဝန်က (၁၀ဝဝ) ကျော် လောက် ရှိတယ်။ ကျွန်တော်သိသလောက်တော့ (၁၁၂၀)က ဖြည်ဖို့စောင့်နေတဲ့ ဆရာဝန်။ အကုန်လုံးကလည်း ဖြည်ပေးမယ်လို့ တင်ထားတာပဲရှိသေးတာ။ တရားဝင်ဖြည်ပေးတာတော့ မဟုတ်သေးဘူး။ စရဖ တို့ကလည်း လိုက်ဦးမယ်ထင်တာပဲ” ဟု ၎င်းက ဆိုသည်။
ပြန်လည်ဖြေလျှော့ပေးရာတွင် ပုဒ်မ(၅၀၅) နှင့် မငြိစွန်းသူများဖြစ်ရန်လိုအပ်ပြီး လက်မှတ်ရေးထိုးခဲ့သော ကတိဝန်ခံချက် စာချုပ်ပါသဘောတူညီချက်အတိုင်းလျော်ကြေးငွေ နှင့် အခွန်များကိုလည်း ပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။

“ဥပမာ(၅၀၅)မိထားတဲ့လူတွေကတော့ ဖြေလျှော့လို့မရဘူးပေါ့ဗျာ။ ဒါကတော့ ပုဒ်မ တပ်ထားခံ ရတဲ့လူတွေဖြစ်တဲ့ အတွက် ဒီဟာကိုရင်ဆိုင်ပြီးမှ ဒီဟာကအမှုချမှာလား။ ဒါကြီးကို (၅၀၅) ပယ်ဖျက်မှာလား။ ပြီးတော့မှ တစ်ဆင့် ခံပြီးမှ ဖြည်ရမယ်။ အဲဒီလို မဟုတ်ဘူး။ သေချာဆေးကုချင်တယ်။ အပြင်မှာ အေးဆေးနေချင်တယ်ဆိုရင်တော့ ဖြည်မှပဲ ဆမ ပြန်ပေးမှာ။ မဖြည်ရင် အဲဒီလိုပဲ ခိုးကြောင်ခိုးဝှက်ပဲနေရမှာ” ဟု ၎င်းက ဆက်လက်ပြောသည်။

အမည်ပျက်စာရင်း (Blacklist) မှ ပယ်ဖျက်ခွင့် ရရှိပါကလည်း ဆေးကုသခွင့်လက်မှတ်(ဆမ)ပြန် လည် လျှောက်ရ မည်ဖြစ်ပြီး ဆမပြန်လည်ရရှိရန် စာမေးပွဲပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ “စာမေးပွဲဆိုတာက ဆေးမကုတာ (၃)(၄)နှစ်ရှိပြီဆိုတော့ ဆေးဝါးကုသခွင့်တွေနဲ့ အကျွမ်းတဝင်ရှိသေးရဲ့လားဆိုတဲ့ စာမေးပွဲတစ်ခု စစ်မယ်ပြောတယ်။ မြန်မာနိုင်ငံ ဆေးကောင်စီက။ အဲဒီဟာအောင်မြင်မှ ဆမပြန်ရမှာဆိုတော့ အဲဒီအဆင့်တွေပါ ခံထားတဲ့အတွက် ကျွန်တော့်အမြင်ကတော့ ဖြည်သင့်တဲ့ဘက်မှာရှိ တယ်” ဟု ၎င်းကဆက်ပြောသည်။
အမည်ပျက်စာရင်း (Blacklist) ဖြေလျှော့ခွင့် လျှောက်ရာတွင် တာဝန်ကျခဲ့သည့်ကျန်းမာရေးဌာနမှ ဘုတ်အဖွဲ့မှမေးမြန်းသည့် မေးခွန်းပေါင်း(၂၀)ကျော် ထွက်ဆိုရန်လိုအပ်ပြီး ဝန်ခံကတိလက်မှတ်ထိုးကာ ကျန်းမာရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
“Blacklist ဖြည်ဖို့ကိုလည်း တွေ့ကရာနေရာကနေ စာလှမ်းတင်လို့မရဘူး။ သူတို့ကိုယ်တိုင်လာ တွေ့ရတာ။ တွေ့မှဖြည်လို့ရတာ။ နောက်ဆုံး တာ ဝန်ကျခဲ့တဲ့ မြို့နယ်မှာ အဲဒီဆေးရုံတွေ မဖွင့်တော့ ဘူး ဆိုရင် မြို့နယ်ကနေ တိုင်းပေါ့နော်။ မြို့နယ်ကအဆင် မပြေဘူးဆိုရင် ခရိုင်ပေါ့နော်။ ခရိုင်မှာ လတ်တလော ပိတ်ထား တယ်ဆိုရင် တိုင်းမှာလာစစ်ပေါ့နော်။ သတင်းပို့။ ပို့ပြီးတော့ ရှေ့မှာအစစ်ခံရသေးတယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ လုပ်ခဲ့တာလဲ။ အကုန်လုံး မေးခွန်းပေါင်း (၂၂) ခုမေးပြီးတော့ ဘာတစ်ခုနဲ့မှ မငြိမှ အပေါ်ကို Blacklist ဖြည်ဖို့ တင်ပေးတာ။ လွယ်လွယ်နဲ့တော့ ဖြည်ပေးနေတာ မဟုတ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
အမည္ပ်က္စာရင္းသြင္းခံထားရသည့္ ဆရာဝန္(၁၀ဝဝ)ေက်ာ္ ေျဖေလွ်ာ့ခြင့္ေလွ်ာက္ထား
သန႔္ဇင္ (NP News) - မတ္ ၁၇

(၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္းတြင္ အမည္ပ်က္စာရင္းအသြင္းခံထားရသည့္ ဆရာဝန္ (၁၀ဝဝ) ေက်ာ္ ေျဖေလွ်ာ့ ခြင့္ေလွ်ာက္ထားေၾကာင္း ဆရာဝန္အသိုင္းအဝိုင္းႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။ လက္ရွိ အမည္ပ်က္စာရင္း အသြင္းခံရသည့္ ဆရာဝန္မ်ားသည္ ဌာနစြန႔္ခြာသူမ်ားျဖစ္ၿပီး ျပည္ပထြက္ခြာခြင့္၊ ေဆးခန္းဖြင့္ခြင့္ႏွင့္ ေဆးဝါး ကုသခြင့္ လက္မွတ္အသိမ္းခံရျခင္းျဖင့္ အေရးယူခံရထားရသူမ်ားသာျဖစ္ေၾကာင္း ယင္းလုပ္ငန္းစဥ္ႏွင့္ပတ္သက္၍ သိရွိသူဆရာဝန္တစ္ဦးက ဆိုသည္။

“လြယ္လြယ္နဲ႔ေတာ့ ျဖည္ေပးေနတာမဟုတ္ဘူး။ Blacklist ျဖည္ဖို႔ေစာင့္ေနတဲ့ ဆရာဝန္က (၁၀ဝဝ) ေက်ာ္ ေလာက္ ရွိတယ္။ ကြၽန္ေတာ္သိသေလာက္ေတာ့ (၁၁၂၀)က ျဖည္ဖို႔ေစာင့္ေနတဲ့ ဆရာဝန္။ အကုန္လုံးကလည္း ျဖည္ေပးမယ္လို႔ တင္ထားတာပဲရွိေသးတာ။ တရားဝင္ျဖည္ေပးတာေတာ့ မဟုတ္ေသးဘူး။ စရဖ တို႔ကလည္း လိုက္ဦးမယ္ထင္တာပဲ” ဟု ၎က ဆိုသည္။
ျပန္လည္ေျဖေလွ်ာ့ေပးရာတြင္ ပုဒ္မ(၅၀၅) ႏွင့္ မၿငိစြန္းသူမ်ားျဖစ္ရန္လိုအပ္ၿပီး လက္မွတ္ေရးထိုးခဲ့ေသာ ကတိဝန္ခံခ်က္ စာခ်ဳပ္ပါသေဘာတူညီခ်က္အတိုင္းေလ်ာ္ေၾကးေငြ ႏွင့္ အခြန္မ်ားကိုလည္း ေပးေဆာင္ရမည္ျဖစ္ ေၾကာင္း သိရသည္။

“ဥပမာ(၅၀၅)မိထားတဲ့လူေတြကေတာ့ ေျဖေလွ်ာ့လို႔မရဘူးေပါ့ဗ်ာ။ ဒါကေတာ့ ပုဒ္မ တပ္ထားခံ ရတဲ့လူေတြျဖစ္တဲ့ အတြက္ ဒီဟာကိုရင္ဆိုင္ၿပီးမွ ဒီဟာကအမႈခ်မွာလား။ ဒါႀကီးကို (၅၀၅) ပယ္ဖ်က္မွာလား။ ၿပီးေတာ့မွ တစ္ဆင့္ ခံၿပီးမွ ျဖည္ရမယ္။ အဲဒီလို မဟုတ္ဘူး။ ေသခ်ာေဆးကုခ်င္တယ္။ အျပင္မွာ ေအးေဆးေနခ်င္တယ္ဆိုရင္ေတာ့ ျဖည္မွပဲ ဆမ ျပန္ေပးမွာ။ မျဖည္ရင္ အဲဒီလိုပဲ ခိုးေၾကာင္ခိုးဝွက္ပဲေနရမွာ” ဟု ၎က ဆက္လက္ေျပာသည္။

အမည္ပ်က္စာရင္း (Blacklist) မွ ပယ္ဖ်က္ခြင့္ ရရွိပါကလည္း ေဆးကုသခြင့္လက္မွတ္(ဆမ)ျပန္ လည္ ေလွ်ာက္ရ မည္ျဖစ္ၿပီး ဆမျပန္လည္ရရွိရန္ စာေမးပြဲျပန္လည္ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။ “စာေမးပြဲဆိုတာက ေဆးမကုတာ (၃)(၄)ႏွစ္ရွိၿပီဆိုေတာ့ ေဆးဝါးကုသခြင့္ေတြနဲ႔ အကြၽမ္းတဝင္ရွိေသးရဲ႕လားဆိုတဲ့ စာေမးပြဲတစ္ခု စစ္မယ္ေျပာတယ္။ ျမန္မာႏိုင္ငံ ေဆးေကာင္စီက။ အဲဒီဟာေအာင္ျမင္မွ ဆမျပန္ရမွာဆိုေတာ့ အဲဒီအဆင့္ေတြပါ ခံထားတဲ့အတြက္ ကြၽန္ေတာ့္အျမင္ကေတာ့ ျဖည္သင့္တဲ့ဘက္မွာရွိ တယ္” ဟု ၎ကဆက္ေျပာသည္။
အမည္ပ်က္စာရင္း (Blacklist) ေျဖေလွ်ာ့ခြင့္ ေလွ်ာက္ရာတြင္ တာဝန္က်ခဲ့သည့္က်န္းမာေရးဌာနမွ ဘုတ္အဖြဲ႕မွေမးျမန္းသည့္ ေမးခြန္းေပါင္း(၂၀)ေက်ာ္ ထြက္ဆိုရန္လိုအပ္ၿပီး ဝန္ခံကတိလက္မွတ္ထိုးကာ က်န္းမာေရးဝန္ႀကီးဌာနသို႔ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
“Blacklist ျဖည္ဖို႔ကိုလည္း ေတြ႕ကရာေနရာကေန စာလွမ္းတင္လို႔မရဘူး။ သူတို႔ကိုယ္တိုင္လာ ေတြ႕ရတာ။ ေတြ႕မွျဖည္လို႔ရတာ။ ေနာက္ဆုံး တာ ဝန္က်ခဲ့တဲ့ ၿမိဳ႕နယ္မွာ အဲဒီေဆး႐ုံေတြ မဖြင့္ေတာ့ ဘူး ဆိုရင္ ၿမိဳ႕နယ္ကေန တိုင္းေပါ့ေနာ္။ ၿမိဳ႕နယ္ကအဆင္ မေျပဘူးဆိုရင္ ခ႐ိုင္ေပါ့ေနာ္။ ခ႐ိုင္မွာ လတ္တေလာ ပိတ္ထား တယ္ဆိုရင္ တိုင္းမွာလာစစ္ေပါ့ေနာ္။ သတင္းပို႔။ ပို႔ၿပီးေတာ့ ေရွ႕မွာအစစ္ခံရေသးတယ္။ ဘယ္အခ်ိန္ကေန ဘယ္အခ်ိန္ထိ လုပ္ခဲ့တာလဲ။ အကုန္လုံး ေမးခြန္းေပါင္း (၂၂) ခုေမးၿပီးေတာ့ ဘာတစ္ခုနဲ႔မွ မၿငိမွ အေပၚကို Blacklist ျဖည္ဖို႔ တင္ေပးတာ။ လြယ္လြယ္နဲ႔ေတာ့ ျဖည္ေပးေနတာ မဟုတ္ဘူး” ဟု ၎က ဆက္ေျပာသည္။

Picture

Aung Aung

17/03/2025 22:51

နိုင်ငံပျက် ပြည်သူတွေဒုက္ခရောက် ကောင်းကျိုးဆိုတာ မရှိသလောက်ပါဘဲ အာဏာရူးတို့ရာ 😡

Related news

© 2021. All rights reserved.